နိုင်ငံ (၁၁)နိုင်ငံရဲ့ အကောင်းဆုံးအစားအစာ (၁၁)မျိုး

အစားအသောက်ချစ်သူတွေအတွက် ကမ္ဘာအနှံ့နိုင်ငံအသီးသီးမှာရှိတဲ့ အကောင်းဆုံးအစားအစာတွေများထဲက အချို့ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်…။ နိုင်ငံတိုင်းလိုလိုမှာ သူတို့ရဲ့ယဉ်ကျေးမှုနဲ့အတူ ရိုးရာအစားအစာတွေလည်း ခရီးသွားတွေကို စိတ်ဝင်စားအောင်ဆွဲဆောင်ပေးနိုင်ပါတယ်…။ အခုပြောပြပေးမယ့် (၁၁) မျိုးထဲက ဘယ်အစားအစာကို စားဖူးလဲဆိုတာ ပြောပြပေးသွားဦးနော်…။

ဆမ်းမားရိုး (ဗီယက်နမ်)
ဗီယက်နမ်ရဲ့နာမည်ကြီး ထမင်းလိပ်လိုပုံစံအစားအစာဖြစ်ပြီး ကမ္ဘာ့စျေးကွက်ကို ထိုးဖောက်ဖို့ကြိုးစားလျက်ရှိပါတယ်…။ အနည်းငယ်ပေါ့တဲ့ ဒီမုန့်လိပ်ကို အငန်ဆော့စ်နဲ့ တွဲစားရမှာပါ…။ အထဲမှာမုန့်ဖက်ပုံစံမျိုးလေးတွေပါပြီးတော့ ပုဇွန်အကောင်လေးတွေ ပါပါတယ်…။


ပီကင်းဘဲကင် (တရုတ်)
အနံ့မွှေးကြိုင်ပြီး အရသာပြည့်စုံတဲ့ အကောင်းဆုံးဘဲကင်က တရုတ်နိုင်ငံကပါတဲ့…။ တရုတ်အစားအစာ တော်တော်များများက ချိုချိုအီအီလေးတွေဖြစ်ပြီးတော့ အဆီများများအသုံးပြုပါတယ်…။


ဆူရှီ (ဂျပန်)
ဆူရှီရဲ့ မူလစတင်ရာကတော့ ဂျပန်နိုင်ငံမှဖြစ်ပြီး တစ်ကမ္ဘာလုံးက ကြိုက်နှစ်သက်တဲ့အစားအစာဖြစ်ပါတယ်..။ စာဖတ်ပရိသတ်ထဲမှာလည်း ဆူရှီမကြိုက်တဲ့သူ ရှိမယ်မထင်ဘူးနော်...။

ရမ်ဒန်ဟင်းလျာ (အင်ဒိုနီးရှား)
ရမ်ဒန်လို့ခေါ်တဲ့ အုန်းနို့ပါတဲ့ဟင်းအနှစ်နဲ့ ချက်ပြုတ်ထားပြီး အမဲသား၊ ကြက်သား၊ ဆိတ်သား စသည်တို့နှင့် ရနိုင်ပါတယ်။ သူက တော်တော်လေးအချိန်ပေးပြီးချက်ရတာနဲ့တန်အောင် အသားက လုံးဝနူးအိပြီး လျှာပေါ်မှာ ပျော်ဝင်သွားမယ့် အရသာမျိုးပါ…။ ရန်ကုန်မြို့မှာရှိတဲ့ အင်ဒိုနီးရှားစားသောက်ဆိုင် တော်တော်များများမှာ ဒီဟင်းလျာကိုရရှိနိုင်ပါတယ်…။

ဒိုးနတ်မုန့် (အမေရိကန်)
အမေရိကန်နိုင်ငံရဲ့အစားအစာဖြစ်ပြီး အခုအချိန်မှာ ကမ္ဘာတဝန်း နှစ်ခြိုက်စွာ အားပေးနေတဲ့ မုန့်ဖြစ်ပါတယ်…။ အဆာပြေစားလို့ရပြီး အလွယ်တကူဝယ်နိုင်တာပေါ့…။ ကိုယ့်ဘာသာလုပ်စားဖို့ထက် အသင့်ဝယ်စားလိုက်တာက ပိုမြန်ပါတယ်…။

