(၆၅)ကီလိုမှ (၄၈)ကီလိုဂရမ်ထိ (၃)လနဲ့ ဝိတ်ချပြလိုက်တဲ့ ကောင်မလေးရဲ့ လျှို့ဝှက်ချက်

ယခုခေတ်ကြီးမှာ အစစအရာရာ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ကျန်းမာရေးကဏ္ဍာတွေမှာလည်း များစွာတိုးတက်လာခဲ့ ပါတယ်။ ယနေ့ခေတ် မိန်းကလေးအတော်တော်များများ အစားအသောက်အနေအထိုင် မဆင်ခြင်သလို လေ့ကျင့်ခန်း လိုက်စားမှုလည်း နည်းပါးလာတာကြောင့် မလိုအပ်တဲ့ မလိုချင်တဲ့ အဆီတွေ တက်လာကြပြီး ဖက်တီးလေးတွေ ဖြစ်လာကြပါတယ်။ ဒါ့အပြင်  နေရာတိုင်း၊ အိမ်တိုင်းကို ရောက်ပို့ဆောင်ပေးနေတဲ့ အစားသောက်လုပ်ငန်းတွေလည်း များပြားလာတာကြောင့် လူတွေဟာ လှုပ်ရှားသွားလာမှုတွေ နည်းလာကြတယ်။ ပြီးတော့ လေ့ကျင့်ခန်းလုပ်ရင်း အစားသောက်ထိန်းရတာ လူတိုင်းအတွက် လွယ်တော့မလွယ်ပါဘူး။ ဒါပေမယ့် စိတ်ပိုင်းဖြတ်ပြီး သေချာလုပ်မယ်လို့သာ ဆုံးဖြတ်လိုက်ရင်တော့ သင်လိုချင်တဲ့ ခန္ဓာကိုယ်ပုံစံမျိုးကို ပိုင်ဆိုင်ရမှာပါ။ 

အခုလည်း လူမှုကွန်ယက်သုံးစွဲ Chang Tadano လို့ခေါ်တဲ့ ကောင်မလေးဟာ အစပိုင်းမှာ သူမရဲ့ ကိုယ်အလေးချိန်ဟာ (၆၅)ကီလိုဂရမ်ရှိပြီး ဒီတသက်ဝိတ်ကျဖို့ မဖြစ်နိုင်တော့ဘူးလို့ ထင်မှတ်ထားတဲ့သူပါ။ ဒါပေမဲ့ သူမရဲ့ ပြင်းထန်တဲ့ ဆုံးဖြတ်ချက်ကြောင့် (၃)လအတွင်းမှာတင် (၁၇)ကီလိုဂရမ်ကျသွားခဲ့တယ်။ ဒါဆို Chang တစ်ယောက် ဘယ်လိုမျိုးဝိတ်ချခဲ့တာလဲ .. ! ရိုးရိုးလေးပါ။

Chang ဟာ နေ့စဉ်နေ့တိုင်း ရေများများသောက်ပြီး အငန်၊ အချိုနဲ့ အဆီတက်တွေမယ့် အစားအသောက်တွေကို စိတ်နာစွာနဲ့ ရှောင်ခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ အသားငါးတွေကို (၁)ပတ်မှာ တစ်ခါလောက်သာစားပြီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကိုသာ ဗိုက်ဆာတိုင်း စားသောက်ခဲ့ပါတယ်။ 

မနက်တိုင်းကိုလည်း ကျန်းမာရေးလိုက်စားပြီး မနက်ပိုင်းရေမချိုးခင် ပုံမှန်လေ့ကျင့်ခန်းတွေကိုလည်း လုပ်ခဲ့တယ်လို့လည်း Chang က ဆိုပါတယ်။ ဒါ့အပြင် Youtube မှာ တင်ထားတဲ့ လေ့ကျင့်ခန်း လုပ်ပုံလုပ်နည်းတွေကြည့်ပြီးတော့လည်း အိမ်မှာ အချိန်ရရင် ရသလိုလုပ်ခဲ့ပါသေးတယ်။ 

အခုဆိုရင် သူမဟာ အရမ်းကို လှပတဲ့ မိန်းမပျိုလေးတစ်ယောက်ဖြစ်နေခဲ့ပြီး သူမရဲ့ ပြောင်းလဲသွားပုံကိုလည်း လူမှုကွန်ယက်ပေါ်တင်ခဲ့ခြင်းကြောင့် အင်တာနက်သုံးစွဲသူများအကြား အံသြနေကြပါတယ်။ ကဲ … ဒီလိုဆိုရင်တော့ ဝိတ်ချဖို့က မခက်ခဲပါဘူးနော်..။ ပရိသတ်ကြီးလည်း တကယ်လုပ်မယ်လို့သာတွေးလိုက် နောက်နေ့ကစပြီး မနက်တိုင်း လေ့ကျင့်ခန်းလုပ်မယ် အစားအသောက်ကို တတ်နိုင်သလောက်ရှောင်မယ်ဆိုရင်  ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ရမှာ အသေအချာပါဘဲ…။

Source; kanalberita.net

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။