
မျက်အိတ်ဖောင်းခြင်း မျက်ကွင်းညိုခြင်းကို သက်သာစေမယ့်နည်းလမ်းများ
နာရီပေါင်းများစွာ စာကြည့်ခြင်း၊ ဖုန်းကြည့်ခြင်း၊ ကွန်ပျူတာသုံးခြင်း တွေနဲ့ပင်ပန်းနွမ်းနယ်မှုတွေကြောင့် မျက်အိတ်ဖောင်းခြင်း မျက်ကွင်းညိုခြင်းတွေ ဖြစ်နိုင်ပါတယ်။ မျက်လုံးဆိုတာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ပိုင်းဖြစ်တဲ့အတွက် ဂရုစိုက်ပေးရပါမယ်။ ပျိုမေတို့ရဲ့ မျက်ဝန်းအလှကို ဖျက်ဆီးနေတဲ့ ဒီပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေရှိပါတယ်။
၁. လဖ္ဘက်ခြောက်အိတ်
နည်းလမ်း၂ မျိုးရှိပါတယ်။
- လဖ္ဘက်ခြောက်အိတ် ၂ အိတ်ကို ရေနွေးထဲမှာ ၅ မိနစ်စိမ်ထားပါ။ ပြီးလျှင် မျက်ခွံပေါ်တင်ထားပြီး အပေါ်ကနေ အဝတ်စပါးလေးအုပ်ထားပါ။ နာရီဝက်လောက်ထားပါ။ တစ်ရက်ကို ၂ ကြိမ်လုပ်ပါ။
- Green tea bag ကို ရေခဲသတ္တာထဲမှာ အအေးခံထားပါ။ ပြီးလျှင် မျက်ခွံပေါ်မှာ ၁၅ မိနစ်လောက် တင်ထားလိုက်ပါ။
၂. ကော်ဖီ
ကော်ဖီမှုန့်စစ်စစ် လဖ္ဘက်ရည်ဇွန်း တစ်ဝက်
ငြုတ်ကောင်းမှုန့် အနည်းငယ်
အုန်းဆီ လဖ္ဘက်ရည်ဇွန်း ၁ စွန်း
မျက်လုံးအုပ်ရန် Face wipe (သို့) Cotton Pad
ပါဝင်ပစ္စည်းအားလုံးကိုရောပြီး မျက်အိတ်နေရာမှာ ၁၂ မိနစ်လောက် သုတ်ထားပါ။ မျက်လုံးထဲမဝင်အောင် သေချာဂရုစိုက်ရပါမယ်။ ငြုတ်ကောင်းပါတာကြောင့် လုံးဝဝင်လို့မရပါဘူး။ ပြီးလျှင် face wipe နဲ့ သေချာပြောင်အောင် သုတ်လိုက်ပါ။ တစ်ပတ်မှာ ၂ ရက် ၃ ရက်လောက် လုပ်ပေးနိုင်ပါတယ်။
၃. မုန့်ဖုတ်ဆော်ဒါ
မုန့်ဖုတ်ဆော်ဒါ လဖ္ဘက်ရည်ဇွန်း ၁ စွန်း
ရေပူ ၁ ခွက်
Cotton pad
ရေနွေးနဲ့မုန့်ဖုတ်ဆော်ဒါကို သေချာ်ရောမွှေပြီး Cotton pad ကို စိမ်လိုက်ပါ။ ရေညှစ်ထုတ်လိုက်ပြီး မျက်လုံးပေါ် ကပ်ထားပေးပါ။ ၁၀ မိနစ်လောက်ထားပြီး ရေအေးနဲ့ဆေးချလိုက်ပါ။ တစ်ရက် ၂ ကြိမ် လုပ်ပေးနိုင်ပါတယ်။
၄. သခွားသီး
ဒါကတော့ လူကြိုက်များတဲ့နည်းလမ်းပါ။ သခွားသီးကို အကွင်းလေးတွေလှီးပြီး ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်လောက် အအေးခံထားပါ။ မျက်ခွံပေါ်မှာ ၁၅ မိနစ်ခန့်ကပ်ထားပေးပါ။ တစ်ရက်မှာ ဘယ်နကြိမ် လုပ်လုပ်ရပါတယ်။
၅. သဘာဝ စတော်ဘယ်ရီ အနှစ်
စတော်ဘယ်ရီသီးကို အနှစ်ဖြစ်သွားအောင် ချေလိုက်ပါ။ မျက်ကွင်းညိုတဲ့နေရာမှာ သုတ်လိမ်းပြီး ၁၂ မိနစ်လောက် ထားပါ။ ပြီးလျှင် ရေအေးနဲ့ဆေးချလိုက်ပါ။ တစ်ရက်တစ်ကြိမ် လုပ်ပေးပါ။
သဘာဝနည်းလမ်းတွေချည်းပဲ ဖြစ်တာကြောင့် ဘေးထွက်ဆိုးကျိုး မရှိပါဘူးနော်။ လှပတဲ့ မျက်ဝန်းလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။
Ref; Marta
Paulina
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။