(၁)လနီးပါး နှာခေါင်းသွေးယိုနေတဲ့ အမျိုးသား ဆေးခန်းရောက်လာသောအခါ (ရုပ်သံ)

(၁.၅.၂၀၁၉)ရက်နေ့က ပြည်မြို့၊ မြို့သစ် (၂)လမ်းက ဆေးခန်းကို ထူးဆန်းတဲ့ လူနာတစ်ယောက်ရောက်ရှိလာခဲ့ပါတယ်။ အဆိုပါ လူနာဟာ နှာခေါင်းသွေးယိုနေတာ (၁)လောက်ရှိနေပြီဖြစ်ပြီး တတ်ကျွမ်းတဲ့ဆရာဝန်တွေနဲ့ များစွာလည်း ကုသခဲ့ပြီးပြီလို့ သိရပါတယ်။ တကယ်တော့ အဆိုပါ လူနာဟာ ဆေးခန်းပြသမှုနောက်ကျရခြင်းဟာ ကျေးရွာမှာ နေထိုင်တဲ့သူဖြစ်ပြီး ကျေးရွာက နီးစပ်ရာ ဆရာသမားတွေနဲ့ ဟိုပြဒီပြ လုပ်နေခြင်းကြောင့်ဖြစ်တယ်လို့လည်း သိရပါတယ်။

၎င်း လူနာဟာ (၁)လလုံး နှာခေါင်းသွေးယိုလိုက် တိတ်လိုက်နဲ့ ဝေဒနာခံစားနေရပြီး နှာခေါင်းထဲမှာလည်း သွေးခဲတွေ အမြဲစို့နေခဲ့တယ်လို့ သိရပါတယ်။ နောက်ဆုံးမှာ ဆေးခန်းကိုရောက်လာပြီး သူပြောတဲ့ သွေးခဲလေးတွေကို ဆရာဝန်မှ သေသေချာချာ မီးနဲ့ကြည့်ပြီး ဆွဲကိုင်လောက်တော့ သွေးခဲလေးက တွန့်တွန့်ဝင်နေတာကို တွေ့လိုက်ရပါတယ်။ 

နောက်ဆုံး ဆရာဝန်မှ ဒါဟာ သွေးခဲမဟုတ်ဘဲ အကောင်တစ်ကောင်ဖြစ်နိုင်တယ်လို့ သိရှိသွားတဲ့နောက်မှာ နှာခေါင်းဝထိ ထွက်လာအောင် ဆွဆွပေးပြီး နောက်ဆုံးမှာ ဇာဂနာနဲ့ ဆွဲထုတ်လိုက်တော့ လုံးဝမထင်မှတ်ထားတဲ့ အကောင်တစ်ကောင်ဖြစ်နေပါတယ်။ ဝေဒနာရှင်လည်း လန့်သွားသလို ဆရာဝန်လည်း အံ့သြသွားခဲ့ရပါတယ်။ ဒီတော့ ပရိသတ်ကြီးလည်း အောက်က Video လေးမှာ ဘာအကောင်လည်းဆိုတာ ကြည့်လိုက်ပါဦးနော် ..။

">

Source; Xeon Neon FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။