သြင်္ကန်မှာ ကံဆိုးမူတွေကြုံရလို့ စိတ်ညစ်နေရတဲ့ အလင်းရောင်

တက်သစ်စအနုပညာရှင်ဖြစ်ကတည်းက ခုချိန်အောင်မြင်တဲ့ ခေါင်းဆောင်မင်းသားကောင်းတစ်ယောက်ဖြစ်သည့်တိုင် ပရိသတ်အားပေးကြမ်းကြတဲ့ အလင်းရောင်က ဒီနှစ် 2019 သြင်္ကန်မှာ ဆက်တိုက်ကံဆိုးနေရပါတယ်ဆိုတာ ရင်ဖွင့်လာခဲ့ပါတယ်။ 

ကံကိုက ဆိုးနေတာ စိတ်လေးတော့ကောင်းကောင်းထားပါတယ်ပထမဆုံးသြင်္ကန်ရက်မှာ နောက်ထပ်သင်ခန်းစာ လက်မှတ်လိမ်ရောင်းခံရလို့ တော်တော်မှဲ့နေပီ

အမယ် လိမ်ရောင်းတဲ့လူကို သူက ကိုယ့်ကို သေချာတွေလက်ပတ်လာပတ်ပေးနေတော့ ကျေးဇူးတွေတင်မိသေးတာ ၇-၃၀ pm ထဲက ယောက်ယက်ခက်နေတာ ဝင်လဲမဝင်ရပဲ ခုမှပြန်လာရပီ congrats fri

ဒီလတ်မှတ်လိမ်ရောင်းခံရတဲ့ အဖြစ်ပျက်မတိုင်မှီမှာလည်း ဖုန်းအခိုးခံလိုက်ရသေးတယ်လို့ သိရပါတယ်။

အလင်းရောင်အတွက် စိတ်မကောင်းဖြစ်ကြတဲ့ ပရိသတ်များရှိကြပြီး ပျော်ရွင်စရာ နှစ်သစ်ကူးသြင်္ကန်ကို ပျော်ပျော်ကြီးဆင်နွဲဖို့ အားပေးနေကြပါတယ် 

Sources- AlinnYaungLight 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။