အမျိုးသမီးတွေ အောင်မြင်ချင်ရင် မင်းသမီးလေးမူလန်လို ကျင့်ကြံပါ

“လေပြင်းတွေက ဘယ်လောက်ပဲ ဟိန်းဟောက်နေပါစေ။ တောင်တန်းတွေကတော့ ဘယ်တော့မှ ဦးညွတ်မှာမဟုတ်ဘူး”

 gif and mulan image

Disney Princess ရုပ်ရှင်တွေထဲက မူလန်ဆိုတဲ့ကားလေးကို ကြည့်ဖူးကြလား။ ကြည့်ဖူးသူတွေတော့ ဒီကားလေးက ဘယ်လောက်တောင် စိတ်ဓာတ်ခွန်အားရလဲ (အထူးသဖြင့် အမျိုးသမီးတွေအတွက်) ဆိုတာ သိကြမှာပါ။ အောင်မြင်ချင်ရင် ဘာလို့ မူလန်လို ကျင့်ကြံသင့်တာလဲ?

ယောက်ျားမိန်းမ မခွဲခြားဘူး၊ ကိုယ့်ဖြစ်တည်မှုကိုယ် လေးစားတယ်

Image result for mulan gif

ဇာတ်လမ်းထဲမှာ မူလန်ဟာ သူမဖခင်အစား စစ်တိုက်ဖို့အတွက်ယောက်ျားလေး ယောင်ဆောင်ခဲ့ရတယ်။ ယောက်ျားသားတွေနဲ့တန်းတူ စစ်ရေးလေ့ကျင့်ပြီး တိုက်ပွဲဝင်ခဲ့တယ်။ မိန်းမဆိုတာ အိမ်ထောင်မှုကိစ္စတွေပဲလုပ်ပြီး ယောက်ျားတွေရဲ့အစေခံတစ်ယောက်လို နေထိုင်ရမယ်ဆိုတဲ့ လိင်ခွဲခြားမှု ဓလေ့ထုံးတန်းတွေကို ချိုးဖျက်ခဲ့သူပါ။ မိန်းမတွေကို ဉာဏ်ရည်နိမ့်တယ်လို့ချိုးနှိမ်လှောင်ပြောင်ကြတဲ့ ယောက်ျားတွေကို တိုက်ပွဲမှာ ဦးဆောင်နိုင်ခဲ့တယ်။

girl, aesthetic, and mulan image

မိန်းမတိုင်းဉာဏ်တိမ်တာမဟုတ်သလို ယောက်ျားတိုင်းလည်း ဉာဏ်ရည်မြင့်နေတာ မဟုတ်ဘူးဆိုတာ မူလန်က သက်သေပါပဲ။ ဒါကြောင့် အမျိုးသမီး အပေါင်းတို့ အောင်မြင်ချင်ရင် ယောက်ျားမိန်းမဆိုတဲ့ ခွဲခြားမှုကြီးကို ခေါင်းထဲက အပြီးအပိုင် ဆွဲနှုတ်ပစ်လိုက်ပါ။ ကိုယ့်ဖြစ်တည်မှုကိုယ် လေးစားပြီး အကောင်းဆုံးကြိုးစားရင် ဘုရင်ကိုတောင်ပဲ့ကိုင်နိုင်တဲ့ ဘုရင်မတွေ ဖြစ်လာမှာပါ။ 

သူမရဲ့နှလုံးသားကပြောတဲ့စကားကိုပဲလုပ်တယ်

Related image

ရိုးရာဓလေ့ထုံးစံတွေ၊ ယုံကြည်မှုတွေနဲ့ပတ်သက်လို့ အမြဲတမ်း မေးခွန်းတွေထုတ်နေတတ်တဲ့ မူလန်ကို တခြားသူတွေက တားမြစ်ခဲ့ကြတယ်။ ဘယ်သူ့စကားကိုမှနားမထောင်ဘဲ မူလန်ဟာ သူ့နှလုံးသားက လက်ခံတဲ့အတိုင်းပဲ နေထိုင်ခဲ့တယ်။ သူမဟာ နှိမ့်ချတယ်၊ ကြင်နာတယ်၊ တစ်ပါးသူတွေပျော်ရွှင်ဖို့အတွက် နည်းလမ်းရှာဖွေတယ်။ “ငါ့ရဲ့တာဝန်က ငါ့နှလုံးသားကို နားထောင်ဖို့ပဲ” လို့ သူမ ပြောခဲ့တယ်။

Image by уυησ🥀

ဟုတ်ပါတယ်။ ကျွန်မတို့တွေ ဘယ်အချိန်ထိ သူများစကားတွေနောက်ကိုပဲ လိုက်နေကြမှာလဲ။ အမျိုးသမီး ဘယ်နှယောက်များ ကိုယ့်နှလုံးသားကိုယ် shut down ချပြီး သူများစကားတွေကိုပဲ နားယောင်နေမှာလဲ။ သူများက မကောင်းဘူးပြောတိုင်း မလုပ်တော့ဘူးလား။ တကယ်မလုပ်ကြည့်သေးဘဲ ကောင်းတယ်မကောင်းဘူး ဘယ်လိုသိမလဲ။ အရဲစွန့်မှုတိုင်းမှာတော့ ပေးဆပ်မှုတွေ၊ ထိခိုက်နစ်နာမှုတွေရှိမှာပဲ။ ဒါပေမဲ့ ရလာမယ့် ရလဒ်ကတော့ တန်ပါတယ်။ 

စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်အောင် တည်ဆောက်တယ်

Related image

လူတိုင်းက မူလန်ကို အရှုံးသမားလို့ပြောနေကြချိန်မှာ သူမဟာ လုံးဝ လက်မလျှော့ခဲ့ဘူး။ သူတို့တွေမှားနေတယ်ဆိုတာ သက်သေပြဖို့ကြိုးစားခဲ့တယ်။ တကယ်လည်း သူမ သက်သေပြနိုင်ခဲ့တယ်။ သူမအဖွဲ့ထဲမှာ အတော်ဆုံးသူတစ်ယောက်ဖြစ်အောင် ကြိုးစားတယ်။ နောက်တော့ တပ်ဖွဲ့တစ်ဖွဲ့လုံးမှာ အတော်ဆုံး စစ်သားအဖြစ် အားလုံးရဲ့လေးစားမှုကို ရရှိခဲ့တယ်။ အောင်မြင်ချင်ရင် သူများတွေ ကိုယ့်ကို မယုံတော့တဲ့အချိန်မှာတောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေဖို့ အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ် အရှုံးသမားလို့ မခံယူသ၍ သင်မရှုံးသေးပါဘူး။

အမြဲခွင့်လွှတ်တယ်

Related image

ခွင့်လွှတ်ခြင်းဆိုတာ ကိုယ့်ကိုယ်ကို လွတ်လပ်ခွင့် ပေးလိုက်ခြင်းပါပဲ။ ခွင့်မလွှတ်တတ်တဲ့သူတွေဟာ သူတစ်ပါးကိုသာမက ကိုယ့်ကိုယ်ကိုပါ နာကျင်စေတယ်ဆိုတာကို မူလန်နားလည်တယ်။ ခွင့်လွှတ်ခြင်းရဲ့ အားအင်ဘယ်လောက်ကြီးမားလဲဆိုတာ သူမသိတယ်။ ကမ္ဘာကြီးကို နည်းနည်းလောက်လေးဖြစ်ဖြစ် ငြိမ်းချမ်းစေချင်ရင် ခွင့်လွှတ်ခြင်းတွေ လိုအပ်ပါတယ်။ ဒီလိုပဲ အောင်မြင်ချင်ရင် ခွင့်လွှတ်သင့်သူကို ခွင့်လွှတ်ပေးလိုက်ဖို့လိုပါတယ်။

ကိုယ့်အပေါ်ကိုယ် စစ်မှန်စွာ နေထိုင်တယ်

Image result for mulan gif

တရုတ်နိုင်ငံကြီး သူမကို ဦးညွှတ်ခဲ့တယ်။ ဒီအင်ပါယာကြီးမှာ သူမဟာ အကောင်းဆုံး စစ်သားတစ်ယောက်ဖြစ်ခဲ့တယ်။ ဒါပေမယ့် သူမဟာ အရင်လိုပဲ တစ်ကိုယ်ကောင်းမဆန်တဲ့၊ မိသားစုကိုချစ်တဲ့၊ ခွေးတွေ၊ မြင်းတွေ၊ နဂါးလေးကို ချစ်တဲ့၊ တစ်ပါးသူကို အကောင်းဆုံးတွေပဲ ပေးစွမ်းချင်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေတုန်းဘဲ။ တရုတ်နိုင်ငံကြီးကို ကယ်တင်ခဲ့လို့ ခေါင်းဆောင်ကြီးတွေကတောင် ဦးညွှတ်ရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်နေပေမယ့် လူတိုင်းကို တလေးတစားဆက်ဆံနေဆဲဘဲ။ အမြင့်ဆုံးကို ရောက်သွားရင်တောင် မာနမထောင်လွှားတဲ့စိတ်ရှိဖို့ လိုအပ်ပါတယ်။ ဒါမှလည်း လူပီသတဲ့လူတစ်ယောက်၊ ကြည်ညိုထိုက်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်မယ်မဟုတ်လား။

 mulan, disney, and princess image

ကာတွန်းကားဆိုပေမယ့် ယူတတ်ရင် အနှစ်တွေကြီးပဲ။ မိန်းကလေးတိုင်းက ဒီကားထဲက မူလန်လိုဖြစ်နိုင်ပါတယ်။ ဘာလို့မဖြစ်နိုင်ရမှာလဲ။ သူမလို ကျင့်ကြံရင် မအောင်မြင်စရာအကြောင်း ဘယ်မှာရှိမှာလဲ။ ရည်မှန်းချက်သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ အောင်မြင်အောင် လုပ်နိုင်ရင် သင်က အောင်မြင်တဲ့သူ၊ မူလန်နဲ့တူတဲ့သူပါပဲ။ 

Ref; Mehri

By Paulina