မြန်မာ့ဖက်ရှင်ကို အင်တာနေရှင်နယ်ဆန်ဆန် ဖန်တီးထားတဲ့ဒီဇိုင်းနဲ့ Stylist အောင်ကိုမိုး

Freelance Fashion Designer တစ်ဦးဖြစ်တဲ့ ဒီဇိုင်နာအောင်ကိုမိုး ဟာ ကွဲပြားခြားနားပြီး ဆန်းသစ်တဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့အတူ မြန်မာနိုင်ငံရဲ့ ဖက်ရှင်ပြေးလမ်းပေါ်မှာ ရပ်တည်နေတဲ့ Stylist တစ်ဦးပါ။ အခုတစ်ခေါက်မှာလည်း အောင်ကိုမိုး အနေနဲ့ မြန်မာ့ဖက်ရှင်ကို international trend နဲ့ပေါင်းစပ်ပြီးထူးထူးခြားခြားဖန်တီးခဲ့ပါတယ်။

သူဖန်တီးခဲ့တာကတော့ အမျိုးသမီးဝတ်အတွင်းခံအင်္ကျီဖြစ်ပြီး အမျိုးသမီးဝတ်လက်အိတ်တွေဝတ်ဆင်ခဲ့တဲ့အပြင် အမြင်ဆန်းအောင် အတွင်းခံကြားထဲမှာ ပန်းတစ်ချို့ကိုပါ ထည့်သွင်းခဲ့ပါသေးတယ်။

ဖက်ရှင်ကို ပိုပြီးဆန်းပြားသွားစေတဲ့အချက်ကတော့ အောင်ကိုမိုး ဟာ ရုပ်ရည်ချောမောသလို မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးတွေနဲ့ယောကျာ်းပီပီသသချောမောသူဖြစ်တဲ့အချက်ပါပဲ။

မြန်မာနိုင်ငံရဲ့ ဖက်ရှင်လောကထဲမှာ မြင်ရခဲတဲ့ ဖက်ရှင်ပုံရိပ်တွေဖြစ်သလို Stylist ကလည်း ချောတာကြောင့် WE Media ပရိသတ်ကြီးလည်း Stylist Aung Ko Moe ရဲ့ ပုံရိပ်တွေကို ကြိုက်နှစ်သက်မယ်လို့ယုံကြည်ပါတယ်။

Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။