အတာအိုးနှင့်အတာပန်းအကြောင်းသိကောင်းစရာများ

သင်္ကြန်တွင်းမှာ သိကြားမင်းက လူ့ပြည်ကို ဆင်းလာတယ်လို့ အယူရှိပါတယ်။ သိကြားမင်းကိုစောင့်ကြိုသည့်အနေဖြင့် သင်္ကြန်မကျခင် ကြိုတင် ပြင်ဆင်ရသည့်အိုးကို အတာအိုးဟု ခေါ်ပါတယ်။ (၇)ရက်သားသမီးတို့အတွက် ရည်ရွယ်၍ ပန်း ၇-မျိုးဖြစ်စေ၊ အညွန့် ၇-မျိုးဖြစ်စေ ရေပြည့်အိုးမှာ ထိုးလေ့ ထည့်လေ့ရှိကြပါတယ်။

Related image

“အတာ” ဆိုသည်မှာ ‘ဒဏ်သင့်ခြင်း’ ဖြစ်တယ်၊ တစ်နည်းအားဖြင့် ‘အန္တ-အဆုံး’ဟူသော ပါဠိပုဒ်မှ ‘အတာ’ ဖြစ်လာတယ်လို့လည်း ဆိုကြပါ။ ထို့ကြောင့် “အတာ”ဟူသည် ‘နောက်ဆုံးကာလ၊ အကျပိုင်းကာလ’ကို ဆိုလိုပါတယ်။

အညာနယ်ဘက်မှာတော့ သင်္ကြန်ကျသည်နှင့်တပြိုင်နက် အတာအိုးမှ ရေကို သွန်၍ သင်္ကြန်ပန်း၊ သင်္ကြန်အညွန့်တို့ကို အိမ်ဦး ဝင်းထရံ စသည်တို့၌ ထိုးစိုက်ကာ နှစ်သစ်မှာ ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာဖို့ ဆုတောင်းဆုယူ ပြုကြလေ့ရှိပါတယ်။ သင်္ကြန်တွင်းမှာ မကောင်းမှု တတ်နိုင်သမျှမလုပ်ဘဲ ကောင်းမှု ကုသိုလ်နဲ့ပဲမွေ့လျော် ကြပါတယ်။

Related image

အတာအိုးနဲ့ အတူ အတာပန်းဆိုတာရှိပါတယ်။ အတာပန်းတွေကတော့

တနင်္ဂနွေဆို အ-ဥ -အုန်းရွက်၊သြဇာရွက်

တနင်္လာအတွက်ဆို က -ခ-ဂ-ဃ-င ထဲက ကန့်ကော်ပန်း၊ခရေ

အင်္ဂါဆို ဇီးရွက်

ဗုဒ္ဓဟူးဆို ရွက်လှ၊ရေတမာ

ကြာသပတေးဆို မြေဇာ၊မာလကာရွက်

သောကြာဆို သပြေပန်း

စနေဆို တမာရွက်၊ ဒန်းပန်း

အစရှိသဖြင့် နေ့ ၇ နေ့ကိုကိုယ်စားပြုတဲ့ ၇ နေ့နံပန်းနဲ့ပါ။ တစ်ချို့ကလဲ ပတ်ဝန်းကျင်ပေါ်မူတည်ပီး ဒန်း၊ ဇီး၊ စသည်ဖြင့် ထည့်ကြတယ်။ သင်္ကြန်၄ရက်လုံး အတာအိုးနဲ့ကြိုပီး နှစ်ဆန်းတစ်ရက်နေ့ရောက်တော့ သဲဖြူ၊ ချည်ကြိုးတွေထပ်ဖြည့်ပီး အန္တရာယ်ကင်း ပရိတ်ရွတ်ကြတဲ့အခါ “အတာအိုး” နဲ့ “အတာပန်း” ကနေ “ပရိတ်အိုး” နဲ့ “ပရိတ်ပန်း” အဖြစ် အသွင်ကူးပြောင်းပီး မိမိတို့အိမ် ပတ်ပတ်လည်မှာ “ပရိတ်ပန်း” “ပရိတ်သဲ” တွေနဲ့ ကာရံပီး အန္တရာယ်ကင်းအောင် လုပ်လေ့ရှိကြပါတယ်။

Ref ; Myanmar Gazette

Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။