နက်နက်ရှိုင်းရှိုင်း ငိုကြွေးခြင်းဟာ ဝိတ်ကျစေနိုင်ကြောင်း လေ့လာတွေရှိ

ပျမ်းမျှအနေနဲ့ လူတစ်ယောက်ဟာ တစ်သက်မှာ  မျက်ရည် ၁၆ ဒသမ ၅ ဂါလံ လောက် ငိုကြွေးလေ့ရှိတယ်လို့ သိပ္ပံပညာရှင်တွေရဲ့အဆိုအရ သိရှိရပါတယ်။ လူတွေဟာ သူတို့ရဲ့စိတ်ခံစားမှုတွေကို မျက်ရည်တွေနဲ့ ဖော်ပြကြတယ်လို့ ဆိုရမှာပါပဲ။ ဒါပေမဲ့ အဲဒီလိုငိုကြွေးခြင်းဟာ ခန္ဓာကိုယ်အလေးချိန်တိုးမလာဖို့ အထောက်အကူဖြစ်စေတယ်ဆိုတာ သင်သိပါသလား။


စိတ်ခံစားမှုကြောင့် ဝိတ်အတက်/အကျ ဖြစ်နိုင်တာကို မယုံတဲ့သူ ရှိကောင်းရှိပါလိမ့်မယ်။ လူအများစုဟာ အလှောင်ခံရမှာစိုးတာကြောင့် မိမိရဲ့ စိတ်ခံစားချက်ကို ထုတ်ပြဖို့ ဝန်လေးတတ်ကြပါတယ်။ ဒါပေမဲ့ လေ့လာတွေ့ရှိချက်များစွာအရ အဲဒီလို စိတ်ခံစားချက်ကို အပြင်ထုတ်ပြီး ငိုကြွေးလိုက်တာဟာ အကျိုးအမြတ်များစွာရှိတယ်လို့ သိရှိရပါယ်။


အဲဒီလိုအကျိုးအမြတ်များစွာထဲက တစ်ခုကတော့ ခန္ဓာကိုယ်အလေးချိန်ကို အမှန်တကယ်ကျဆင်းစေတာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် သင့်အနေနဲ့ အခုလက်ရှိအနေအထားထက် ပိုမိုသေးသွယ်ချင်တယ်၊ ဝိတ်ကျဖို့လည်း သက်သက်မကြိုးစားချင်ဘူးဆိုရင်တော့ စိတ်ခံစားချက်တွေကို ချုပ်တည်းမထားဘဲ စိတ်ရှိလက်ရှိငိုကြွေးဖို့ လိုအပ်ပါတယ်။ ဘဝဆိုတာ အမြဲတမ်း အတက်အကျအနိမ့်အမြင့်ရှိတာကြောင့် ငိုကြွေးလိုက်ခြင်းဟာ ချုပ်တည်းထားခြင်းထက် စိတ်ကို ပိုမိုသက်သာမှု ရစေပြီး ဝိတ်ကျတဲ့ အကျိုးကျေးဇူးလည်း ရှိပါတယ်။


အဲဒီလိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ ကော်တီဆုန်းလို့ခေါ်တဲ့ စိတ်ဖိစီးမှုနဲ့ စပ်ဆက်တဲ့ ဟော်မုန်းတစ်မျိုး ဟာ အဝလွန်ခြင်းနဲ့ ဆက်နွယ်မှုရှိပါတယ်။ လူတစ်ယောက် စိတ်ဖိစီးတဲ့ ခံစားချက်ရှိလာပြီဆိုတာနဲ့ အဲဒီ ဟော်မုန်းက အစပျိုးထွက်ရှိလာတတ်ပါတယ်။ ကော်တီဆုန်းဟာ ပုံမှန်ဆိုရင် စိတ်ဖိစီးမှုဖြစ်စေတဲ့ ခံစားချက် တွေကို တိုက်ဖျက်ပေးတာ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေ အတည်ပြုပေးထားတာကတော့ စိတ်ခံစားမှုကြောင့် ထွက်လာတဲ့ မျက်ရည်မှာ ကော်တီဆုန် အဆင့်ကို တိုးတက်စေတဲ့ ဟော်မုန်းတချို့ ပါဝင်နေတယ်ဆိုတာပါပဲ။


ဒါပေမဲ့ အဲဒီလိုငိုကြွေးတာဟာ အတုအယောင်ငိုကြွေးလို့မရဘဲ စိတ်ထဲကနေ နက်နက်ရှိုင်းရှိုင်း ထွက်ပေါ်လာတဲ့ ခံစားချက်အစစ်အမှန်ကို အခြေခံမှာသာလျှင် ဝိတ်ကျခြင်းလို အကျိုးကျေးဇူးမျိုးကို ရရှိနိုင်တာပါ။ ခံစားချက် စစ်မှန်မှသာလျှင် အဲဒီလိုဟော်မုန်းဓာတ်မျိုး ထွက်လာမှာ ဖြစ်တာကြောင့် သရုပ်ဆောင်တွေ ငိုကြွေးတာက ဒီအချက်နဲ့ အကျုံးမဝင်ပါဘူး။ ဒါ့ပြင် အဲဒီလိုအကျိုးအမြတ်ရရှိဖို့အတွက် သိပ္ပံပညာရှင်တွေ အကြံပြုထားတဲ့ ငိုကြွေးဖို့ အကောင်းဆုံးအချိန်ဟာ ည ၇ နာရီကနေ ၁၀ နာရီ အတွင်း ဖြစ်ပါတယ်။


by Cherry Mon


Ref; Relrules, Bright Side

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။