လူကောင်သေးသေးကောင်မလေးတွေအတွက်Ariana Grande ရဲ့Fashion များ

အသံချိုချိုလေးတွေနဲ့ကီးအမြင့်တွေကို နားထောင်ကောင်းအောင်သီဆိုတတ်တဲ့ အဆိုတော်မလေး Ariana ဟာ သူမရဲ့တသီးတသန့်ဆန်ပြီး ထူးခြားတဲ့ ဖက်ရှင် အပြင်အဆင်တွေနဲ့လည်းဖမ်းစားတတ်ပါသေးတယ်။ သူမဟာ ဆံနွယ်ရှည်ကြီးကို pony tale အမြဲစည်းထားလေ့ရှိပြီး over knee boots တွေကိုစီးလေ့ရှိပါတယ်။ သူမရဲ့MTV တစ်ပုဒ်ထွက်လိုက်ရင်လဲ သူဘယ်လိုဖက်ရှင်တွေများဝတ်မလဲဆိုပြီး အားလုံးက စောင့်ကြည့်ကြရတာပါ။ ဒီဆောင်းပါးမှာတော့ Ariana ရဲ့ဖက်ရှင်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

၁. Fitting ဂါဝန်လေးတွေ

Ariana Grande Fit And Flare Dresses

Ariana ရဲ့စတိုင်လ်က လုံးဝ မိန်းကလေးဆန်ပြီး လွတ်လပ်ပေါ့ပါးတဲ့ အသည်းယားစရာကောင်မလေးပုံစံမျိုးပါ။ အပေါ်ပိုင်းခန္ဓာကိုယ်အကြပ်ကို အောက်ပိုင်းကားသွားတဲ့ ဂါဝန်လေးတွေ သူမဝတ်ဆင်လေ့ရှိပါတယ်။ ပွဲလည်းတိုးမယ်၊ လူငယ်လည်းဆန်မယ် ဆိုတဲ့ ပုံစံမျိုးလေးတွေပေါ့။ 

၂. Crop tops and Bralettes

Ariana Grande Crop Tops And Bralettes

Ariana ဟာ သူမရဲ့ခန္ဓာကိုယ်သေးသေးလေးနဲ့လိုက်ဖက်အောင် crop top နဲ့bralette တွေကိုဝတ်လေ့ရှိပါတယ်။ sport type bra တွေထက် မိန်းမဆန်ပြီး ချစ်ဖို့ကောင်းတဲ့ bralette တွေကို သူမဝတ်ပါတယ်။ ဇာနဲ့ပန်းပွင့်လေးတွေပါတဲ့ ရင်အဟိုက်လေးတွေ၊ ကြိုးတစ်ချောင်လေးတွေဟာ သူမရဲ့စတိုင်လ်ပါပဲ။ ဒီလို crop top တွေကို ခါးအမြင့် စကပ်တွေ၊ ဘောင်းဘီတွေနဲ့ဝတ်တာက ရေပန်းစားပါတယ်။ 

၃. ဝမ်းဆက်

Ariana Grande Co Ords

မကြာခဏ ဒီလို ဝမ်းဆက်တွေကို သူမဝတ်ဆင်တတ်ပါတယ်။ သူမဝတ်တဲ့ဝမ်းဆက်တွေမှာ Crop top နဲ့mini skirt တွေ၊ Mini skirt နဲ့Jacket တွေ ဝတ်လေ့ရှိပါတယ်။ တည်ငြိမ်ပြီး သပ်ရပ်တဲ့ စတိုင်လ်မျိုးလေးပေါ့။

၄. သားရေ

Ariana Grande Leather

ပြီးခဲ့တဲ့နှစ်တွေတုန်းက Ariana ဟာသူမရဲ့ဖက်ရှင်တော်တော်များများမှာ သားရေသားတွေ တွဲဖက်ဝတ်ဆင်ထားတာ တွေ့ရပါတယ်။ သူမရဲ့မူရင်းပုံစံကိုမပျောက်စေဘဲ ရင့်ကျက်တဲ့ ပုံစံလေးရအောင် ဒီဇိုင်းမျိုးစုံထွင်ပြီး ဝတ်ထားပါတယ်။ သူမဝတ်နေကျ ဂါဝန်လေးပေါ်မှာ သားရေဂျာကင်အမဲရောင်လေးဝတ်တာတို့၊ အနီရောင်သားရေသား ဝမ်းဆက်တို့ ပုံစံအမျိုးမျိုးနဲ့မြင်ရမှာပါ။ သူမရဲ့ဖက်ရှင်တွေက လုံးဝအထာကျပြီး ဆွဲဆောင်မှုရှိနေရောပဲ။

