ပရိသတ်အချစ်တော်အနုပညာရှင်များရဲ့ ငယ်ဘဝပုံရိပ်များ


ပရိသတ်တွေရဲ့ အချစ်တော်လေးတွေက ငယ်ငယ်တုန်းက ဘယ်လောက်တောင် ချစ်ဖို့ကောင်းသလဲဆိုတာကို သိရအောင်လို့ သူတို့ရဲ့ ငယ်ဘဝပုံရိပ်လေးတွေနဲ့ အခုပုံစံလေးတွေကို ယှဉ်ပြီး တင်ဆက်ပေးလိုက်ပါတယ်။

၁။ ၀တ်မှုံရွှေရည်

ပရိသတ်တွေရဲ့အချစ်တော် ကစ်ကတော့ ငယ်ငယ်ထဲကချစ်စရာကောင်းတာ အခုဆို ပိုပြီးချစ်စရာကောင်းလာတာကို တွေ့မြင်ကြမှာပါ။

၂။ ဖွေးဖွေး

ဖွေးဖွေးတို့ကတော့ ငယ်ငယ်ထဲက ၀၀တုတ်တုတ်လေးနဲ့ အသည်းယားစရာကောင်းတာ.... အခုလဲ ဒီလိုပဲ ပိုပြီးတောင် ချစ်စရာကောင်းလာပါသေးတယ်။

၃။ ယွန်းဝတီလွင်မိုး

အားလုံးရဲ့ခေးကတော့ ပြောနေစရာတောင်မလိုတော့ပါဘူးနော်... သူမဟာဆိုရင် ငယ်ငယ်ထဲက မျက်ခုံး၊ မျက်လုံးလေးတွေလှပြီး ချစ်စရာကောင်းတဲ့သူပါ။

၄။ ပတ်ထရစ်ရှာ

ငယ်ငယ်ထဲက ပို့စ်ပေးရင် အချေရုပ်လေးနဲ့ အသည်းယားစရာကောင်းတဲ့သူမက အခုဆိုရင်တော့ ဖက်ရှင်ကျပြီး ပိုလှလာတာကို တွေ့ကြမှာပါ။

၅။ မေဂရေ့စ်

ငယ်ငယ်တုန်းကရုပ်လေးအတိုင်းပဲ ချစ်စရာကောင်းအောင် ချွတ်စွတ်တူနေတဲ့ မေကတော့ အခုဆိုရင် ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်နေပါပြီ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။