အသက် ၂၆ နှစ်ကျော်လာတဲ့အခါ 

အသက် ၂၆ နှစ်ကျော်လာတဲ့အခါ ကိုယ့်စိတ်ထဲက မပါပဲနဲ့လူတိုင်းကို ခေါင်းမငြိမ့်တော့ဘူး။ ကိုယ့်ပျော်ရွှင်မှုကို ဦးစားပေးတတ်လာတယ်။ ကိုယ်အဆင်ပြေဖို့အရင်ကြိုးစားတယ်။ လူတိုင်းကို အားမနာတတ်တော့ဘူး။

အသက် ၂၆ နှစ်ကျော်လာတဲ့အခါ ကိုယ်ပြုမူသလို သူများတွေ ကိုယ့်အပေါ် ပြုမူဖို့မမျှော်လင့်တော့ဘူး။ ကိုယ်စေတနာရှိရင် ဘာမှမကြည့်ဘဲ လုပ်ပေးလိုက်တယ်။ ကိုယ့်အပေါ် စေတနာထားဖို့မမျှော်လင့်တော့ဘူး။

အသက် ၂၆ နှစ်ကျော်လာတဲ့အခါ တစ်ယောက်ထဲလည်း နေတတ်လာတယ်။ ကိုယ့်အပေါ်မကောင်းတဲ့ မိတ်ဆွေတွေနဲ့အတူရှိမယ့်အစား တစ်ယောက်ထဲပဲ နေတာပိုကောင်းမှန်း သိလာတယ်။

Image result for free style girl

အသက် ၂၆ နှစ်ကျော်လာတဲ့အခါ စွန့်လွှတ်တတ်လာတယ်။ ကိုယ့်ဘဝကို အဆိပ်သင့်နေစေတဲ့လူတွေနဲ့ အဆက်အသွယ်ဖြတ်လိုက်ဖို့ဝန်မလေးတော့ဘူး။

အသက် ၂၆ နှစ်ကျော်လာတဲ့အခါ ပြောတိုင်းယုံတဲ့ စာသူငယ်မဟုတ်တော့ဘူး။ လူတိုင်းက အပြောနဲ့ အလုပ်နဲ့ ညီချင်မှညီတာ။ အပြောချိုပြီး စိတ်ပုတ်နေတဲ့သူတွေကြောင့် လွယ်လွယ်မယုံတတ်တော့ဘူး။ 

အသက် ၂၆ နှစ်ကျော်လာတဲ့အခါ အရာရာတိုင်းကို အကောင်းမြင်ဖို့မလွယ်ကူဘူးဆိုတာကို လက်ခံလာတယ်။ ကိုယ့်ကိုယ်ကို အကောင်းမြင်ဖို့လည်းမလွယ်သလို တခြားသူတွေကို အကောင်းမြင်ဖို့လည်းမလွယ်ဘူး။ အရာရာတိုင်းက အချိန်ယူရတယ်ဆိုတာ သိလာတယ်။

boy, smile, and glasses image

အသက် ၂၆ နှစ်ကျော်လာတဲ့အခါ ကမ္ဘာကြီးနဲ့လိုက်လျောညီထွေ နေတတ်လာတယ်။ ကိုယ်နဲ့အမြင်မတူ အယူအဆမတူတိုင်း ထပြီး ပုံမကန်တော့ဘူး။ အရာရာတိုင်းက ကိုယ့်ရဲ့ထိန်းချုပ်မှု အောက်မှာရှိနေတာမှ မဟုတ်တာ။ အခြေအနေနဲ့အချိန်အခါကိုလိုက်ပြီး အလိုက်သင့်လေး နေတတ်လာတယ်။

အသက် ၂၆ နှစ်ကျော်လာတဲ့အခါ သင်ယူဖို့အတွက်မရှက်တော့ဘူး။ မသေမချင်း သင်ယူစရာတွေ ပြည့်နေတဲ့ လောကကြီးမှာ အသက်အရွယ်ကြီးတာတစ်ခုထဲနဲ့သင်ယူဖို့၊ မေးမြန်းဖို့နောက်မတွန့်တော့ဘူး။ မသိတာ မတတ်တာကို အောက်ကျို့ပြီး မေးမြန်းသင်ယူလိုက်ဖို့ ဝန်မလေးတော့ဘူး။

girl, nature, and tattoo image

အသက် ၂၆ နှစ်ကျော်လာတဲ့အခါ ချစ်နေရုံနဲ့မလုံလောက်ဘူးဆိုတာ သိလာတယ်။ တစ်ယောက်ထဲက ချစ်နေရုံနဲ့ မလုံလောက်သလို နှစ်ယောက်သားချစ်နေရုံနဲ့လည်း မလုံလောက်ပြန်ဘူး။ အချစ်ရေးတစ်ခုအောင်မြင်ဖို့ဆိုရင် ဘဝအောင်မြင်မှုရဖို့လည်း လိုအပ်တယ်ဆိုတာ နားလည်လာတယ်။

