Gay တစ်ယောက်အဖြစ် ဝန်ခံပြီးတဲ့အခါ ရင်ဆိုင်ရမယ့်အရာများ

Gay တစ်ယောက်အဖြစ်၊ Bisexual တစ်ယောက်အဖြစ် ဖွင့်ချဝန်ခံပြီးတဲ့အခါ ဘာတွေရင်ဆိုင်ရမလဲ။

ပထမဆုံးအနေနဲ့ ဝန်ခံလိုက်တယ်ဆိုတာ ဘဝအမှန်ကို ရှေ့ဆက်ခွင့်ပြုလိုက်ခြင်းပါပဲ။ ဖွင့်မချခင်မှာ ကိုယ့်ဘဝရဲ့လုံခြုံမှုနဲ့ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုဒဏ်တွေကို ခံနိုင်ဖို့ကြိုတင်ပြင်ဆင်ထားရပါမယ်။ ဝန်ခံလိုက်တဲ့အခါ ဘဝမှာ မမျှော်လင့်ထားတဲ့ အခွင့်အလမ်းတွေလည်း ရှိလာနိုင်ပါတယ်။ 

cute couple, doughnut, and thailand image 

ဝန်ခံလိုက်တာက ကိုယ့်ကိုယ်ကိုယ် ပိုသိလာစေတယ်

ဝန်ခံလိုက်တယ်ဆိုတည်းက တခြားသူတွေ အမြင်ကိုဂရုမစိုက်ဘဲ ကိုယ့်ကိုယ်ကိုယ် မလိမ်ချင်တော့တဲ့ စိတ်ကြောင့်ပါ။ ကိုယ့်ရဲ့ဖြစ်တည်မှုအစစ်အမှန်ကို လေးစားလို့ပါ။ အနည်းဆုံးတော့ ကိုယ့်လုပ်ဖော်ကိုင်ဖက်၊ ကိုယ့်မိသားစု၊ ကိုယ့်သူငယ်ချင်းကို ဖုံးကွယ်နေရတဲ့ စိတ်ဖိစီးမှုကနေ လွတ်မြောက်သွားမယ်။ ကမ္ဘာကြီးကို ကြည့်မြင်ပုံလည်း ပြောင်းသွားသလို ကမ္ဘာကြီးက ကိုယ့်အပေါ်ကြည့်မြင်ပုံလည်း ပြောင်းသွားမယ်။ အဲလိုအတွေးအမြင်တွေကပဲ တစ်ခါမှမစဉ်းစားဖူးတဲ့ ကိုယ့်အကြောင်းတွေကို ပိုသိမြင်လာစေတယ်။

bl, cute couple, and doughnut image 

ဝန်ခံလိုက်တဲ့အပေါ် ပတ်ဝန်းကျင်ရဲ့တုံ့ပြန်မှု

ဝမ်းသာပေးတဲ့သူရှိသလို ရှုံ့ချတဲ့သူလည်း ရှိမယ်။ ပုံမှန်အတိုင်း မပြောင်းလဲဘဲ ဆက်ဆံနေသူတွေလည်း ရှိမယ်။ သေချာတာက တခြားသူတွေရဲ့တုံ့ပြန်မှုနဲ့ အပြုအမူတွေကို ထိန်းချုပ်လို့မရပါဘူး။ ဒီအခြေအနေမှာ ကိုယ့်စိတ်ကိုယ် control လုပ်ပြီး အကောင်းဆုံး ထိန်းထားနိုင်အောင်ပဲ ကြိုးစားရမှာပါ။ ဒီလိုအချိန်မှာ ကိုယ့်အပေါ်ဘယ်သူက တကယ်စိတ်ရင်းနဲ့ကောင်းလဲဆိုတာကို သိလာလိမ့်မယ်။ မကောင်းမြင်တဲ့သူတွေ အကောင်းမြင်လာဖို့လည်း ကြိုးစားမနေပါနဲ့။ အဲဒီအစား ကိုယ့်ဘဝအစစ်အမှန်ကို လက်ခံပေါင်းသင်းတဲ့ သူတွေကိုပဲ အာရုံထားလိုက်ပါ။ တကယ်လို့သင့်အပေါင်းအသင်းထဲမှာ သင့်ကိုနားလည်ပေးနိုင်လောက်တဲ့ သူငယ်ချင်းမရှိဘူးဆိုရင် အခြားLGBT အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး သူငယ်ချင်းအသစ်ရှာပါ။ 

