ချောလွန်းလို့ ရွာပြင်ထုတ်ခံရသူ

ရုပ်ဆိုးလို့ရွာပြင်ထုတ်ခံရတယ်ပဲ ကြားဖူးတယ် .. ဘယ့်နှယ် သူ့ကျမှ ...

အရင်တုန်းကဆို လူကြီးတွေပြောတာနားထောင်ဖူးတယ် .. ရွာတွေမှာ ရုပ်အရမ်းဆိုးတဲ့သူတွေဆို စုန်းတို့၊ ဘီလူး တို့လို့သတ်မှတ်ပြီး ရွာထဲက နှင်ထုတ်ကြသတဲ့။ အဲ .. ချောတဲ့သူဆိုရင်တော့ ဖူးဖူးမှုတ်ကြတာပေါ့ ..

ဒီလူရဲ့အဖြစ်ကျတော့တစ်မျိုး ... သူက ချောလွန်းလို့ နှင်ထုတ်ခံရတဲ့သူ .. သူ့နာမည်က အိုမန် ဘော် ကန်အယ်လ် ဂါလာ လို့ခေါ်တယ်။ အနုပညာရှင်၊ ကဗျာဆရာ၊ ပန်းချီဆရာ၊ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာ .. သူက ဒူဘိုင်းမှာနေတဲ့သူပါ။ တစ်ရက်မှာ သူနဲ့သူ့သူငယ်ချင်းနှစ်ယောက်က ဆော်ဒီအာရေဗျ မှာ ကျင်းပတဲ့ ရိုးရာပွဲတော်တစ်ခုကို သွားကြသတဲ့။ ရိုးရာပွဲဆိုတော့ သိတဲ့အတိုင်း ပျိုပျိုအိုအိုတွေအကုန်လုံး ဝတ်ကောင်းစားလှဝတ်ပြီး လာကြတာပေါ့။ အဲ့မှာ ပြဿနာစတယ်။

အာဏာပိုင်တွေက ကိုလူချောသုံးယောက်ကိုမြင်သွားတယ်။ မမြင်လည်း မခံနိုင်ဘူး။ အရောင်စုံလူတွေကြားထဲမှာ သူတို့သုံးယောက်က ကွက်ပြီး တမန်တော်တွေလို ထင်းနေတာကိုး။ အဲ့ဒါနဲ့ အာဏာပိုင်တွေက ပွဲကျင်းပရေးကော်မတီတွေကို မေးတယ်။ ဒီကောင်တွေဘယ်ကလဲပေါ့။ ဒူဘိုင်း ကလာမှန်းလဲသိရော လေယာဉ်လက်မှတ်တွေဘာတွေစီစဉ်ပေးပြီး နေရပ်ပြန်ခိုင်းလိုက်တယ်။ အကြောင်းကတော့ ပွဲတော်လာ မိန်းမပျိုတွေက သူတို့သုံးယောက်ကိုပဲ အာရုံရောက်ပြီး ပွဲကို ဂရုမစိုက်နိုင်မှာ စိုးလို့တဲ့။ အက်ဒမင်ကတော့ သက်သက်ကြီး ဂျေဝင်တာလို့ပဲထင်တယ်။

အခုတော့ ဂါလာ တစ်ယောက် သရုပ်ဆောင်အလုပ်ဆက်တိုက်လုပ်ပြီး အောင်မြင်မှုတွေရနေပါပြီ။ နောက်ပြီး ချစ်သူဖြစ်တဲ့ ယက်စ်မင် နဲ့လက်ထပ်ပြီး သားလေးတစ်ယောက်တောင်ရနေပြီ။ အိမ်ထောင်သည်ပေမယ့် ချောလွန်းတဲ့ ဂါလာ ကို တစ်ကမ္ဘာလုံးက ကောင်မလေးတွေက အရှင်ရရအသေရရ ယူကြမှာပဲ။ ဒါပေမယ့် ဂါလာ က ယောကျာ်းကောင်းပီသသူပါ။ ဖောက်ပြန်တာတွေဘာတွေမရှိပဲ မိသားစုကို ခင်တွယ်တဲ့သူတဲ့။

ချောလွန်းလို့ ရွာပြင်ထုတ်ခံရသတဲ့ ... မိန်းမတွေပဲ ဂျေဝင်တတ်တယ်ထင်တာ .. ယောကျာ်းစစ်စစ်ဖြစ်ပြီး ဂျေဝင်တဲ့သူတွေလည်းရှိသား ... -__-

Gabriel
Source - Goodfullness



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။