မြန်မာနိုင်ငံတင်မက ကမ္ဘောဒီယားနိုင်ငံမှာ နာမည်ကျော်ကြားနေတဲ့ အိချောပို

နိုင်ငံကျော် ပရိသတ်အချစ်တော် သရုပ်ဆောင် အိချောပိုဟာ အနုပညာလောကမှာ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အခိုင်အမာရရှိထားပြီး အောင်မြင်နေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ အသည်းကျော် မင်းသမီးချောလေး အိချောပိုကို သူမရဲ့ ပရိသတ်တွေ အားလုံးက ချစ်စနိုးနဲ့ စူစူလို့လည်း ခေါ်ကြပါသေးတယ်။

အိချောပိုဟာ သရုပ်ဆောင်မှုအပိုင်းမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့အပြင် မိန်းကလေးအချင်းချင်း အားကျလောက်တဲ့ အချိုးအစားကျကျ အမိုက်စား ခန္ဓာကောက်ကြောင်း အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားသူလေး တစ်ယောက်လည်း ဖြစ်ပါတယ်နော်။

မကြာသေးခင်က  ကျင်းပခဲ့တဲ့ နှစ်သစ်ကူး အတာသြင်္ကန်ပွဲတော်မှာ အိချောပိုတစ်ယောက် သူမရဲ့ အမိုက်စားကောက်ကြောင်း တွေကို ပေါ်လွင်စေတဲ့ ဝတ်စားဆင်ယင်မှုကြောင့် ပုရိသများစွာသာမကဘဲ မိန်းကလေးအချင်းချင်းတောင် ရင်သက်ရှုမောခဲ့ရပါတယ်။ သူမရဲ့ ရင်မောလောက်တဲ့ ကောက်ကြောင်းအလှအပတရားက ပရိသတ်တွေကြား ချီးကျူးဖွယ်ရာတစ်ခုဖြစ်လာခဲ့ပြီး လူမှုကွန်ယက်ပေါ်မှာလည်း အတော်လေးကို နာမည်ကြီးခဲ့ပါတယ်။

အိချောပိုရဲ့ ရင်မောလောက်တဲ့ ကောက်ကြောင်းအလှတရားက မြန်မာနိုင်ငံမှာရှိတဲ့ ပရိသတ်တွေတင်မကဘဲ နိုင်ငံရပ်ခြားက ပရိသတ်တွေထိပါ ရောက်ရှိသွားပြီး နာမည်ကြီးနေပါတယ်။ 

ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံရဲ့ GAHD ဆိုတဲ့ Page တစ်ခုကနေပြီး အိချောပိုရဲ့ နှစ်သစ်ကူးဖျော်ဖြေမှု ပုံရိပ်တွေကို တင်လိုက်တဲ့နောက်မှာတော့ ကမ္ဘောဒီးယားနိုင်ငံက ပရိသတ်များစွာဟာ သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းလှပမှုကို စိတ်ဝင်တစားဖြစ်ခဲ့ကြပါတယ်။

သူမရဲ့ ခန္ဓာကိုယ်အလှကို ကြိုက်နှစ်သက်သူတွေနဲ့ အားကျသူတွေ များစွာကို မှတ်ချက်မှာတွေ့ခဲ့ရပြီး Share တဲ့သူ (၃၃၀၀၀)နီးပါးရှိခဲ့ပါသေးတယ်။ 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။