ထောပတ်သီး နေ့စဉ်စားသုံးခြင်းကနေ ရရှိမယ့် အံ့မခန်းကျန်းမာရေးအကျိုးကျေးဇူးများ

ထောပတ်သီးဟာ စားလို့ကောင်းသလို ပိုတက်စီယမ်နဲ့ လူတင်အပါအဝင် ဗီတာမင်နဲ့ သတ္တုဓာတ်ပေါင်း အမျိုး ၂၀ လောက် ပါဝင်တာကြောင့် ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အကျိုးရှိပါတယ်။ ထောပတ်သီး မှာ အဆီဓာတ်ပါဝင်ပေမဲ့ ကျန်မားရေးအတွက် အကျိုးပြုတဲ့ အဆီဓာတ်ဖြစ်ပြီး ဆိုးရွားတဲ့ ကိုလက်စထရောတွေ ကျဆင်းစေဖို့လည်း အထောက်အကူပြုပါတယ်။ အဲဒါကြောင့် ထောပတ်သီးကို နေ့စဉ်ပုံမှန်စားသုံးပေးရင် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကို ဝေမျှပေးလိုက်ပါတယ်။


(၁) ထောပတ်သီးဟာ နှလုံးကျန်းမာရေးအတွက် အများကြီးအထောက်အကူဖြစ်စေတာကြောင့် အခုခေတ်မှာ လူအများခံစားနေကြရတဲ့ နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီအပြင် သွေးလည်ပတ်မှုကိုကောင်းစေပြီး ရောင်ရမ်းခြင်းနဲ့ စိတ်ဖိစီးမှုကိုလည်း လျော့ပါးသက်သာစေပါတယ်။


(၂) ထောပတ်သီးဟာ အဆီဓာတ်ပါဝင်ပေမဲ့ ခန္ဓာကိုယ်အလေးချိန်မတက်အောင် အထောက်အကူပေးပါတယ်။ အလွန်အကျူး အစားစားသုံးခြင်းကိုလည်း ကာကွယ်နိုင်တာကြောင့် ဝိတ်ချဖို့အတွက် အသုံးပြုနိုင်ပါတယ်။


(၃) ထောပတ်သီးမှာ ကင်ဆာဖြစ်နိုင်ချေကို လျော့ကျစေတဲ့ ဓာတ်တွေ ပါဝင်ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ လူတင်ပရိုတိန်းအုပ်စုက ပါးစပ်နဲ့ လည်ချောင်းကင်ဆာမဖြစ်အောင် အထောက်အကူပေးပါတယ်။ အဲဒီအပြင် ထောပတ်သီးဟာ ရင်သားကင်ဆာဖြစ်နိုင်ချေကိုလည်း လျှော့ပါးစေပါတယ်။


(၄) ထောပတ်သီးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်ပေါင်း အမျိုး ၂၀ ပါဝင်ပါတယ်။ ထောပတ်သီးတစ်လုံးမှာ လူတစ်ယောက်အတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ ဗီတာမင်စီ ၃၃ ရာခိုင်နှုန်း၊ ဗီတာမင်ကေ ၅၃ ရာခိုင်နှုန်း၊ ဗီတာမင်အီး ၂၁ ရာခိုင်နှုန်း၊ ဗီတာမင် B6 ၂၆ ရာခိုင်နှုန်း၊ ကော့ပါး ၁၉ ရာခိုင်နှုန်း၊ ဖော်လစ်အက်စစ် ၄၁ ရာခိုင်နှုန်းနဲ့ ပိုတက်စီယမ် ၂၈ ရာခိုင်နှုန်း ပါဝင်ပါတယ်။


(၅) ထောပတ်သီးမှာပါဝင်တဲ့ လူတင်နဲ့ တခြားသတ္တုဓာတ်တွေက အိုမင်းရင့်ရော်မှုကို နှေးကွေးစေပြီး အမြင်အာရုံနဲ့ပတ်သက်တဲ့ ပြဿနာတွေကိုလည်း ကာကွယ်ပေးပါတယ်။ ထောပတ်သီးဟာ ခရမ်းလွန် ရောင်ခြည်ကြောင့် ထိခိုက်ပျက်စီးမှုကို ကာကွယ်တဲ့နေရာမှာ အထောက်အကူဖြစ်စေသလို အရေပြားကိုလည်း ချောမွေ့ ကျန်းမာစေပါတယ်။


(၆) ထောပတ်သီးတစ်လုံးဟာ ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ပိုတက်စီယမ် ၂၈ ရာခိုင်နှုန်းကို ဖြည့်တင်း ပေးနိုင်ပါတယ်။ ထောပတ်သီးဟာ ပိုတက်စီယမ်ဓာတ်ရတဲ့ အကောင်းဆုံးသဘာဝရင်းမြစ်တစ်ခု ဖြစ်တာကြောင့် သွေးဖိအားကို တည်ငြိမ်စေပါတယ်။


(၇) ထောပတ်သီးကို အသုတ်ထဲမှာထည့်စားမယ်ဆိုရင် တခြားအသီးအနှံတွေက အင်တီအောက်ဆီဒင့်ကို ခန္ဓာကိုယ်အတွက် စုပ်ယူပေးရာမှာ အထောက်အကူရစေပြီး ရောဂါဘယတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။


(၈) ထောပတ်သီးမှာ ပိုတက်စီယမ်၊ ဖော်လစ်အက်စစ်၊ ဗီတာမင်ဘီနဲ့ စီတို့ ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်တွေ စားသုံးပေးသင့်ပါတယ်။ ဖော်လစ်အက်စစ်ဟာ အစောပိုင်းကိုယ်ဝန်ဆောင်စဉ်မှာ သန္ဓေသား ကျန်းမာဖွံ့ဖြိုးစေဖို့ အထောက်အကူပြုပြီး ကိုယ်ဝန်ဆောင်စဉ် မအီမသာဖြစ်ခြင်းနဲ့ ပျို့အန်ခြင်းကို လည်း လျော့ပါးသက်သာစေပါတယ်။


(၉) ပိုတက်စီယမ်နဲ့ ဖော်လစ်အက်စစ်တို့လို ဗီတာမင်နဲ့ သတ္တုဓာတ်များစွာပါဝင်တဲ့ ထောပတ်သီးဟာ စိတ်ခံစားမှုကို ကောင်းမွန်စေပြီး စိတ်ဓာတ်ကျဆင်းမှုကို လျော့ပါးသက်သာစေနိုင်ပါတယ်။


(၁၀) ထောပတ်သီးကို ပုံမှန်စားသုံးပေးခြင်းဟာ အဆစ်ရောင်ရောဂါလို အရိုးအဆစ်နဲ့ ဆိုင်တဲ့ ရောဂါဝေဒနာတွေကို သက်သာအောင် အထောက်အကူပေးပါတယ်။


by Cherry Mon


Ref; Newsner   

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။