ယောကျ်ားတွေ မကြိုက်တဲ့ မိန်းကလေးတွေရဲ့အပြုအမူများ

မိန်းကလေးတွေဟာ ချစ်သူကပိုချစ်ဖို့၊ ကောင်လေးတွေစိတ်ဝင်စားဖို့ပုံစံမျိုးစုံနဲ့ကြိုးစားလေ့ရှိကြပါတယ်။ သူတို့ဒီလိုလုပ်တာတွေကို ကောင်လေးတွေသဘောကျမယ်ထင်ပြီး လုပ်နေမိတာ အကျင့်ကိုပါနေကြပါပြီ။ တကယ်တမ်း သဘောကျမယ်ထင်ပြီးလုပ်လိုက်တဲ့ကောင်မလေးတွေရဲ့တချို့အပြုအမူတွေကို ကောင်လေးတွေက မကြိုက်ပါဘူးတဲ့။ 

၁. မိခင်လိုမိန်းမ

Related image

တော်တော်များများပြောကြပါတယ်။ ကောင်လေးတွေက မိခင်လို မိန်းမမျိုးကိုလိုချင်ကြတယ်ဆိုပြီးတော့။ သူတို့နေမကောင်းတဲ့အချိန် ဒါမှမဟုတ် စိတ်ဓာတ်ကျနေတဲ့အချိန်မျိုးတော့ ဟုတ်ရင်ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ကိုတစ်ချိန်လုံး အမေတစ်ယောက်လိုပြုစုစောင့်ရှောက်ပေးနေမယ့် မိန်းမမျိုးသူတို့မကြိုက်ပါဘူး။ သူ့ကို ၂၄ နာရီလုံး ဂရုစိုက်နေတာမျိုး ဥပမာ-ဆံပင်ဘယ်လိုပုံစံညှပ်ပါလိုက်ပြောတာမျိုး၊ အချိန်ဇယားတွေဆွဲပေးတာမျိုး၊ သူမတောင်းဆိုပဲ သူ့ပစ္စည်းတွေရှင်းလိုက်တာမျိုး တွေပေါ့။ သူ့အဝတ်အစားတွေ အမြဲလျှော်ပေးတာ၊ ဟင်းအမြဲချက်ပေးတာမျိုး မလုပ်ပါနဲ့။ ယောက်ျားလေးတွေဟာ ဒီလိုကိစ္စတွေကို ကိုယ်တိုင်လုပ်နိုင်ပါတယ်။ သူတို့ကိုလုပ်ခွင့်ပေးလိုက်ပါ။ မဟုတ်ရင် သူ့ကိုယ်သူ ကလေးတစ်ယောက်လိုခံစားရပြီး နောက်ဆိုဘာမှမလုပ်ချင်ပဲ ဖြစ်သွားပါလိမ့်မယ်။

၂. နှစ်ယောက်တွဲဓာတ်ပုံ

Image result for couple selfie

နှစ်ယောက်တွဲဓာတ်ပုံလေးတွေရိုက်ပြီး Couple Goal လုပ်နေတာက မိန်းကလေးတွေအတွက်တော့ ချစ်စရာကောင်းတဲ့ အိုင်ဒီယာတစ်ခုဖြစ်နိုင်ပေမယ့် ယောက်ျားလေးတွေအတွက်တော့ မဟုတ်ပါဘူး။ ယောက်ျားလေးအများစုက နှစ်ယောက်တွဲဓာတ်ပုံရိုက်ပြီး Social Media မှာတင်တာကို မကြိုက်ကြပါဘူး။ အထူးသဖြင့် ချစ်သူနှစ်ယောက်အတွက်ထူးခြားတဲ့နေ့မျိုး၊ ထူးခြားတဲ့ခရီးမျိုးမှာပေါ့။ မိန်းကလေးတွေက ငါးမိနစ်လောက် selfie ကိုစိတ်မကျေမနပ်မချင်း ရိုက်နေတဲ့အချိန်မှာ ယောက်ျားလေးတွေက အဲဒီ ၅မိနစ်ကို စကားတွေပြောရင်း အတူကုန်ဆုံးချင်ကြပါတယ်။ 

