Summer မှာ အလန်းစား Bikinis နဲ့ စွန်းဖိုင်းနေတဲ့ Jenner နဲ့ Hadid Sisters တို့ရဲ့ Hottest and Sexiest Fashion

 Victoria Secret ရဲ့ အအောင်မြင်ဆုံးသော Model တွေဖြစ်တဲ့ Kendall, Gigi, Bella နဲ့ စီးပွားရေးပိုင်းမှာ အောင်မြင်နေတဲ့ Kylie တို့ရဲ့ Bikini Fashion ဟာ ပုံမှန်မြင်နေကြလို့ မထူးဆန်းဘူးဆိုပေမယ့် ဘယ်အချိန်ပဲကြည့်ကြည့် အမြဲတမ်း အသွင်မတူညီ နိုင်တဲ့ သူတို့ ရဲ့ Gesture တွေ Pose တွေဟာ မြင်သူတွေကို ဆွဲဆောင်နိုင်စေပါတယ်ဆိုတာ ငြင်းလို့မရပါဘူး။

 

Instagram မှာ အမြဲတမ်း ပုံအလန်းတွေနဲ့ Update လေ့ရှိတဲ့ Kendall တစ်ယောက် လွန်ခဲ့တဲ့အပတ်တွေမှာ သူမရဲ့ မိသားစုဝင်တွေဖြစ်တဲ့ Kylie နဲ့ Kourtney Kardashian တို့နဲ့ hangout လုပ်ခဲ့တယ်လို့ သိရပါတယ်။


ခန္ဓာကိုယ်အချိုးအစား အားကျစရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ သူတို့လေးတွေဟာ ဘယ်လိုပုံစံ ဘယ်လိုမျိုးပဲ ဝတ်စားဆင်ယင် အမြဲပင် ကြည့်ကောင်းလွန်းတဲ့အတွက် ပုရိတ်သတ်တွေရဲ့ Attention တွေကိုလည်း အပြည့်ရထားပါတယ်။

 

Selena Gomez နဲ့ လက်ရှိတွဲနေတဲ့ The Weeknd ရဲ့ EX ဖြစ်တဲ့ Bella Hadid ဟာလည်း Model လောကမှာ အအောင်မြင်ဆုံး Model တွေထဲကတစ်ယောက်ဆိုလည်း ငြင်းလို့မရပါဘူး။


သူမဟာ လက်ရှိမှာ တခြား Campaign တွေနဲ့ နည်းနည်းအလုပ်ရှုပ်ဖြစ်နေတယ်လို့သိရှိရပြီး လွန်ခဲ့တဲ့လ အနားယူရက် ရရှိတုန်း ကမ်းခြေမှာ သွားရောက်လည်ပတ်အနားယူခဲ့တယ်လို့ သိရပါတယ်။


Swimsuit အမျိုးမျိုးနဲ့ အလန်းစားပုံတွေ များစွာတင်ထားပြီး ပုရိသတ်တွေရဲ့အကြိုက်ကိုလည်း ဖမ်းစားခြင်းခံရတဲ့ Hottie တစ်ယောက်ဖြစ်ပါတယ်။

 

Gigi ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ခုလက်ရှိ One Direction ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Zyan Malik နဲ့ တွဲနေတဲ့ Victoria Secret Model ရဲ့  Hottie တစ်ယောက်ပါ။ ညီမလေးBella လောက်ပုံတွေ များစွာမတင်ဖြစ်ခဲ့ပေမယ့် Gigi တင်ထားတဲ့ Bikini Fashion ပုံတစ်ချို့ဟာ မြင်တဲ့သူတွေကို “OMG… Damn Good” ဆိုပြီးတော့တောင် ဖြစ်သွားနိုင်စေပါတယ်။


အဆီတွေလုံးဝမရှိလောက်အောင် ပြားချပ်နေတဲ့သူမ ဗိုက်သား၊ သွယ်လျကျစ်လစ်တဲ့ ခန္ဓာကိုယ်အချိုးအစားဟာ မိန်းကလေးအချင်းချင်းတောင် ကြွေစေနိုင်ပါတယ်။