၅. တစ်ချောင်းတည်းဒေါက်

Ariana Grande Platform Heels

Ariana ဟာ အရပ် 153 cm (5.02ft) ပဲရှိတာဆိုတော့ သူတို့နိုင်ငံရဲ့အနေအထားနဲ့ဆိုရင် တော်တော်ပုတာပေါ့နော်။ ဒါပေမဲ့ သူမကိုကြည့်လိုက်ရင် သိပ်မပုသလိုပဲ ခံစားရတယ်မလား။ သတိထားကြည့်ရင် သူမရဲ့အရပ်ကလေးကို မသိသာစေဖို့ဒေါက်တွေကို အမြဲစီးထားတာ တွေ့ရမှာပါ။ သူမက ဒီလို တစ်ချောင်းဒေါက်တွေကို ဂါဝန်အတိုလေးတွေ၊ စကပ်အတိုလေးတွေနဲ့ပဲ တွဲဝတ်လေ့ရှိပါတယ်။ ဒီလိုဝတ်တာက ခြေတံတွေကို ပိုသွယ်တယ်လို့ထင်ရစေတယ်လေ။

၆. ကြောင်နားရွက်ဘီးကုတ်

Ariana Grande Cat Ears

Ariana ရဲ့ချစ်စရာကောင်းတဲ့ စတိုင်လ်က အဝတ်အစားတွေတင်မက accessory ပါ ချစ်စရာကောင်းတာပါ။ ကြောင်နားရွက်ဘီးကုတ်လေးက သူမရဲ့သင်္ကေတလိုတောင်ဖြစ်နေပါပြီ။ 

၇. Oversize Hoodie

Ariana Grande Oversized Jumpers

သူမ ဖျော်ဖြေနေတဲ့အချိန်မဟုတ်တဲ့ ပုံတွေမှာဆို သူမရဲ့လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်လေးတွေကို တွေ့နိုင်ပါတယ်။ ချစ်စရာကောင်းပြီး လွတ်လပ်တဲ့ပုံလေးရဖို့ oversized shirt, hoodie, jumper, jacket တွေကို သူမဝတ်တတ်ပါတယ်။ ဒီလို ပေါ့ပါးတဲ့ဖက်ရှင်ကို ခြေတံရှည် ဘွတ်ဖိနပ်တွေနဲ့တွဲဝတ်တတ်တာလည်း သူမရဲ့ထူးခြားတဲ့ ဖက်ရှင်တစ်မျိုးပါပဲ။

၈. Micro skirt

Ariana Grande Micro Skirts And Dresses

Mini skirt တွေဝတ်တာအားမရလို့micro skirt တွေပါ ထပ်ဝတ်လိုက်ပါသေးတယ်။ တင်ပါးနားထိတိုနေတဲ့ စကပ်လေးတွေက သူမရဲ့ခြေထောက်လေးကို ပိုပြီး သေးသွယ်ရှည်လျားတဲ့ ပုံစံဖြစ်စေပါတယ်။ သူမဒီလို စကပ် တိုတိုလေးဝတ်တာတောင် ကြည့်ရမဆိုးဘဲ ချစ်ဖို့ကောင်းနေတုန်းပါပဲ။

Ariana ရဲ့လူကြိုက်များပြီး ရေပန်းစားတဲ့ fashion တွေကိုလည်းဖော်ပြပေးပါမယ်နော်

Image result for ariana grande 7 rings fashion

From 7 Rings MTV (ဒီနှစ်သင်္ကြန်မှာ ဒီလို ပလပ်စတစ်ခါးပတ်အိတ်လေးတွေ ခေတ်စားနေပြီလေ)

 Related image

From Thank you Next MV (လူကြိုက်များနေတဲ့ Mini skirt အကွဲ)

Image result for ariana grande no tears left to cry fashion

From no tears left to cry mv (Cargo Pants တွေပြန်ခေတ်စားလာပြီ)

Image result for ariana grande outfit fashion

Related image

Ref; TheTrendSpotter

Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။