အသက် ၂၆ နှစ်ကျော်လာတဲအခါ လူတိုင်းကို နှလုံးသားတစ်ခုလုံးနဲ့ချစ်လိုက်ဖို့မထိုက်တန်ဘူးဆိုတာ သဘောပေါက်သွားတယ်။ သူငယ်ချင်းဖြစ်ဖြစ်၊ ချစ်သူဖြစ်ဖြစ် အပြည့်အဝပေးဆပ်တတ်သူက အရံှုးပဲ။ ကိုယ်တိုင်လည်း အကုန်မပေးဆပ်တော့သလို သူများဆီက အပြည့်အဝရဖို့လည်း မမျှော်လင့်တော့ဘူး။

boy, cat, and korean image

အသက် ၂၆ နှစ်ကျော်လာတဲ့အခါ မညီးတွားတတ်တော့ဘူး။ တစ်ခုခု ဆုံးရံှုးတိုင်း ငိုယိုမနေတော့ဘူး။ အဆိုးပြီးရင် အကောင်းတွေလာမယ်။ မုန်တိုင်းပြီးရင် လေပြေလာမယ်။ လွမ်းဆွေးနေစရာ မရှိတော့ဘူး။

အသက် ၂၆ နှစ်ကျော်လာတဲ့အခါ ကိုယ့်အတွက်ကိုယ် အချိန်ပေးတတ်လာတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်တယ်။ ကိုယ့်တာဝန်ကိုယ်ယူတယ်။ ကိုယ့်ကို ပျော်ရွှင်စေတဲ့အရာတွေကို ရှာဖွေတယ်။

hand, vintage, and butterfly image

အသက် ၂၆ နှစ်ကျော်လာတဲ့အခါ အမှားလုပ်မိမှာ မကြောက်တော့ဘူး။ မမှားဖူးတဲ့သူဟာ ဘာမှမလုပ်ဖူးတဲ့သူပဲတဲ့။ အမှားကနေ သင်ယူတတ်လာတယ်။ 

အသက် ၂၆ နှစ်ကျော်လာတဲ့အခါ ဝေဖန်မှုတွေကို အာရုံမစိုက်တော့ဘူး။ သူများက ကိုယ့်ကိုဝေဖန်မှာ မကြောက်တော့ဘူး။ ကိုယ်လုပ်စရာရှိတာဆက်လုပ်တယ်။ သူများကို ဝေဖန်ပြီးတော့လည်း အချိန်မဖြုန်းတော့ဘူး။

အသက် ၂၆ နှစ်ကျော်လာတဲ့အခါ ကိုယ့်ရဲ့ဖြစ်တည်မှုအတွက် ဝမ်းမနည်းတော့ဘူး။ perfect ဖြစ်ခြင်းဆိုတဲ့ လူတွေရဲ့အကန့်အသတ်ထဲမှာ မနေတော့ဘူး။ ကိုယ့်ပုံစံလေးအတိုင်း ကိုယ့်ကိုယ်ကို ချစ်တတ်လာတယ်။ ကိုယ့်ပုံစံအတိုင်း လက်ခံနိုင်တဲ့သူနဲ့သာ ပေါင်းသင်းတော့တယ်။

ulzzang and ulzzang boy image

အသက် ၂၆ နှစ်ကျော်လာတဲ့အခါ ဆိုးရွားတဲ့နေ့တွေကြုံလာရလည်း အဆင်ပြေအောင် နေတတ်လာတယ်။ လူတိုင်းကြုံနေရတာဖြစ်လို့ ရှေ့ဆက်ဖို့ကိုသာ စိတ်ဝင်စားတော့တယ်။

အသက် ၂၆ နှစ်ကျော်လာတဲ့အခါ ပြောင်းလဲမှုတွေကို မကြောက်တော့ဘူး။ ကိုယ့်ပုံစံကိုပြောင်းလဲလိုက်ဖို့၊ ကိုယ့်ဘဝလျှောက်လမ်းကို ပြောင်းလဲလိုက်ဖို့မကြောက်တော့ဘူး။ 

girl, piano, and music image

အသက် ၂၆ နှစ်ကျော်လာတဲ့အခါ ခွဲခွာရမှာကိုမကြောက်တော့ဘူး။ လူတွေဟာ ဘဝထဲကို ဝင်လာတယ်၊ အချိန်တန်ရင်ပြန်ထွက်သွားမယ်။ ခေတ္တခဏတော့နာကျင်လိမ့်မယ်။ ပြီးရင်လည်း ပြီးသွားတာပဲ။

အသက် ၂၆ နှစ်ကျော်လာတဲ့အခါ အဓိပ္ပာယ်ရှိရှိ ရှင်သန်ဖို့ပဲ ကြိုးစားတော့တယ်။ ကမ္ဘာကြီးလည်နေသ၍ အရာရာတိုင်းဟာ ဖြစ်နေပျက်နေအုံးမှာပဲ။ ရပ်ပြီး ငိုင်နေရင် ကိုယ်ပဲကျန်ခဲ့မယ်။ ကမ္ဘာကြီးနဲ့အတူ ရှင်သန်ကြီးထွားဖို့ကြိုးစားနေမှ လူဖြစ်ရကျိုးနပ်မယ်။

Ref; moonliightbaaaby (WHI)

Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။