တင်ပြချက်(presentation) တစ်ခု ကောင်းမွန်စွာ ပြီးမြောက်ဖို့ဘာတွေ ပြင်ဆင်ရမလဲ

 လူတိုင်း ဘဝမှာ presentation တစ်ခုခုတော့ လုပ်ကိုလုပ်ကြရမှာပဲလေ။ အလုပ်မှာဖြစ်စေ၊ ကျောင်းမှာဖြစ်စေ ကိုယ့်ရဲ့ အဆိုပြုချက်၊ တင်ပြချက် တစ်ခုကို ရှောရှောရှူရှူ ပြီးမြောက်သွားဖို့ဆိုတာ ကြိုတင်မပြင်ဆင်ထားရင် မလွယ်ပါဘူး။ ဒါကြောင့် လူရှေ့သူရှေ့ရောက်မှ ကမောက်ကမနဲ့အရှက်မကွဲရလေအောင် ပြင်ဆင်ထားရမယ့် အချက်လေးတွေကို အကြံပြုချင်ပါတယ်။

Presentation နေ့မတိုင်မှီ

inspiration, motivation, and school image

ပြင်ဆင်ပြီးရင်း ပြင်ဆင်ပါ။ နားထောင်မယ့်သူတွေကို ဘာတွေတင်ပြရမယ်ဆိုတာ မပြင်ဆင်ထားရင် professional မကျရာ ရောက်မှာပေါ့။ ရှေ့ရောက်မှ အထစ်အထစ် ဖြစ်နေမှာ ဘယ်သူမှ မလိုချင်ဘူးပါဘူး။ သေချာတာတစ်ခုက တင်ပြချက်အားလုံးကို အလွတ်ကျက်သွားဖို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကိုယ်ပြောမယ့် အကြောင်းအရာတွေအတွက် အချက်အလက်လေးတွေ ထုတ်ထားပါ။ အချက်အလက်တွေကို စာရွက်လေးတွေမှာ အစဉ်လိုက် ချရေးထားပါ။ ဒါမှ ပြောတဲ့အခါ အစီအစဉ်တကျလေး ဖြစ်မှာပါ။ ပြီးရင် သူငယ်ချင်းတွေရှေ့မှာဖြစ်ဖြစ်၊ မှန်ရှေ့မှာဖြစ်ဖြစ် အကြိမ်ကြိမ် ပြောကျင့်ကြည့်ပါ။ နောက်တစ်ခုက အဝတ်အစားပါ။ ပရိသတ် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ impression မြင့်အောင် အဝတ်အစား သပ်သပ်ရပ်ရပ်ဝတ်သွားပါ။ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု ပိုရှိတာပေါ့။

Presentation လုပ်ခါနီး

Related image 

တင်ပြချက်တွေကို ချမပြခင် ပရိသတ်ကို သေချာကြည့်ပါ။ အသက်ပြင်းပြင်း သုံးကြိမ်ရှူပါ။ နားထောင်မယ့်သူအားလုံး ငြိမ်သက်သွားပြီဆိုရင်တော့ မျက်နှာကို အချိုသာဆုံးပြုံးပြီး တင်ပြချက်ကို စတင်လို့ရပါပြီ။

ပထမဆုံးမိနစ်

Related image

တင်ပြချက်ရဲ့ပထမဆုံးမိနစ်တွေက အရေးအကြီးဆုံးပါပဲ။ စစချင်းမှာ ပရိသတ်ရဲ့အာရုံကို ဖမ်းစားနိုင်ဖို့ လိုပါတယ်။ သင်ဘာအကြောင်းပြောမှာလဲ ဆိုတာကနေ အစပြုပါ။ သင်အဖြေပြန်ပေးချင်တဲ့ မေးခွန်းတွေကို မေးပါ။ ချက်ချင်းအဖြေ ပြန်မပေးပါနဲ့။ တင်ပြချက်ကို တင်သွင်းရင်းနဲ့တဖြည်းဖြည်းဆွဲခေါ်သွားရပါမယ်။ သင့်ရဲ့အဖြေကို ပရိသတ်တွေ စောင့်စားနေပါစေ။

Presentation လုပ်နေစဉ်

Image result for presentation

သင်ထုတ်ထားတဲ့ အချက်အလက်စာရွက်တွေကိုပဲ ငုံ့ကြည့်မနေပါနဲ့။ ပရိသတ်နဲ့ မကြာမကြာ အကြည့်ချင်းဆုံနေရပါမယ်။ ပြုံးပြီးပြောပါ။ Presentation မှာ ရုပ်ပုံတွေပါရင် ပရိသတ်တွေ ပိုစိတ်ဝင်စားပါတယ်။ နောက်တစ်ချက်က စကားကို မြန်မြန်မပြောပါနဲ့။ အဓိက က ကိုယ့်ရဲ့တင်ပြချက်တွေကို နားလည်စေချင်တာ၊ ကိုယ်ပြောတဲ့အကြောင်းအရာတွေကို ခေါင်းထဲရောက်စေချင်တာမဟုတ်လား။ ဒါကြောင့် အသံအနေအထား ဖြည်းဖြည်းမှန်မှန်နဲ့ပြောရပါမယ်။ မေးခွန်းတွေမေးရင်း၊ လိုအပ်ရင်လိုအပ်သလို မာန်ပါပါနဲ့ပြောရင်း ပရိသတ်တွေကို ဆွဲခေါ်ရပါမယ်။ တကယ်လို့ပြောရင်းနဲ့စိတ်ပင်ပမ်းလာရင် ခဏရပ်ပြီး အသက်ဝဝရှူလိုက်ပါ။ 

အပြီးသတ်ချိန်

Image result for presentation

ပရိသတ်ကို အာရုံစိုက်ပြီး နားထောင်ပေးတဲ့အတွက် ကျေးဇူးတင်စကားပြောပါ။ တင်ပြချက်တွေအားလုံးကို အတိုချုပ်ပေါင်းပြီး ပြန်ပြောပါ၊ မေးခွန်းတွေကို အဖြေပြန်ပေးပါ။ တကယ်လို့ သင့်ရဲ့တင်ပြချက်ကို ပိုစိတ်ဝင်စားစေချင်ရင် ပဟေဠိလေးတွေ ချန်ထားခဲ့ပါ။ ပြီးလျှင် ပရိသတ်ကို ပြုံးပြပြီး အဆုံးသတ်လို့ရပါပြီ။

Image result for presentation mistakes 

Presentation လုပ်ရတာက အတွေ့အကြုံမရှိသေးရင် တော်တော်အခက်တွေ့နိုင်ပါတယ်။ အထူးသဖြင့် ပရိသတ်က အရမ်းများလွန်းတာ၊ ဒါမှမဟုတ် မိခင်ဘာသာစကားနဲ့ပြောရတာမျိုးမဟုတ်တာ။ (ဥပမာ-English လို presentation လုပ်ရတာမျိုး)။ ဒါကြောင့် ကြိုတင်ပြင်ဆင်မှု မလုပ်လို့ကိုမရပါဘူး။ အားလုံးပဲ အခုပြောခဲ့တဲ့အချက်လေးတွေက အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။ 

Ref; m.therese

Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။