၃. လက်သည်းရှည်

Related image

လက်သည်းရှည်ထားတာကို ယောက်ျားလေးတွေက လုံးဝမကြိုက်ပါဘူး။ မိန်းကလေးတွေ ဘာလို့လက်သည်းရှည်တွေကို လှတယ်ထင်နေလည်း သူတို့နားမလည်နိုင်ပါဘူး။ သူတို့အတွက်တော့ လက်သည်းရှည်တွေက ကြောက်ဖို့တောင်ကောင်းနေပါတယ်။ ပြီးတော့ သူတို့နားမလည်တာ မိန်းကလေးတွေ လက်သည်းရှည်ကြီးတွေနဲ့စာဘယ်လိုရိုက်လဲ၊ ဘယ်လိုဆေးကြောသန့်စင်လဲ၊ ဘောပင်ဘယ်လိုကိုင်လဲ ဆိုတာမျိုးတွေပေါ့။ ဒါကြောင့် လက်သည်းနဲ့ပတ်သက်လာရင်တော့ ယောက်ျားလေးတွေက သဘာဝအတိုင်းလေးပဲ ကြိုက်ကြပါတယ်။ သူတို့မကြိုက်လဲနေ ကိုယ်ကြိုက်တာကိုယ်လုပ်တယ်ဆိုရင်လဲ လုပ်ပေါ့နော့။

၄. စမ်းသပ်ခြင်း

Image result for girls playing mind games

“ငါဒီလိုလုပ်ရင် နင်များသဝန်တိုမလားလို့စမ်းကြည့်တာ” ဆိုတဲ့ အပြုအမူကို ယောက်ျားလေးတွေမကြိုက်ပါဘူး။ ရည်းစားစစဖြစ်ချင်းဆိုပိုဆိုးပါတယ်။ သူငါ့ကိုတကယ်ချစ်ရဲ့လား လိမ်နေတာများလား ဆိုတဲ့အတွေးတွေနဲ့မိန်းကလေးတွေ အမျိုးမျိုးစမ်းသပ်လေ့ရှိကြပါတယ်။ ယောက်ျားလေးတွေက သူတို့ကိုစမ်းသပ်လို့စမ်းသပ်နေမှန်းတောင်မသိပါဘူး။ စမ်းသပ်တာလွန်ပြီး ကွဲပြဲကုန်တာတွေတစ်ပုံကြီးပါ။ ဒါကြောင့် သင့်စိတ်ထဲမှာ မကျေလည်တာရှိရင် တိုက်ရိုက်ဖွင့်ပြောလိုက်ပါ။ သင့်ခံစားချက်တွေကို အပွင့်လင်းဆုံးပြောပြပြီးတော့ ပြဿနာတွေကို ဖြေရှင်းပါ။

၅. ရေမွှေးအလွန်အကျွံသုံးတာ

Image result for too much perfume

ကောင်လေးတစ်ယောက်နားသွားလို့ရေမွှေးနံ့တွေမွှန်ထူနေရင် မိန်းကလေးတွေမကြိုက်ကြဘူး။ ယောက်ျားလေးတွေလည်းတူတူပါပဲ။ ယောက်ျားလေးတွေ လုံးဝမကြိုက်တဲ့ ရေမွှေးနံ့ တွေရှိပါတယ်။ ကတိုးနံ့၊ နံ့သာဖြူ နံ့ဟာ ရှေးခေတ်က အဖွားကြီးတွေသုံးတဲ့အနံ့နဲ့တူလို့မကြိုက်ကြပါဘူး။ နှင်းဆီရနံ့တွေ ပန်းရနံ့တွေကိုလည်း မကြိုက်ပါဘူးတဲ့။ Linen vanilla လိုမျိုး လတ်ဆတ်သန့်ရှင်းတဲ့ ရနံ့မျိုးကို ယောက်ျားလေးတွေက ကြိုက်ကြပါတယ်။ 

Ref; TheTalko

Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။