တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းများကျေနပ်မှုမရှိလျှင် တစ်ဘာသာ ကျပ် ( ၂၅၀၀၀ ) ဖြင့်ပြန်လည်စစ်ဆေးနိုင်

၂၀၁၉ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအမှတ်များ ထင်ထားသည်ထက်လျော့နည်းနေသဖြင့် ကျေနပ်မှုမရှိပါက တစ်ဘာသာလျှင် ကျပ်နှစ်သောင်းခွဲဖြင့်ပြန်လည်စစ်ဆေးနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဌာနဦးစီး မှ ထုတ်ပြန်သည်။

ထိုစစ်ဆေးမှုကို အမှတ်စာရင်းများထုတ်ယူပြီး နှစ်ပတ်အကြာတွင် ပြန်လည်လျှောက်ထားနိုင်ပြီး စစ်ဆေးချိန်မှ အမှတ်စာရင်းပြန်ရသည်အထိ နှစ်လကြာမြင့်မည်ဟုသိရသည်။

ယခုကဲ့သို့စစ်ဆေးမှုကို ယခင်က တစ်ဘာသာ ကျပ် ၅၀၀၀ ဖြင့်ပြန်လည်စစ်ဆေးနိုင်သော်လည်း ယခုအခါအမှန်တကယ်စစ်ဆေးလိုသူများအတွက်သာ ရည်ရွယ်ပြီး တစ်ဘာသာ ကျပ် ၂၅၀၀၀ ဖြင့် ငါးဆတိုးမြှင့်လိုက်ခြင်းဖြစ်သည်။ စစ်ဆေးမှုအဖြေကိုသာ သိခွင့်ရမည်ဖြစ်ပြီး အဖြေလွှာကိုတော့ကာယကံရှင်များကြည့်ခွင့်ရမည်မဟုတ်ချေ။

အမှတ်စာရင်းကိုပြန်လည်စစ်ဆေးလိုသူများအနေဖြင့် မြန်မာနိုင်ငံစာစစ်ဌာနရုံးခွဲ ( ပါရမီလမ်း၊ လှိုင်မြို့နယ် ) နှင့် နေပြည်တော်ရှိ စာစစ်ဌာန ( ဦးစီး ) တွင် သွားရောက်လျှောက်ထားနိုင်ကြောင်းသိရသည်။

Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။