အိန္ဒိယမှာ Tik Tok ကိုဘန်းလိုက်ပြီ

နာမည်ကြီး app တစ်ခုဖြစ်သလို ကလေးတွေ နဲ့ လူငယ်တွေကြားရေပန်းစားနေတဲ့ Tik Tok ကို အိန္ဒိယနိုင်ငံမှာ တရားဝင်ဘန်းလိုက်ပြီဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ မဒရပ်စ် တရားရုံးရဲ့ ထုတ်ပြန်ချက်တစ်ခုအရ Apple Store နဲ့ Google Play Store တို့ဟာ သူတို့ရဲ့ App ပေါ်ကနေ Tik Tok ကို တရားဝင်ဖယ်ရှားလိုက်ရတာဖြစ်ပါတယ်။

ဘန်းရတဲ့အကြောင်းပြချက်ကတော့ Tik Tok ဟာ ကာမရာဂကို အားပေးတဲ့ App တစ်ခုဖြစ်တယ်လို့ဆိုပြီး အသုံးပြုသူ သန်း ၁၂၀ ကျော်ရှိတဲ့ အိန္ဒိယနိုင်ငံမှာ Tik Tok ကို ဘန်းလိုက်တာဟာ မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance အတွက်တော့ ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုပါပဲ။


Tik Tok ကို အိန္ဒိယနိုင်ငံမှာတင်မဟုတ်ပဲ ဘင်္ဂလားဒေ့ရှ်မှာလည်း ဘန်းထားတယ်လို့သိရပါတယ်။ အကြောင်းပြချက်ကတော့ အိန္ဒိယနဲ့အလားတူပဲ လိင်အသားပေးမှုများနေတယ်ဆိုပြီး ဘန်းတာပါ။ အမေရိက မှာလည်း Tik Tok ဟာ ကလေးငယ်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေစုဆောင်းနေတယ်ဆိုပြီး ByteDance ကို ဒဏ်ငွေတပ်ခဲ့ပါသေးတယ်။


လက်ရှိ Tik Tok ကို download ဆွဲမရအောင် ပိတ်လိုက်တဲ့ အိန္ဒိယနိုင်ငံက Tik Tok ဗွီဒီယိုပေါင်း ခြောက်သန်းကျော်ကို ဖယ်ရှားထားပြီး ByteDance ကတော့ အယူခံဝင်ဖို့ကြိုးစားနေကြောင်းသိရပါတယ်။

Gabriel
 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။