ကမ္ဘာမှာ ဘယ်အနုပညာရှင်မှမယှဉ်နိုင်တော့တဲ့သူတွေ ဖြစ်လာတဲ့ BTS

Kpop အဆိုတော်တွေထဲမှာ အနောက်တိုင်းဂီတဘက်ကိုဝင်ရောက်လာနိုင်ပြီး တစ်ကမ္ဘာလုံးက ပရိသတ် ARMY တွေရဲ့ အချစ်တွေရရှိထားတဲ့ BTS အဖွဲ့က မနေ့က April 12 ရက်နေ့မှာ သီချင်းသစ် Boy With Luv MV လေးထွက်ရှိလာခဲ့ပါတယ်။

ဒီသီချင်းကို အဆိုတော် halsey နဲ့အတူ collaboration လုပ်ခဲ့တာဖြစ်ပြီး ထွက်ရှိပြီးချင်းမှာ 10 M viewers ကို အမြန်ဆုံးရနိုင်တဲ့ အနုပညာရှင်အဖြစ်စံချိန်စတင်ခဲ့ပြီး တစ်ရက်အပြည့် 24 Hr မှာ viewers 78M နဲ့ 6.6 M likes ရရှိပြီး ကမ္ဘာမှာ ထွက်သမျှ MV တွေထဲမှာ တစ်ရက်အတွင်း ကြည့်ရူသူအများဆုံး ပထမဆုံး MV အဖြစ်BTS "Boy with luv" ကရရှိခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ 5 ရက်နေ့မှာ ထွက်ရှိထားတဲ့ BLACKPINK အဖွဲ့ရဲ့ Kill This Love MV ကလည်း တစ်ရက်အတွင်း ကြည့်ရှူသူ 57 သန်းနဲ့ ပတမဆူံးစံချိန်တင်တဲ့ အမျိုးသမီးအဆိုတော်အဖွဲ့ဖြစ်လာခဲ့ပါတယ် ။ ကမ္ဘာမှာ ဒုတိယကြည့်ရှူသူများဆုံးစံချိန်တင်သွားတာပါ။ 

BTS က Map of Soul" Album ရောင်းချမူက 1.6 Million Sales ရှိခဲ့ပြီး ပါဝင်တဲ့ သီချင်းအကုန်လုံးက U.S iTunes Top 1 to 10 အထိ ဝင်ခဲ့ပါတယ် 

iTunes WorldWide Album chart နဲ့ iTunes Song chart မှာ No.1 ချိတ်ပြီး  iTunes ရဲ့ ၆၅ နိုင်ငံလုံးမှာပါ No.1 ရရှိခဲ့ပါတယ်။ Korea chart တိုင်းမှာ No.1 နဲ့ All Kill 18 ကြိမ်ရခဲ့ပါတယ်။

Spotify မှာလည်း 21 million နဲ့  stream amount ရခဲ့တယ်။

BTS က ကမ္ဘာမှာ ဘယ်အနုပညာရှင်မှ မယှဉ်နိုင်တဲ့ Artists တွေဖြစ်လာကြပါပြီ

ဂုဏ်ယူစရာသတင်းလေးပါဘဲ ARMY တို့ရေ

Sources- Billboards News 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။