စာလုပ်နေတဲ့အချိန်မှာ မအိပ်ချင်အောင် ဒီ(၁၀)ချက် လုပ်ကြည့်မယ်

တော်တော်များများက စာလုပ်နေရင် အိပ်ချင်လာကြပါတယ်.... ဒီလိုစာလုပ်နေတဲ့အချိန်မှာ မအိပ်ချင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာလေးကို ပြောပြပေးချင်ပါတယ်...

(၁) စာလုပ်ရင် မီးရောင်မှိန်တဲ့နေရာမျိုးမှာမလုပ်ပါနဲ့.... ။ညဘက်တွေဆို မီးရောင်ကို နည်နည်းလျော့ပြီး 
     လုပ်လေ့ရှိကြပါတယ်....။ အဲ့လိုမီးရောင်မှိန်နေရင် အိပ်ချင်စိတ်တွေဖြစ်လာပါလိမ့်မယ်.... ။ဒါကြောင့် စာလုပ်ပြီဆိုရင်
     မီးရောင်လင်းလင်းထင်းထင်းဖြစ်တဲ့ နေရာမျိုးမှာလုပ်ပါ။ မီးတွေကို အရမ်းလင်းနေအောင်ထွန်းထားပေးပါ.... ဒါမှ
     မျက်စိလည်းကျယ်ပြီး မအိပ်ချင်မှာ.....။

                 

(၂) စာလုပ်တဲ့အခါ စာကြည့်စားပွဲမှာပဲ ထိုင်လုပ်ပါ။ အိပ်ယာပေါ်မှာလှဲပြီးလုပ်တာမျိုး၊ ဆိုဖာပေါ်မှာလှဲပြီး
     လုပ်တာမျိုးတွေကို ရှောင်ပေးပါ။ ဖြစ်နိုင်ရင် သက်တောင့်သက်သာဖြစ်တဲ့နေရာမျိုးမှာမလုပ်ပဲ
     စာကြည့်စားပွဲမှာပဲ ထိုင်လုပ်တာက အကောင်းဆုံးပါ။

                   

(၃) သီချင်းနားထောင်ပေးပါ....။ စာတွက်တဲ့အခါမျိုးမှာ သီချင်းနားထောင်ပြီးတွက်တာကလည်း စိတ်ကို 
     ကြည်လင်လန်းဆန်းစေပါတယ်။ စာကြည့်ရင်းအိပ်ချင်လာတဲ့အခါမျိုးမှာလည်း စိတ်ကိုလန်းဆန်း
     တက်ကြွစေမဲ့ သီချင်းမျိုးကိုပဲ ရွေးပြီးနားထောင်ပေးပါ....။

                                       

(၄) ဗိုက်တင်းစေမဲ့ အစားအစာမျိုးတွေမစားတာကောင်းပါတယ်....။ ဘာလို့လဲဆိုတော့ ဗိုက်အရမ်းတင်းသွားရင်
    အိပ်ချင်လာတတ်လို့ပါ....။ ဥပမာ - ဟမ်ဘာဂါတို့ ပီဇာတို့၊ အာလူးချောင်းကြော်တို့ စတဲ့ အဆီအစိမ့်များတာ  
    တွေကို မစားတာအကောင်းဆုံးပါပဲ.....။

                    

(၅) စားပွဲတင်ပန်ကာမျိုးကို မသုံးပါနဲ့....။ ဘာလို့လဲဆိုတော့ လေက မျက်နှာတည့်တည့်ကိုလာရင်
     အိပ်ချင်စိတ်တွေဖြစ်လာပါလိမ့်မယ်....။

                        

(၆) ရေကိုများများသောက်ပေးပါ...။စာလုပ်နေတဲ့အချိန်မှာ hydrated ဓာတ်လိုအပ်ပါတယ်....။
     ဘာလို့လဲဆိုတော့ hydrated ဓာတ်မရှိရင် သင့်ကိုပင်ပန်းစေမယ်။ ပင်ပန်းတော့ အိပ်ချင်လာမယ်...။
     ညဘက်စာလုပ်ရင် ရေဘူးကိုလက်ကကိုင်ပြီး ပုံမှန်သာရေသောက်ပေးပါ....။

                     

(၇) စပြီး အိပ်ချင်စိတ်ဖြစ်လာပြီဆိုရင် လမ်းထလျှောက်ပြီးစာကျက်ပါ။ ဒီလိုလုပ်ပေးတာက
      အိပ်ချင်စိတ်ကိုလျော့ကျစေပါတယ်....။ နောက်ပြီး အာရုံစူးစိုက်နိုင်စွမ်းလည်း မြင့်တက်စေပါတယ်...

                                       

(၈) နောက်တစ်ခုက စာကိုအကျယ်ကြီး အော်ဆိုလိုက်ပါ....။ ဒီလိုလုပ်ပေးတာက အိပ်ချင်စိတ်ကိုပျောက်စေပြီး
     စိတ်လည်းတက်ကြွစေပါတယ်....။

                   

(၉) အုပ်စုလိုက်စာလုပ်တာကလည်း တစ်ယောက်ထဲလုပ်တာထက်စာရင်ပိုကောင်းပါတယ်...။
      အုပ်စုလိုက်စာလုပ်တာဆိုတော့ အိပ်ချင်စိတ်လည်းသိပ်မဖြစ်တော့ဘူး....။

                   

(၁၀) စာမေးပွဲရှိလို့စာလုပ်မယ်ဆိုရင် စာမလုပ်ခင်တစ်ရက်မှာ အိပ်ရေးဝအောင်အိပ်ထားပါ....။ နောက်နေ့မှာ
       လန်းလန်းဆန်းဆန်းနဲ့ စာလုပ်နိုင်ဖို့ စိတ်ကြည်လင်ဖို့အတွက် အိပ်ရေးဝဖို့ကလည်း အရမ်းအရေးကြီး
       ပါတယ်နော်....။ ကျန်းမာတဲ့ခန္ဓာကိုယ်အတွက် တစ်နေ့ကို အနည်းဆုံး ၈ နာရီအိပ်ပေးဖို့လိုအပ်ပါတယ်....။