ဆီတို့ဟူး (အရှေ့တောင်အာရှ)
အနံ့ပြင်းပြီး ထူးခြားတဲ့ဒီဟင်းလျာက အရှေ့တောင်အာရှကိုကိုယ်စားပြုပြီး တစ်ခါစားရုံနဲ့စွဲသွားစေမယ့် အရသာမျိုးပါ…။ အနံ့ကြောင့် မကြိုက်တဲ့သူလည်း များသလို၊ စွဲစွဲမြဲမြဲ စားသုံးတဲ့သူတွေလည်း ရှိပါတယ်…။


ကြက်ဆီထမင်း (စင်ကာပူ)
စင်ကာပူရဲ့ကိုယ်စားပြုဟင်းလျာဖြစ်ပြီး အာရှနိုင်ငံအနှံ့အပြားမှာ တွင်ကျယ်စွာစားသုံးနေကြပြီဖြစ်ပါတယ်…။ ထမင်းဆီဆမ်းလေးနဲ့ ကြက်သားနူးအိအိလေးကိုဗိုက်ဆာတဲ့အချိန်စားလိုက်ရရင်တော့ ရှယ်ပဲ…။ ကျန်တဲ့အချိန်စားရင်တော့ နည်းနည်းအီမယ်…။

ထောပတ်ပေါက်ပေါက် (အမေရိကန်)
အမေရိကန်အစားအစာဖြစ်ပြီး မွှေးကြိုင်တဲ့ အနံ့နဲ့ အရသာကြောင့် ကြိုက်နှစ်သက်သူများပြားပါတယ်…။ ဘယ်နေရာပဲရောက်ရောက် အပျင်းပြေ ထိုင်စားနေလို့ရတာပေါ့..။ အကောင်းဆုံးအချိန်ကတော့ ရုပ်ရှင်ကြည့်ရင်း စားတာပါပဲ…။အခုနောက်ပိုင်းတော့ ပြောင်းဖူးပေါက်ပေါက်ကိုပဲ ချောကလတ်အရသာ၊ ချိစ်အရသာ စသဖြင့် အရသာမျိုးစုံနဲ့ပါ ရောင်းနေကြပါပြီ။


သင်္ဘောသီးထောင်း (ထိုင်း)
အစပ်ကြိုက်သူတွေရဲ့ အသည်းစွဲ ယိုးဒယားသင်္ဘောသီးထောင်းပါ…။ ယိုးဒယားစာတွေက ပူပူစပ်စပ်နဲ့ တကယ်ခံတွင်းမြိန်စေပါတယ်…။ အစပ်အဟပ်ကောင်းရင်ကောင်းသလို အရသာကပိုထူးခြားသွားမှာပေါ့…။

ပဲခေါက်ဆွဲ (ကိုရီးယား)
စားချင်စဖွယ် ကိုရီးယားပဲခေါက်ဆွဲကို ရုပ်ရှင်တွေထဲမှာ မကြာခဏတွေ့ဖူးကြမှာပါ…။ အပြင်မှာလည်းတကယ် အရသာရှိပြီး ကိုရီးယားရဲ့အကောင်းဆုံးအစားအစာတွေထဲက တစ်ခုဖြစ်ပါတယ်…။ ပူပူနွေးနွေးလေးစားရင် ပိုကောင်းတယ်…။

မုန့်ဟင်းခါး (မြန်မာ)
ဒါကတော့ ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုတော့ပါဘူး…။ မြန်မာနိုင်ငံရဲ့နာမည်ကြီး အစားအစာဖြစ်ပြီးတော့ အနံ့နဲ့ အရသာက မြန်မာ့အကြိုက်ပါပဲ…။ နိုင်ငံခြားခရီးသွားတွေ အမြဲမြည်းစမ်းအကြိုက်တွေ့ကြတဲ့ အစားအစာလေးပေါ့…။ မုန့်ဟင်းခါးကိုမှ ဒေသနဲ့လိုက်ပြီး အမျိုးအစားကွဲတာတွေရှိပါသေးတယ်…။ ဘယ်မုန့်ဟင်းခါးက အကောင်းဆုံးလဲ?

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။