ဖွေးဖွေး အကောင့်ပြဿနာကြောင့် ပိန်းဥတူးခံလိုက်ရသူများ

ပြည်သူချစ် အကယ်ဒမီမင်းသမီးဖွေးစိန်ရဲ့ အကောင့်ဟက်ခံရပါတယ် ဆိုပြီး SS တွေတစ်နေ့က တက်လာတယ်။ ကြည့်လိုက်တော့ ဖွဘုတ်ပေါ်မှာ တော်တော်နာမည်ကြီးနေတဲ့ ( ဇာတ်ပို့လို့ပဲပြောကြပါစို့ ) အနုပညာရပ်ဝန်းထဲက အမျိုးသမီးတစ်ယောက်နဲ့ပြောထားတဲ့အကြောင်းတွေ ... အဲ့ဒါကတော့ သူတို့ပါတဲ့ဇာတ်ကားတွေ အကြောင်းနဲ့ မြန်မာကားမကြည့်ဘူးပြောထားတဲ့သူတွေလာရင် ရုံပေါက်ဝကစောင့်ပြီး ပါးရိုက်မယ် လို့ပြောထားတာ ( အဲ့ဒါကတော့ ဟိုဇာတ်ပို့ ဆိုတဲ့အမျိုးသမီးပြောတာ )


ထားပါတော့ .. အဲ့ဒါတွေ ပြန်ပြီး မျှဝေသူတော်တော်များသွားတယ်။ ဒါပေမယ့် အဲ့ဒီ hack ထားပါတယ်ဆိုတာကောတ့ ပိန်းဥဖမ်းတာဖြစ်မယ်ထင်ပါတယ်။ ဒါမှမဟုတ်လည်း ဖွေးစိန်ကို မနာလိုလို့ သက်သက်ဖဲ့တာနေမှာပေါ့။ အမှန်ဆို ဖွေးစိန်က Daw Shwe YeeKo Oo  ဆိုတဲ့အကောင့်ကိုသုံးတာပါ။ Phway Phway အကောင့်ကတော့ သူ့ရဲ့ official page ပေါ့။ ဒါပေမယ့် ss ကပုံတွေအရ page လို့သတ်မှတ်ရလောက်တဲ့ icon မပါတာရယ်၊ ss တွေတက်လာတဲ့အချိန်က ၁၅ ရက်နေ့မနက်ဖြစ်ပေမယ့် ss ထဲမှာက ၁၅ ရက်ညပိုင်းဖြစ်နေတာရယ်ကြောင့် ပရိသတ်တော်တော်များများကတော့ ဒါကို ပိန်းဥတူးမှန်းသိကြပါတယ်။

တစ်ချို့ကတော့ ပိန်းဥတူးမှန်းမသိကြပါဘူး။ အဲ့ဒါကြောင့် မူရင်းလင့်မှာရော၊ တင်တဲ့မီဒီယာတွေကိုပါ သွားဆဲကြတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး ပရိသတ်တစ်ယောက်ရဲ့အမေးကို ဖွေးစိန်က အောက်ပါအတိုင်းလေးတုံ့ပြန်ခဲ့ပါတယ်။



ကဲ ... ဒီလောက်ဆိုသိကြပြီပေါ့။ နိုင်ငံကျော်မင်းသမီးတစ်ယောက်ဖြစ်တဲ့ ဖွေးစိန်အနေနဲ့ ပရိသတ်အပေါ် ဒီလိုသဘောထားမရှိဘူးဆိုတာ ယုံကြည်ပါတယ်။

အော် ... နောက်ပြီး ss ထဲမှာ ဖွေးစိန်နဲ့ပြောထားတဲ့ ( ဇာတ်ပို့အနုပညာရှင်ဆိုသူကြီး ) က FB မှာ ဖွေးစိန်နဲ့ friend တွေမဟုတ်ပါဘူးတဲ့ ...

ပြောပြတာ ..

Gabriel
Source - Phway Phway



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။