ရင်သားဖော်မိလို့ ထောင်ကျခဲ့ရတဲ့ တစ်ခေတ်တစ်ခါက သင်္ကြန်ကာလ

ငယ်ငယ်ကတည်းက ကြားဖူးတဲ့သတင်းတစ်ပုဒ်ပါ။ ပုံထဲက အမျိုးသမီးဟာ ကျွန်တော်တို့ အဖွားအရွယ်ပေါ့။ အဲ့ဒီအဖြစ်အပျက်ဖြစ်တာက ရပ်ကွက်ထဲက သင်္ကြန်ပွဲမှာတဲ့။

သူက ကလေးအမေပါ။ ဖော်ရွေတယ်။ သဘောကောင်းတယ်။ ရေပက်ခံထွက်ဖို့အသွား ရပ်ကွက်ထိပ်ရောက်တော့ ရေပက်နေတဲ့ ကာလသားတစ်သိုက်နဲ့တွေ့တယ်။ အဲ့ဒီမှာ ( ဘာသဘောနဲ့မှတော့မဟုတ်၊ အပျော်လွန်ရုံသက်သက် ) ပဲ အမျိုးသမီးက သူမရဲ့ အင်္ကျီကို ပင့်ပြလိုက်တယ်။ ဘာလို့လုပ်မှန်းမသိပေမယ့် ဒီလိုတော့မလုပ်သင့်တာအမှန်ပါ။

အဲ့ဒီခေတ်က မဆလအစိုးရအုပ်ချုပ်တဲ့အချိန် ... မြန်မာ့ရိုးရာယဉ်ကျေးမှု ဆိုတဲ့စကားလုံးကို တွင်တွင်ကျယ်ကျယ်သုံးနေချိန် .. ခြေသလုံးသား၊ လက်မောင်းသားလေး ပေါ်ရင်တောင် ရှက်စရာလို့ထင်ကြတဲ့အချိန်ပါ။ အဲ့ဒီလို အင်္ကျီပင့်ပြတဲ့ အမျိုးသမီးပုံကို သတင်းထောက်က သေသေချာချာဓာတ်ပုံရိုက်ပြီး မဂ္ဂဇင်းထဲ ထည့်လိုက်တယ်။

သတင်းစာတိုက်ကလည်း ရောင်းကောင်းလိုတဲ့စိတ်နဲ့ မျက်နှာတွေ၊ ဖျက်ရမယ့်အစိတ်အပိုင်းတွေမဖျက်ပဲ ဒီအတိုင်းထည့်ပေးလိုက်တယ်။ အကျိုးဆက်ကတော့ အာဏာသိမ်းပြီးခါစ ဒေါသကြီးတဲ့ ဦးနေဝင်းအစိုးရနဲတွေ့သွားတယ်။ အစိုးရက မြန်မာနိုင်ငံယဉ်ကျေးမှုကို ကလန့်တိုက်တယ်ဘာညာ လုပ်ပြီး ဓာတ်ပုံနဲ့တိုက်ဖမ်းတယ်။ အဲ့တော့ အမျိုးသမီးထောင်ကျသွားတယ်။

အခုထက်ထိ ထောင်ကျသွားတဲ့အမျိုးသမီးရဲ့ သား မြေးတွေ မြန်မာနိုင်ငံမှာရှိတယ်။ သူ့မြေးတစ်ယောက်ဆို မြန်မာနိုင်ငံက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်စာရင်းထဲပါတယ်။ တကယ်တော့ အဲ့ဒီအမျိုးသမီးဟာ လူ့အဖွဲ့အစည်းထဲ ခွင့်မလွှတ်နိုင်တဲ့အပြစ်ကို ကျုးလွန်ခဲ့တာမဟုတ်ပါဘူး။ အခြေအနေအချိန်အခါအရ အပျော်လွန်သွားလို့  ယဉ်ကျေးမှုဆိုတဲ့ စည်းမျဉ်းကို ချိုးဖောက်မိရုံပါ။

သတင်းစာအနေနဲ့ မျက်နှာ နဲ့ မဖော်ပြသင့်တဲ့အစိတ်အပိုင်းတွေမှန်း သိပါရဲ့နဲ့ ကိုယ့်သတင်းစာရောင်းကောင်းဖို့ လုပ်မိတော့ ကာယကံရှင်လည်းထောင်ကျ၊ သူကွယ်လွန်ပြီးချိန်မှ ပုံတွေပြန်တက်လာတော့ သားတွေ၊ မြေးတွေလည်း တော်တော်လေးရှက်ကြမှာပါပဲ။

ကိုယ့်သွေးသားရင်းတစ်ယောက်ရဲ့ပုံကို ဒီလိုပြန်မြင်ရတဲ့အခါ ဘယ်သူမှတော့ စိတ်ကောင်းမှာ မဟုတ်ပါဘူး။ ကာယကံရှင်ကိုယ်တိုင်မှားခဲ့တာမှန်ပေမယ့် ကျင့်ဝတ်မစောင့်စည်းတဲ့သတင်းစာကိုယ်တိုင်ကြောင့် ဘာမှမဆိုင်တဲ့သူတွေပါ ဆွေစဉ်မျိုးဆက်အရှက်ရကြတယ်။

ဟိုအရင် မဆလ ခေတ်မှာ ရင်သားဖော်မိတာကို နိုင်ငံတော်ပုန်ကန်မှုလောက် သဘောထားပြီး ပြောဆိုကြပေမယ့် ခုခေတ်မှာတော့ ရင်သားတွေ၊ တင်သားတွေဖော်တယ်ဆိုတာ ရိုးနေပြီဖြစ်တဲ့ .. ထမင်းစားရေသောက်လောက်သာ သဘောထားတော့တဲ့ ကိစ္စပါ ...

ခေတ်ကာလ နဲ့ ယဉ်ကျေးမှုတွေပြောင်းလာတာလည်းပါတာပေါ့ ...

Gabriel

 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။