ကင်မရာ ( ၃ ) လုံးနဲ့ ထွက်လာဖို့များနေတဲ့ Apple iPhone အသစ်

ကင်မရာ ( ၃ ) လုံးနဲ့ Apple ရဲ့ ဖုန်းသစ်ကတော့ မကြာခင်ထွက်လာတော့မယ် ... အဲ .. ဈေးတွေဘယ်လောက်လဲရော သိကြလား .. အက်မင်လည်း မသိဘူးဗျ .. ဒါပေမယ့် နောင်တော်ကြီးတွေဖြစ်ကြတဲ့ X, XS, XR, XS Max တို့ရဲ့ခြေရာအတိုင်းပဲ စစခြင်း သိန်း ၃၀ တို့ ၃၂ သိန်း တို့ကြားရမယ်ထင်ပါရဲ့ ..

ဈေးသာအော်နေတာ .. မြန်မာနိုင်ငံမှာ အဲ့ အိုင်ဖုန်းအသစ်ထွက်ပြီဆိုတာနဲ့ မဝယ်ပဲနေကြမယ်ထင်လား .. အလုအယက်ကိုဝယ်ကြဦးမှာ ..

ပရီအော်ဒါတွေ .. ဘွတ်ကင်တွေလုပ်ပြီး 1st experience ဆိုတာကြီးကို ဂုဏ်ဆာကြဦးမှာ မြင်ယောင်သေးတယ်။ အဲ့လို ကြိုတင်ဘွတ်ကင်တွေထဲ WE ပရိသတ်တွေထဲက ခင်ဗျားလည်းပါရင်ပါမှာပေါ့။

ဒီဇိုင်းကတော့ အရင်ထွက်လာပြီးတဲ့အတိုင်းပဲ ဘာမှသိပ်ပြီးပြောင်းသွားမယ်မထင်ဘူး ( leaked ဖြစ်တဲ့ပုံအရပေါ့ ) နောက်ပြီး Notch တွေဘာတွေလည်း အရင်အတိုင်းပဲ။ ဒါပေမယ့် အထဲမှာတော့ feature တွေအသစ်ပါရင်ပါလာနိုင်တယ်။ Biometric sensor လိုမျိုး feature အသစ်တွေပါရင်ပါလာမယ်။ အက်မင်လည်းမသိဘူးလေ။ Spoil ကြည့်တာ။

ပုံတွေအရတော့ နောက်ထွက်လာမယ့် အိုင်ဖုန်းမှာ ကြီးကြီးမားမားပြောင်းလဲနိုင်တာ camera concept ဖြစ်ဖို့များတယ်။ အရင်က ဒေါင်လိုက် horizontal concept နဲ့ ကင်မရာဒီဇိုင်းတွေထွက်ခဲ့တယ်။ အခုတစ်ခေါက်တော့ နောက်ကျောဘက်နေရာက လေးထောင့်ခွက်ထဲမှာ embedded လုပ်ထားပြီး ကင်မရာအကြီးကြီးသုံးလုံးနဲ့ concept ဖြစ်ဖို့များတယ်။

leaked ဖြစ်ထားတဲ့ပုံတွေအရတော့ ဒီပုံစံဒီဇိုင်းကာလာက ဖြစ်နိုင်ဖို့အသေချာဆုံးပဲ။ ပုံစံမပြောင်းတာတော့မပြောင်းတာတစ်ပိုင်းပေါ့။

ဘာပဲဖြစ်ဖြစ် အိုင်ဖုန်းချစ်သူတွေအနေနဲ့ အသစ်ထွက်လာမယ့် ဖုန်းသစ်ရဲ့ camera setup ကို ကြိုက်ကြမယ်ထင်ပါတယ်။ မကြိုက်လည်းကြိုက်တယ်တော့လုပ်လိုက်။ Apple ဘယ်လောက်ထိချစ်လဲမချစ်လဲ .. သခွားသီးတောင် Apple တံဆိပ်ကပ်ပြီး ဒေါ်လာ ၂၀၀၀ လောက်နဲ့ရောင်းလဲ ဝယ်မှာပဲ မဟုတ်လား .. မသိတာမှတ်လို့ :3

Gabriel
Source - The Verge

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။