အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေးနိုင်တဲ့ အစားအစာများ

အသက်အရွယ်ရလာရင်တော့ အိုမင်းရင့်ရော်လာမှာပါပဲ။ ဒါက သဘာဝဖြစ်ပြီးတော့ တားဆီးလို့မရနိုင်ပါဘူး။ အသက်ကိုပြန်ငယ်လို့မရပေမယ့် အပေါ်ယံအသားအရေကို နုပျိုနေအောင်၊ အိုမင်းရင့်ရော်ခြင်းတွေကို နှေးကွေးအောင်တော့ လုပ်လို့ရပါသေးတယ်။ စိတ်နှလုံးကိုလည်း အေးချမ်းအောင်နေမယ် အနေအထိုင်လည်း ဆင်ခြင်မယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ ပျိုမျစ်မှုကိုရမှာပါ။ ဒါ့အပြင် အစားအသောက်ကိုပါ ဂရုစိုက်ပေးမယ်ဆိုရင် သက်တူရွယ်တူတွေကြား ကိုယ်ဟာ အနုဆုံးလို့ပြောခံရမှာ အသေအချာပဲနော်။ ဒီတော့ ဘယ်လို အစားအစာတွေ စားရမလဲဆိုတော့

Image by Jarbas Jacare 

၁. လိမ္မော်သီးလိုမျိုး Vitamin C ပါဝင်တဲ့အစားအစာများ

လိမ္မော်သီးတစ်လုံးမှာ Vitamin C 85% တောင် ပါပါတယ်နော်။ ဗီတာမင် စီ က ဖျားနာခြင်းတွေ၊ ရောဂါတွေကို ခုခံနိုင်တဲ့ antioxidant ပါဝင်တယ်၊ အသားအရေကို ထိခိုက်စေတဲ့ ဓာတ်တွေလည်း မပါဝင်ပါဘူး။ ဗီတာမင် စီ လျော့နည်းတဲ့အခါ အရေပြားဟာ ထိခိုက်ဒဏ်ရာရလွယ်ပြီး ပြန်လည်ပျောက်ကင်းဖို့လည်း နှေးကွေးသွားပါတယ်။ ပြီးတော့ ခုခေတ်စားနေတဲ့ အသားအရေ တင်းရင်းဖို့သောက်ကြတဲ့ ကော်လာဂျင်(Collagen) ဓာတ် တွေလည်း ပါဝင်တယ်နော်။ 

 

၂. နေကြာစေ့

အပျင်းပြေဝါးတဲ့ နေကြာစေ့မှာ အံ့သြလောက်စရာကောင်းတဲ့ အကျိုးကျေးဇူးတွေရှိတာ အားလုံးသိကြမှာပါ။ နေကြာစေ့သေးသေးလေးတွေမှာ Copper, Vitamin B-1, manganese, selenium, phosphorus, magnesium, vitamin B6, folate, niacin စတဲ့ ဓာတ်တွေပါဝင်ပါတယ်တဲ့။ အံ့မခန်းပဲနော်။ ဒီထက်ပိုကောင်းတာက vitamin E ပါဝင်တာပါ။ Vitamin E က အသားအရေကို ကုသပေးတဲ့နေရာမှာ အလွန်ကောင်းမွန်ပါတယ်။ 

Carrots 

၃. မုန်လာဥနီ

ယုန်လေးတွေ ဘာကြောင့်အရမ်း ချစ်စရာကောင်းပြီး သွက်လက်နေရလဲဆိုတဲ့အဖြေကတော့ ဥနီတွေ အများကြီးစားလို့ပါတဲ့။ ဥနီမှာ Beta Carotene ဓာတ်ပါဝင်ပါတယ်။ အဲဒီ့ဓာတ်ကြောင့် ဥနီဟာ လိမ္မော်ရောင်ဖြစ်နေတာပါ။ Carotene ဓာတ်က ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်စေပြီး အသားအရေလဲလှစေပါတယ်။ ဥနီကို သောက်သုံးတာက နေလောင်ဒဏ်တွေကိုလည်း သက်သာစေပါတယ်။ 

 What'll Happen to You If You Start Eating 3 Eggs a Day

၄. ကြက်ဥ

အိုမင်းရင့်ရော်ခြင်းကင်းဖို့ အဓိကလိုအပ်ထာက ဗီတာမင်ဒီပါ။ ဗီတာမင် ဒီကို နေရောင်ခြည်နဲ့ထိတွေ့ခြင်းအားဖြင့် ရနိုင်သလို ကြက်ဥကနေလည်း ရနိုင်ပါတယ်။ ဒါကြောင့် နေရောင်မထိဖြစ်တဲ့နေ့တွေမှာ ကြက်ဥစားပါ။ ဗီတာမင်ဒီဓာတ် ချို့တဲ့ရင် အရေပြားရောဂါတွေနဲ့ အရေပြားကင်ဆာတောင် ဖြစ်နိုင်ပါတယ်။ အရေပြားနီမြန်းရောင်ရမ်းခြင်း၊ ဝက်ခြံ၊ ဆံပင်ကျွတ်ခြင်းနဲ့ ရောဂါကူးစက်ခြင်းတွေက ဗီတာမင်ဒီဓာတ်ချို့တဲ့လို့ဖြစ်ရတာပါ။ 

 

၅. ဘလက်ဘယ်ရီ

ဘလက်ဘယ်ရီမှာ ဗီတာမင်စီ၊ ဗီတာမင် ကေ၊ ဗီတာမင် အေ၊ အမျှင်ဓာတ်နဲ့ antioxidant ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့စမ်းသပ်မှုအရ ဘလက်ဘယ်ရီသီးမှာပါတဲ့ ဓာတ်ဟာ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးနိုင်ရုံမက အသားအရေရောင်ရမ်းခြင်းကိုကာကွယ်ပေးပါတယ်။ antioxidant လည်းကြွယ်ဝပြီးတော့ အရေပြားဆဲလ်တွေ သေဆုံးခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် အိုမင်းရင့်ရော်ခြင်းကင်းဝေးဖို့ ဘလက်ဘယ်ရီသီးက အထောက်အကူပြုပါတယ်။ 

Ref; foodprevent.com

By Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။