ကောင်လေးတစ်ယောက်က သင့်ကို Crush နေတယ်ဆိုတာ သိနိုင်တဲ့အချက်များ

အသိမိတ်ဆွေ (သို့မဟုတ်) ကိုယ် crush နေတဲ့ ကောင်လေးက ကိုယ့်ကို ပြန် crush နေတယ်ဆိုတာ ဘယ်လိုနည်းလမ်းတွေနဲ့ သိနိုင်မလဲ။ 100% မဟုတ်ရင်တောင် 95% တော့မှန်မှာ သေချာတယ်။

၁) စကားစပြောတယ်

Image result for crushing on a girl gif

သင့်ကို စကားလာပြောတာက သင့်အတွက်အချိန်ပေးတယ်၊ သင်နဲ့ရင်းနှီးချင်တယ်ဆိုတဲ့ သဘောပါပဲ။ ပျင်းနေလို့ပဲဖြစ်ဖြစ် တစ်ယောက်ယောက်က သင့်ကို Message ပို့တဲ့အခါ သူ့စိတ်ထဲမှာ ပေါ်လာတဲ့သူက သင်ဖြစ်နေတယ်၊ သင့်ကသူ့ကိုအပျင်းပြေစေတယ်။ ဒါဆိုရင် သေချာတာက သူ့စိတ်ထဲမှာ သင်ရှိနေလို့ပဲပေါ့။

၂) စိတ်ဝင်စားစရာ အကြောင်းအရာတွေကို ဝေမျှတယ်

Image result for handsome smile gif

သင် ဘာတွေစိတ်ဝင်စားလဲ မေးမယ်။ သင်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို လေ့လာပြီး သင့်ကိုပြန်ပြောပြမယ်။ ပြီးတော့ သင်စကားပြောနေတဲ့အချိန် သေချာအာရုံစိုက်နားထောင်တယ်။

၃) ကိုယ်နေဟန်ထား

Image result for crushing on a girl gif

အခန်းထဲကို သင်ဝင်လာတဲ့အခါ သူ့ရဲ့ခန္ဓာကိုယ်က တောင့်တောင့်ကြီးဖြစ်သွားတာမျိုး၊ သင်နဲ့စကားပြောတဲ့အခါ သင့်မျက်လုံးကို မခွာတန်းစိုက်ကြည့်တာမျိုး၊ သူ့ရဲ့ခြေထောက်ထိပ်တွေက သင့်ဘက်ကို လှည့်ထားတာမျိုး၊ မကြာခဏ သင့်ကို ထိတွေ့တာမျိုးတွေ လုပ်တယ်ဆိုရင် သူသင့်ကို crush နေတာ၊ သူ့နားမှာ သင့်ကိုရှိစေချင်နေတာပါ။

၄) အတုခိုးတယ်

Image result for crushing on a girl gif

သင့်လိုမျိုး တစ်ခုခုကို တုပပြီး သူလုပ်တယ်ဆိုရင် ဒါသင့်ကို သူစိတ်ဝင်စားနေတဲ့သဘောပါ။ ဥပမာ- သင်ပြောတဲ့စကားကို လိုက်ပြောတာမျိုး၊ သင်လုပ်တဲ့အရာတွေ လိုက်လုပ်တာမျိုး။ သင်နဲ့ပိုတူချင်တယ်။ သင့်လိုမျိုးဖြစ်ချင်တယ်။ ဒါမှ သင့်ဆီက စိတ်ဝင်စားမှုကို သူရမယ်လေ။

၅) ပြုံးတယ်

Image result for handsome smile gif

သူကသင့်ကို သဘောကျနေတယ်ဆိုရင် သင့်ကို ပြုံးပြပါလိမ့်မယ်။ သူ့ရဲ့နေ့တွေကို သင်က လန်းဆန်းစေတယ်ဆိုတဲ့သဘောမျိုးဆောင်သလို၊ သူ့အပြုံးလေးမှာ သင့်ကိုကြွေသွားစေချင်လို့ပါ။ ပြီးတော့ သင် သူ့အနီးတဝိုက်မှာ ရှိနေတာကို သူပျော်တယ်ဆိုတဲ့ သဘောပါ။

၆) အပြုအမူ

Related image

သင်အနားမှာ ရှိတဲ့အခါ သူ့ရဲ့အပြုအမူတွေက တစ်မျိုးဖြစ်သွားပါလိမ့်မယ်။ ဥပမာ- သင်ရှိနေရင် သူအသံတိတ်သွားလိမ့်မယ်၊ အေးဆေးပြီးလျှို့ဝှက်တဲ့ ကောင်လေးပုံစံမျိုးဖမ်းပြီး သင့်ကိုစွဲဆောင်လိမ့်မယ်။ ဒါက လူပေါ်မူတည်ပြီးကွာတာပေါ့နော်။ ဟာသတွေလုပ်ပြီး စွဲဆောင်တတ်သူတွေလည်း ရှိတာပဲ။ 

၇) ဥပက္ခာပြုတယ်

Image result for handsome boy gif

သူတို့စိတ်ဝင်စားသလို သူတို့ကိုရော သင်ကပြန်စိတ်ဝင်စားရဲ့လားဆိုတာ သိရအောင် တစ်ခါတလေမှာ မသိချင်ယောင်ဆောင်တတ်ကြသေးတယ်။ တချို့ကောင်လေးတွေကျတော့ ရှက်နေလို့၊ တစ်ခုခုမှားသွားမှာ ကြောက်နေလို့ပါ။ 

၈) ဆက်သွယ်တယ်

Image result for handsome boy gif

သင့်ကိုအာရုံစိုက်တယ်။ သင်ရှိနေတဲ့အချိန် ဖုန်းတွေဘာတွေ သိပ်မသုံးတော့ဘူး။ သင်နဲ့ စကားပြောရဖို့ပဲ သူစိတ်ဝင်စားတယ်ဆိုတဲ့ သဘောပါ။ သူတစ်ခုခုလုပ်ရင်လည်း သင့်ဆီစာလေးတွေပို့ပြီး ပြောပြတယ်ဆိုရင် သူနဲ့သင်ကြားမှာ ဘာမှကွယ်ဝှက်မထားချင်ဘူးဆိုတဲ့ သဘောပါ။ 

Ref; Arianna

By Paulina