ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွတ်တွေကိုသဘာဝနည်းနဲ့ဘယ်လိုပျောက်အောင်လုပ်မလဲ

ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွတ်နဲ့အမဲစက်တွေက တော်တော် စိတ်ညစ်စရာကောင်းပါတယ်။ ပျောက်ဖို့ကလည်း မလွယ်ဘူးလေ။ ဝက်ခြံညှစ်တတ်တဲ့သူတွေဆို ပိုဆိုးပါတယ်။ မညှစ်ပဲနဲ့လည်း မနေနိုင်ကြပြန်ဘူး။ ဒါကြောင့် ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွတ်တွေကို သဘာဝနည်းလမ်းတွေသုံးပြီး ကုသကြရအောင်။

အုန်းဆီ

white, coconut, and food image

အသားအရေပျက်ဆီးခြင်းတွေကို ကုသပေးတယ်။ ဆဲလ်အသစ်တွေ မွေးဖွားပေးတယ်။ ဝက်ခြံတွေ ထပ်မထွက်လာအောင် ကာကွယ်ပေးတယ်။ ချွေးပေါက်တွေကို ပိတ်သွားစေတာမို့လို့မသုံးခင် ကိုယ်က ဘယ်လိုအသားအရေ အမျိုးအစားလဲဆိုတာ သိထားဖို့တော့လိုပါတယ်။ 

အသုံးပြုနည်း

- အုန်းဆီ လဖ္ဘရည်ဇွန်း ၁ စွန်းစာယူပြီး လက်ဖဝါးမှာပွတ်ပါ။

- မျက်နှာမှာလိမ်းပါ။ အထူးသဖြင့် ဝက်ခြံအမာရွတ်တွေရှိတဲ့နေရာကို စိမ့်ဝင်အောင်လိမ်းပါ။

- ညဖက်လိမ်းအိပ်ပြီး မနက်ရောက်လျှင် မျက်နှာသစ်လိုက်ပါ။

- တစ်နေ့တစ်ခါ (သို့) တစ်ရက်ခြားတစ်ခါလိမ်းပါ။

ရှားစောင်းလက်ပတ်

aloe vera and benefits of aloevera image

အမာရွတ်တွေ ကုသတဲ့နေရာမှာ အလွန်အသုံးဝင်ပါတယ်။ ပျက်ဆီးနေတဲ့ အသားအရေကို ကုသပေးပါတယ်။

အသုံးပြုနည်း

- ရှားစောင်းလက်ပက်အနှစ်ကို ခြစ်ယူပါ။

- အမာရွတ်မှာ နှစ်ထပ်သုံးထပ်လောက် လိမ်းပါ။

- ညဖက်လိမ်းအိပ်ပါ။

- ညတိုင်းလိမ်းပါ။

နနွင်း

Cinnamon, cooking, and red image

အမာရွတ်ကို ပျောက်ကင်းစေပြီး အသားအရောင်ညီညွတ်စေပါတယ်။ ပျက်ဆီးသွားတဲ့ အသားအရေတစ်ရှူးတွေကို အသစ်ဖြစ်ပေါ်စေပြီး အသားအရေလှပါစေပါတယ်။

အသုံးပြုနည်း

- နနွင်းမှုန့် လဖ္ဘက်ရည်ဇွန်း ၂ စွန်းကို သံပုယိုရည်နဲ့ပျစ်ပျစ်လေးရောစပ်ပါ

- မျက်နှာမှာသုတ်လိမ်းပြီး မိနစ် ၃၀ ထားပါ။ ပြီးလျှင်ရေဆေးချပါ။

- တစ်ရက်ခြားတစ်ခါလုပ်ပါ။

အာလူး

delicious, potato, and potatoes image

အသားအရေဝင်းမွတ်စေပြီး အမာရွတ်တွေကို မှေးမှိန်စေပါတယ်။ အသားအရောင်ညီညွတ်စေပါတယ်။

အသုံးပြုနည်း

- အာလူးကိုကျိတ်ပြီး အရည်ညှစ်ယူလိုက်ပါ။

- Cotton pad ကိုသုံးပြီး အမာရွတ်နေရာတွေကို လိမ်းပါ။

- မိနစ် ၂၀၊ ၃၀ လောက်ထားပြီး ရေဆေးချလိုက်ပါ။

- တစ်နေ့တစ်ခါလုပ်ပါ။

Green Tea

tea, cup, and vintage image

အသားအရေပျက်စီးမှုတွေနဲ့ဝက်ခြံတွေရဲ့အရွယ်အစားကို သေးသွားစေပါတယ်။

အသုံးပြုနည်း

- အသုံးပြုပြီးလို့ စိုနေတဲ့ Green Tea ထုပ်ကို အမာရွတ်ပေါ်တင်ပါ။

- ထပ်ပေါင်းအနေနဲ့Green Tea သောက်ပေးရင်လည်း ပိုပြီး သိသာတဲ့ result ကိုရပါတယ်။

- တစ်နေ့တစ်ကြိမ်ပြုလုပ်ပါ။

Source; stylecraze.com

By Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။