အရည်အသွေးကောင်းတဲ့ ဓာတ်ပုံတွေ ဘယ်လိုဖန်တီးမလဲ

Photographer ပေါက်စလေးတွေ၊ ဒါမှမဟုတ် facebook တို့၊ instagram တို့မှာတင်ဖို့ အပျော်တမ်း ဓာတ်ပုံလှလှလေးတွေ ဖန်တီးရတာကြိုက်သူတွေအတွက် အရည်အသွေးကောင်းတဲ့ ဓာတ်ပုံလေးတွေ ဘယ်လိုရိုက်ရမလဲဆိုတာ ပြောပြချင်ပါတယ်။ 

၁. စိတ်အားတက်ကြွစေမယ့်ပုံလေးတွေရှာပါ

camera and photography image

We Heart It, Tumblr, Instagram, Pinterest စတဲ့ website တွေမှာ ကိုယ်ကြိုက်တဲ့ပုံလေးတွေကို Collect လုပ်ထားပါ။ သတိထားရမှာက သူများရိုက်ထားတဲ့ပုံလေးတွေကို ကြည့်ပြီး ကိုယ်လည်း ရိုက်ချင်စိတ်တွေ ပေါ်လာအောင်လုပ်ဖို့ပါ။ idea ကိုတော့ သူများ idea အတိုင်း ရိုက်ရင် ကိုယ့်အရည်အသွေး ဘယ်တက်ပါ့မလဲနော်။ ဒါကြောင့် သူများတွေဘယ်လိုရိုက်လဲဆိုတာ လေ့လာပါ။ ကိုယ့်အလှည့်ကျ ဘယ်လိုရိုက်မယ်ဆိုတာ Idea လေးတွေ ထုတ်ထားပါ။

၂. ပြည့်စုံတဲ့ အချိုးအစား

Image by malin

Photographer လုပ်ဖို့ရည်ရွယ်ထားသူတွေဆိုရင် ဒီအချက်ကို အရင်ဆုံးသိဖို့လိုပါတယ်။ ဘယ်ကင်မရာ အမျိုးအစားပဲဖြစ်ဖြစ် ဓာတ်ပုံအချိုးအစား အမျိုးမျိုး ရွေးချယ်စရာပါ ပါတယ်။ ကိုယ်က ဘာကို focus ထားချင်တာလဲ။ ရိုက်မယ့်နေရာရဲ့ဘယ်အတိုင်းအတာလောက်ထိ ဓာတ်ပုံထဲမှာ ပါစေချင်တာလဲ။ ကိုယ်ရိုက်ပြချင်တဲ့ အရာတစ်ခု ထင်းနေဖို့ဘယ်အကျယ်အဝန်းလောက်ဆို အဆင်ပြေမလဲ။ အဲလိုပြည့်စုံတဲ့ ဓာတ်ပုံတစ်ပုံရဖို့လိုအပ်တဲ့ အချိုးအစားကို (Golden ratio) ပြည့်စုံတဲ့အချိုးအစား/ရွှေရောင်အချိုးအစားလို့ ခေါ်ပါတယ်။ ဒီအချက်က အရမ်းအရေးကြီးပါတယ်။ ပုံကိုကြည့်လိုက်တာနဲ့ ကိုယ်ပြချင်တဲ့အရာကို တန်းမြင်နိုင်အောင် ရိုက်ပြဖို့ အချိုးအစားမှန်ဖို့လိုပါတယ်။

၃. အချိန်ယူပါ

Image by Wendy

ဓာတ်ပုံကောင်းတစ်ပုံထွက်ဖို့ အလျင်စလိုနဲ့လျှပ်တစ်ပျက်ရိုက်ချက်လုပ်လို့မရပါဘူး။ မှန်ကန်တဲ့ထောင့်ကိုရွေးရတယ်။ လိုချင်တဲ့ အလင်းအမှောင်ရဖို့ အချိန်ပေးရတယ်။ ကင်မရာရဲ့focus ငြိမ်သည်အထိ စောင့်ဆိုင်းရပါတယ်။ ဥပမာ လူတစ်ယောက်ကို ဓာတ်ပုံရိုက်မယ်ဆိုရင် ကိုယ်လိုချင်တဲ့ အနေအထားကို သေချာပြောပြဖို့လိုပါတယ်။ ဘယ်မှာရပ်ရမယ်၊ ဘယ်လိုပုံစံလုပ်ရမယ်၊ စသဖြင့် ဆရာကြီး လုပ်ရပါမယ်။ ဒါမှလည်း ပုံကောင်းကောင်း ထွက်မှာကိုး။

