ကိုရီးယားအနုပညာရှင်တွေရဲ့ မပြီးဆုံးနိုင်သေးသော GP Chat ပြသနာဖော်ထုတ်ခန်း

February 26 ရက်နေ့မှာ စတင်ပြီး တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေတဲ့ Gp Chat အရူတ်တော်ဟာ ခုချိန်ထိတိုင်အောင် မီဒီယာတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီးတော့ သံသယရှိသူများကို စုံစမ်းစစ်ဆေးမူတွေပြုလုပ်နေဆဲဖြစ်ပါတယ်။

ဖမ်းဆီးခံလိုက် ရပြီ ဖြစ်တဲ့  ကိုရီယားမင်းသားချောလေး jung joon young ရဲ့ ထွက်ဆိုချက်အရ သူတို့ GP Chat မှာ Member 16  ယောက်ပါဝင်တယ်လို့သိရှိရပြီး ဒီနေ့မှာလည်း အဆိုတော်အနုပညာရှင်တွေဖြစ်ကြတဲ့  Roy Kim , Eddy Kim နဲ့ Choi Jong Hoon တို့ဟာ သူတို့ကိုယ်တိုင် ရိုက်ကူးထားတဲ့  ဓာတ်ပုံတွေအပြင် တစ်ဆင့် share ထားကြတဲ့ Sex Tape Video တွေ ဖြန့်ခဲ့တယ်လို့ တရားဝင်ဝန်ခံခဲ့ပါတယ်။

ဒါ့အပြင် Bigbang အဖွဲ့ဝင် seungri  ရဲ့ဖြေရှင်းချက်တွေကလည်း တဆင့်တဆင့် ဝန်ခံလာပြီဖြစ်သလို  တရားမဝင် ပြည့်တန်ဆာရောင်းစားမှု , ငွေကြေးအလွဲသုံးစားမှု , ကာမဓာတ်ပုံဖြန့်ဝေမှု နှင့် လူ့သုံးကုန်ဥပဒေချိူးဖောက်မူ တို့နှင့် တရားစွဲဆိုထားခံရပါတယ်။

သူရဲ့ Burning Sun Club ကလည်း နိင်ငံတကာ ဒုစရိုက် ဂိုဏ်းတစ်ခု ပါဝင်ပက်သက်နေတာဖြစ်ပြီး ဒီအတွက်လည်း ဖော်ထုတ်ဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။ဘယ်သူတွေ ထပ်ပြီး ပါဝင်ပက်သတ်နေလဲဆိုတာ တောင်ကိုရီးယားရဲ့ ရဲတပ်ဖွဲ့ဝင်တွေကလဲ သူတိုနဲ့ပက်သတ်နဲ့ အနုပညာရှင်တွေကို လျိုဝှက်စုံစမ်းနေတယ်သိရပါတယ်။

Jung Joon yoong ရဲ့အရင်းနှီးဆုံး သူငယ်ချင်းဖြစ်ခဲ့ပြီး အမှုတွေမှာ ပါဝင်ပက်သတ်လာတဲ့ Roy Kim

အဆိုတော် eddy Kim

မိန်းကလေးတွေ သည်းသည်းလူပ်ကြိုက်ခဲ့ကြတဲ့  Choi Jong Hoon
Sources- Soompi

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။