နှစ်ဦးနှစ်ဖက် အေးချမ်းဖို့ဆိုပေမယ့် မျက်နှာမှာ သေရာပါအကွက်တွေ ကျန်တဲ့အထိ ဖြစ်ခဲ့ရတဲ့ မယ်လိုဒီ

နိုင်ငံကျော်မင်းသမီးချောလေး မယ်လိုဒီဟာ အနုပညာလုပ်ငန်းမှာ အောင်မြင်တဲ့သူတစ်ဦးဖြစ်ပြီး လောလောဆယ် သားလေးကို စောင့်ရှောက်ရင်း ကိုယ်ပိုင်စီးပွားရေးကိုလည်း လုပ်ကိုင်နေပါတယ်။ ဖြူစင်ရိုးသားတဲ့ မျက်နှာလေးနဲ့ ပရိသတ်တွေကို အေးချမ်းမှုတွေ ပေးစွမ်းနိုင်တဲ့ မယ်လိုဒီဟာ အနုပညာလမ်းကြောင်းပေါ်မှာ ကြော်ငြာတွေ၊ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးအောင်မြင်ခဲ့တဲ့ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ရံဖန်ရံခါသာ လုပ်ကိုင်ဖြစ်နေပါတယ်။ 

အခုအချိန်မှာတော့ မျက်နှာလှလှလေး ပိုင်ဆိုင်ထားတဲ့ မယ်လိုဒီဟာ မျက်နှာပေါ်မှာ သေရာပါလောက်တဲ့ အကွက်ကြီးတွေ ဖြစ်ခဲ့ရပုံကို လူမှုကွန်ယက်ပေါ်မှာ တင်ထားတာ တွေ့ရပါတယ်။ ပါးနှစ်ဖက်လုံးပေါ်မှာ အနီရောင်အကွက်ကြီးတွေ ဖြစ်နေတဲ့အတွက် သူမအနေနဲ့ စိတ်ဆင်းရဲနေရပြီး မှန်တောင်မကြည့်ရဲလောက်အောင် ဖြစ်နေရတယ်လို့လည်း ဆိုပါတယ်။

မယ်လိုဒီက “ သည်းခံခွင့်လွှတ်ခြင်းက နှစ်ဦးနှစ်ဖက်အေးချမ်းစေဖို့ပါ မျက်နှာမှာ သေရာပါအကွက်တွေ ကျန်ခဲ့စေဖို့ မဟုတ်ပါဘူး … စိတ်ဆင်းရဲလို့ မှန်တောင်မကြည့်ချင်တော့ဘူး ” ဆိုပြီး စိတ်ပျက်စွာ ရေးသားထားခဲ့ပါတယ်။ သူမရဲ့ Post အောက်မှာ စန္ဒီမြင့်လွင်က စိုးရိမ်တကြီးနဲ့ မေးမြန်းခဲ့တာကို မယ်လိုဒီက “ spa အလာဂျီ ” ဖြစ်နေတာပါလို့ ပြန်ဖြေထားပါတယ်။

မယ်လိုဒီရဲ့ Fan တွေကတော့ မျက်နှာပေါ်က အမာရွတ် အမြန်ဆုံးသက်သာပျောက်ကင်းနိုင်ပါစေလို့ အားပေးစကားတွေ၊ ဆုတောင်းစကားတွေ ပြောခဲ့ကြပါသေးတယ်။

Source; Melody Myo FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။