၄. အသေးစိတ်ရမယ်

photography, city, and light image

ပိုပြီး Professional ဆန်သွားအောင် အနီးအနားက ပစ္စည်းတွေကို အသုံးပြုပြီး ရိုက်ကြည့်ပါ။ ပုံမှန်ရိုက်နေတဲ့ ပုံစံထက် ခွဲထွက်ချင်တယ်ဆိုရင် အတူညီတဲ့ထောင့်တွေကို မြင်တတ်ရပါတယ်။ ဥပမာ ကိုယ်ရိုက်မယ့် နားမှာ ဗွက်အိုင်တစ်အိုင်ရှိတယ်ဆိုပါစို့။ ဗွက်အိုင်ကနေ ရောင်ပြန်ဟပ်နေတဲ့ပုံကို ရိုက်ယူမယ်ဆိုရင် ထွက်လာမယ့်ပုံရဲ့ အရောင်လည်းပြောင်းသွားမှာ ဖြစ်သလို၊ ရှုထောင့်ကလည်း ပုံမှန်ထက် ဆန်းသွားပါမယ်။ အနီးအနားက အရာတွေကို ယူသုံးတတ်ရင် ရိုးရိုးပုံတစ်ပုံတောင် အရမ်းမိုက်တဲ့ပုံ ဖြစ်သွားနိုင်ပါတယ်။ 

၅. အများကြီးရိုက်ပါ

ကိုယ်က photographer ဖြစ်ချင်တာဆိုရင် ဘယ်သွားသွား ကင်မရာသယ်သွားဖို့အကြံပြုပါရစေ။ ခုခေတ်မှာ ဖုန်းတွေပေါ်လာတတော့ အရမ်းကိုအဆင်ပြေတာပေါ့။ လူတိုင်းရဲ့အိတ်ကပ်ထဲမှာ ဖုန်းက အမြဲပါတယ်လေ။ သွားရင်းလာရင်း ကိုယ်သဘောကျတဲ့မြင်ကွင်း ရှိချင်လည်း ရှိနေနိုင်တယ်လေ။ နေဝင်ချိန်က အရမ်းလှနေတာတို့၊ ငှက်ကလေးတွေ အမှတ်မထင် အနားလာထိုင်တာတို့၊ စတာတွေက အချိန်မရွေးဖြစ်သွားနိုင်တာကြောင့် ကင်မရာကို အချိန်တိုင်းဆောင်ထားဖို့လိုပါတယ်။ ရသလောက်ပုံတွေ ရိုက်ထားပါ။ တစ်ခါတလေကျ ပုံ၁၀၀လောက်ရိုက်ရင်တောင် ၁၀ ပုံလောက် ထွက်ချင်မှ ထွက်တာကိုး။ ဒီလိုနည်းတွေနဲ့ သင်လိုချင်နေတဲ့ ဓာတ်ပုံကောင်းကောင်းလေး ရနိုင်ပါတယ်။ 

၆. ကင်မရာရွေးချယ်မှု

Beginner တွေသာမက professional Camera Man တွေတောင် အကြိုက်တွေ့တဲ့ ကင်မရာကတော့ DSLR (Digital Singal Lens Reflex) ပါ။ DSLR ကင်မရာတွေက မှန်ဘီလူးတွေ လဲလို့ရပြီး အရည်အသွေးကောင်းကောင်းနဲ့တည်ဆောက်ထားတဲ့ strong manual control ကင်မရာပါ။ ကိုယ်ရိုက်မယ့်ပုံကို ပြန်ကြည့်နိုင်တဲ့ viewfinder လည်းပါတာကြောင့် လွယ်ကူစွာ ရိုက်နိုင်ပါတယ်။ DSLR မှာ နာမည်ကြီးတဲ့ အမျိုးအစားတွေ့တော့ Canon, Nickon, Pentax, Sony တို့ပဲဖြစ်ပါတယ်။ viewfinder မပါတဲ့ DSLR ဆိုရင်တော့ Panasonic, Sony, Fujifilm စတဲ့အမျိုးအစားတွေရှိပါတယ်။ သတိထားရမှာက DSLR အများစုက မှန်ဘီလူးမပါ ပါဘူး။ သပ်သပ်ဝယ်ရပါတယ်။ ပြီးတော့ ကင်မရာအမျိုးအစားနဲ့ မှန်ဘီလူးအမျိုးအစားတူနေရပါမယ်။ ဥပမာ Canon Camera ဆိုရင် Canon Lens ပဲ သုံးလို့ရပါမယ်။ Beginner တွေအတွက် DSLR Camera သုံးနည်း Video လေးကိုလည်း ဖော်ပြပေးထားပါတယ်။

 

Ref; m. therese/ Independent

Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။