ဘီယွန်းဆေးအမွှာ (၂) ယောက်မွေးပြီး ဘာဆက်ဖြစ်သွားလဲ

R&B အဆိုရှင် ဘုရင်မကြီးတစ်ယောက်ဖြစ်တဲ့ Beyonce ဟာ အမွှာလေး ၂ ယောက်မွေးဖွားခဲ့ပြီးနောက် သူမရဲ့ ဆန်းသစ်တဲ့ Music ပုံစံတွေ ဆက်လက်ဖန်တီးခြင်းဟာ ဘယ်တော့မှ ရပ်တန့်လို့သွားမှာ မဟုတ်ဘူးဟု ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိမကြာသေးခင်က သူမရဲ့ မိသားစုဝင်ဖြစ်လာတဲ့ သူမရဲ့ အချစ်တော်အမွှာလေး ၂ ယောက်ဟာ သူမကို စိတ်ခွန်းအားတွေ မြင့်တင်ပေးနိုင်တဲ့ ဘုရားပေးတဲ့ဆုလာဘ်တစ်ခုဖြစ်ပြီး သူတို့တွေကြောင့် ပိုမိုဆန်းသစ်တဲ့ သီချင်းပုံစံတွေ ရေးသားနိုင်ဖို့ စိတ်အားထက်သန်ခဲ့ပါတယ်လို့သိရပါတယ်။


 
ဇွန်လ ၂၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ BET Awards 2017 ဆုပေးပွဲကြီး မှာ သူမရဲ့ Nominations (7) ခုထဲက (5)ခုကို
ဖြစ်တဲ့ Best Female Artist, Album of the Year, Video of the Year, Video Director of the Year နဲ့ Viewers' Choice Award ဆု ရရှိခဲ့ပြီး Beyoncé တစ်ယောက် ဆုပေးပွဲကို တက်ရောက်နိုင်ခဲ့ခြင်းမရှိတဲ့အတွက်ကြောင့်  Parkwood Entertainment က အဆိုတော်လေးနှစ်ဦးဖြစ်တဲ့ Chloe and Halle Bailey တို့က Viewers' Choice Award ဆုလက်ခံရယူနေစဉ် သူမကိုယ်စား သူမရဲ့ ကျေးဇူးတင်စကားကို ဖတ်ကြားပေးခဲ့ပါတယ်။


 
အောင်မြင်မှုပြင်းထန်လွန်းတဲ့ Beyoncé တစ်ယောက် သူမရဲ့ နောက်ထပ်အသစ်ထွက်ရှိလာမယ့် Album အသစ်ဟာ ၂၀၁၈ Coachella တေးဂီတပွဲမတိုင်ခင် ထွက်နိုင်အောင်ပြင်ဆင်သွားမယ်လို့သိရပါတယ်။

ကဲ …. BeyHive တွေအားလုံးအတွက် သူမ ရဲ့ အသစ်သစ်တွေဘယ်လိုတွေ ပြင်ဆင်ချပြမလဲဆိုတာ အရမ်းကိုရင်ခုန်စရာကောင်းတဲ့ မျှော်လင့်ချက်လေးတစ်ခုပါပဲနော်။