boys, asian, and couple image 

ကောင်လေးချစ်သူထားဖို့ စိတ်ဖိစီးမယ်

ဖွင့်ချလိုက်ပြီဆိုတာနဲ့ ယောက်ျားလေးချစ်သူထားကြည့်ချင်စိတ်တွေ ဖြစ်လာပါလိမ့်မယ်။ ဒါကဖြစ်တတ်တဲ့ သဘာဝပဲလေ။ ဒါပေမဲ့ ဆန္ဒမစောဖို့လိုပါတယ်။ သင်က ဖွင့်ချပြီးလို့ ယောက်ျားလေးချစ်သူရဖို့ အဆင်သင့်ဖြစ်နေပြီဆိုပေမယ့် တစ်ဖက်လူက အဆင်သင့်ဖြစ်ချင်မှ ဖြစ်မှာပါ။ ပြီးတော့ မကြာသေးခင်ကမှ ဝန်ခံထားတဲ့သူတွေဆိုရင် ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်ဖို့ အချိန်ယူနေရပါသေးတယ်။ နောက်တစ်ခုက သင်က တည်မြဲတဲ့ relationship တစ်ခုလိုချင်တာလား၊ အပျော်တွဲချင်တာလားဆိုတာ ကိုယ့်ကိုယ်ကိုယ် သိပါ။ ဘာလို့ဆို သင်ပေးတဲ့အတိုင်းပဲ သင်ပြန်ရမှာမလို့ပါ။ 

aesthetic, alternative, and asian boy image 

ပျော်လည်းပျော်ရမယ် စိတ်လည်းညစ်ရမယ်

စိတ်ကိုကြိုတင်ပြင်ဆင်ထားဖို့လိုတယ်ဆိုတာ ဘာကြောင့်လဲ။ ကိုယ်တစ်ယောက်တည်း ခံစားချက်မျိုးစုံ ဖြစ်လာနိုင်ချေရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မယ်၊ စိတ်တိုမယ်၊ အချည်းအနှီးဖြစ်သလိုခံစားရမယ်၊ ပျော်ရွှင်မယ်၊ စိုးရိမ်ပူပန်မယ်၊ စိတ်သက်သာရာရမယ်၊ စသဖြင့် ခံစားချက်ပေါင်းစုံဖြစ်နေလိမ့်မယ်။ ဘာတွေဖြစ်နေပါစေ၊ ဒါက အချိန်အတိုင်းအတာတစ်ခုအထိပဲဆိုတာ သိထားပါ။ ကိုယ့်ရဲ့ဘဝအသစ်ကို manage လုပ်နိုင်အောင် ကြိုးစားပါ။ တဖြည်းဖြည်းနဲ့တော့ နေသားကျသွားမှာပဲလေ။ အရာရာတိုင်းဟာ အစမှာ ခက်ခဲတယ်မဟုတ်လား။

Image result for Gay 

သတ်မှတ်ချက်တွေကို မေ့ထားလိုက်ပါ

အထက်တန်းစား၊ အောက်တန်းစား၊ အစိုခြောက်၊ အခါးခြောက် စတဲ့ ခွဲခြားသတ်မှတ်ချက်တွေက အလကားပါ။ လူအများကြိုက်တဲ့ အခြောက်ပုံစံလိုက်နေရမယ်ဆိုတာကြီးကလည်း ရေရှည်မှာ သိပ်တော့ အထာမကျပါဘူး။ ထားပါတော့ ခုခေတ်မှာ Kpop လို Gay တွေကိုကြိုက်ကြတယ်ဆိုပြီး အဲ့အတိုင်းကြီးလိုက်နေလို့ ဘာမှမထူးပါဘူး။ သင်ကသင်၊ သူတို့ကသူတို့ပဲလေ။ လူတွေရဲ့အကြိုက်ဆိုတာ အချိန်နဲ့အမျှ ပြောင်းလဲနေတာ။ ဒါကြောင့် အများကြိုက်တဲ့ ပုံစံမဟုတ်ပါဘူးလေ ဆိုပြီးတော့လည်း အုံ့ပုန်းလုပ်နေစရာ မလိုပါဘူး။ ကိုယ့်ရဲ့အစစ်အမှန်ကို ပျော်ပျော်ကြီးသာ ဝန်ခံလိုက်ပါ။ ဘာသာရေးအယူအဆအရ ဒါဟာ ဝဋ်ကြောင့်ဆိုရင်လည်း ဒီဘဝမှာတင် ဖွင့်ချပြီး အကျေဆပ်သွားလိုက်ပါ။

Ref; liveabout.com

Paulina