ပရိသတ် စိတ်ဝင်စားနေတဲ့ သူမရဲ့ ချစ်ချစ်ကို အလင်းပြလိုက်ပြီဖြစ်တဲ့ ပိုပို

ဆွဲဆောင်မှုရှိတဲ့ အသံလေးနဲ့ ပရိသတ်တွေရဲ့ အချစ်ကို ဖမ်းစားထားတဲ့ အဆိုတော် ပိုပိုဟာ လက်ရှိအချိန်ထိ ပရိသတ်တွေအတွက် သီချင်းအသစ်လေးတွေ ဖန်တီးပြီး သီချင်းများစွာကိုလည်း ဖျော်ဖြေနေပါတယ်။ အချစ်သီချင်းလေးတွေနဲ့ ပရိသတ်ရင်ထဲရောက်နေတဲ့ ပိုပိုဟာ ငယ်စဉ်တည်းက ဂီတကို ဝါသနာပါခဲ့ပြီး အမြဲတမ်းကြိုးစားအားထုတ်နေခဲ့တာကြောင့် အခုဆိုရင် ပရိသတ်အားပေးလက်ခံတဲ့ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်လာခဲ့ပါပြီ။

ပရိတ်အချစ်တော် ပိုပိုဟာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေအပြင် တက်နိုင်တဲ့ဘက်ကလည်း ပရဟိတအလုပ်လေးတွေကို ကြိုးစားလုပ်ကိုင်နေသူတစ်ယောက် ဖြစ်ပါတယ်။

ဒါ့အပြင် ဓာတ်ပုံရိုက်တိုင်းလည်း ချစ်စရာအသွင်အပြင်လေးနဲ့ အသည်းယားစရာလေးဖြစ်တဲ့ သူမရဲ့ ချစ်စရာပုံရိပ်လေးတွေကြောင့် Fan တွေက သူမကို အရမ်းအချစ်ပိုနေကြပြီး သူမရဲ့ လှုပ်ရှားမှုတိုင်းကို အားပေးထောက်ခံနေတာလည်း ဖြစ်ပါတယ်။ 

ဒီတစ်ခါမှာတော့ အပျိုကြီးမမလို့ အမြဲစနောက်ခံနေရတဲ့ ပိုပိုဟာ သူမရဲ့ ချစ်သူကောင်လေးကို အလင်းပြလိုက်ပြီပဲဖြစ်ပါတယ်။ သူမတင်တဲ့ Post တိုင်းမှာ “ မောင် ” ဆိုတဲ့ နာမ်စားတဲ့ သုံးနှုန်းလေ့ရှိတဲ့ သူမရဲ့ ချစ်သူကိုတော့ ပရိသတ်များစွာ စိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ပိုပိုဟာ သူမရဲ့ Instagram မှာ “ သူ့ပုံမတင်ရင် စိတ်ကောက်မှာစိုးလို့ စတာစတာ love you & miss you so much” ဆိုပြီးတော့လည်း တင်ထားပါသေးတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။