ဒေါ်လာ ( ၄၀၀၀ ) သုံးပြီး six packs အတု ရအောင်ပြုလုပ်ခဲ့သူ

ဖန်ပါဖန်း အွန်ဗီလိုင် ဆိုသူ အသက် ( ၂၄ ) နှစ်အမျိုးသားဟာ six packs ကို အရူးအမူးလိုချင်နေတဲ့သူဖြစ်ပါတယ်။ နှစ်တွေအကြာကြီး gym ဆော့လာခဲ့ပေမယ့် သူလိုချင်တဲ့ six packs မရတာကြောင့် နောက်ဆုံးမှာတော့ surgery လုပ်ပြီး ရမယ့်နည်းလမ်းကိုပဲရွေးချယ်ခဲ့ပါတယ်။



အဲ့ဒီလိုပြုလုပ်ဖို့အတွက် လတော်တော်ကြာအောင် အစားအသောက်နဲ့အနေအထိုင်ကို ပုံစံပြောင်းပစ်ခဲ့ရပါတယ်။ ဆော့နေကျ gym ကိုသိပ်မဆော့တော့ပဲ ဝိတ်တက်လာအောင်လုပ်ယူခဲ့တာဖြစ်ပြီး ခန္ဓာကိုယ်ကို နည်းနည်းပြည့်လာအောင်လုပ်ယူခဲ့တာပါ။ အဲ့ဒီလိုမှလည်း သူ့ရဲ့ ခန္ဓာကိုယ်ကို surgery လုပ်ရတာအဆင်ပြေမှာဖြစ်ပါတယ်။

ခွဲစိတ်မှုအတွင်းမှာ ဆရာဝန်တွေက သူ့ရဲ့ဝမ်းဗိုက်မှာ marking ပေးထားခဲ့ပြီး ကြွက်သားဖြည့်စွက်တာတွေ၊ အသားကျအောင်ပြုလုပ်တာအပြင် ဝမ်းဗိုက်ထဲက အဆီပိုတွေစုပ်ထုတ်တာတွေပါ ပါဝင်ခဲ့ပါတယ်။


ခွဲစိတ်မှုပြီးသွားသည့်တိုင်အောင် သူဟာ ကြွက်သားတုတွေ ဝမ်းဗိုက်နဲ့အသားကျနေစေဖို့အတွက် ပတ်တီးနဲ့တခြားထောက်ပံ့ပစ္စည်းတွေမဖြုတ်ပဲ လတော်တော်ကြာအောင်နေခဲ့ရပြီး အကိုက်အခဲပျောက်ဆေး၊ ပိုးသတ်ဆေး နဲ့ အနာကျက်ဆေးတွေကိုပါ အသုံးပြုခဲ့ရပါတယ်။

ကိုးလ အကြာမှာတော့ သူလိုချင်တဲ့ six packs ရရှိခဲ့ပြီး နောက်ဆုံးကမ်းခြေမှာ အပေါ်ပိုင်းဗလာ နဲ့ တောင့်တင်းတဲ့ခန္ဓာကိုယ်ကိုဖော်ပြီးဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။ ဒီခွဲစိတ်မှုတစ်ခုလုံးအတွက် စုစုပေါင်းကုန်ကျငွေက အမေရိကန်ဒေါ်လာ ( ၄၀၀၀ ) ဖြစ်ပြီး နာမည်ကျော်ခွဲစိတ်ဆရာဝန် Photiya Attitayapa ဦးဆောင်ပြီး operation ကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။


ထိုင်းနိုင်ငံမှာ အလှအပဆိုင်ရာပြုပြင်ခွဲစိတ်မှုတွေဟာ ၂၀၁၆ လောက်မှာ တစ်ဟုန်ထိုးမြင့်တက်လာခဲ့ပြီး ဝမ်းဗိုက် six packs ဖော်ဖို့ခွဲစိတ်ခြင်းဟာ လူငယ်နဲ့သက်လတ်ပိုင်းတွေကြားထဲမှာ ရေပန်းစားနေပါတယ်။

Gabriel
Source - Dailymail.co.uk



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။