မိန်းကလေးတိုင်းသတိထားရှောင်ရှားဖို့ YBS ပေါ်က အချောင်သမား ( သတိထားပါ၊ ဖတ်ပါ၊ ဝေမျှပေးပါ )

လူချင်းတော့တူရင်တူမယ်။

စိတ်ဓာတ်နဲ့ခံယူချက်၊ ဗီဇ၊ စာရိတ္တ တွေကတော့ မိုး နဲ့ မြေလိုကွာတယ်။ သိဖို့ .. မွေးလာကတည်းက ဗီဇဆိုတာ ပါလာပြီးသား။ ဘယ်လောက်ပဲ ကောင်းအောင်နေပြပြ အချိန်တန်ရင် ဗီဇ ( instinct ) ဆိုတာပေါ်လာတာပဲ။

နယ်မှာပဲနေနေ၊ မြို့မှာပဲနေနေ၊ ပညာတတ်တတ်မတတ်တတ်၊ ပိုက်ဆံရှိရှိမရှိရှိ အဲဒါတွေက အရေးမကြီးဘူး။ အရေးကြီးတာဘာလဲဆိုတော့ စိတ်ဓာတ်ပဲ။ စိတ်ဓာတ်ကအသက်ဖြစ်တယ်။ နေ့စဉ်ထမင်းစားရေသောက်ပြီး အသက်ရှင်နေတာမဟုတ် .. စိတ်ဓာတ်နဲ့လူသားတိုင်းအသက်ရှင်နေတာဖြစ်တယ်။ သုံးစားမရလောက်အောင် စိတ်ဓာတ်က ပျက်စီးပြီး အောက်တန်းကျလာတဲ့အခါ ရှင်လျက်နဲ့သေနေတဲ့ဘဝရောက်သွားတယ်။

ဒီပို့စ်ကိုကြည့်ပါ။ Zin Thu Thu Khine ဆိုတဲ့ညီမတစ်ယောက်ပြန်လည်ဝေမျှထားတာပါ။ သတိပြုနိုင်စေဖို့ ကူးယူတင်ပြလိုက်ပါတယ်။

" ဒီနေ့ YBS 35 ပေါ်မှာကြုံလာရတဲ့ပြသနာပါ
မိန်းခလေးတိုင်းဖတ်ကြည့်ပေးပါရှင်

မိန်းခလေးတွေကိုနောက်ကနေမဖွယ်မရာလိုက်လုပ်နေတာပါ
အခုခံရတဲ့ညီမလေးတွေကိုဒီလိုလုပ်နေလို့နေရာတွေလဲပေးတာတောင် သူကအဲ့ညီမလေးနေရာပြောင်းတဲ့နေရာထိနောက်နေအဲ့လိုလိုက်လုပ်နေတာပါ
ခံရတဲ့ညီမလေးတွေကတိုင်းရင်းသူလေးတွေပါအလုပ်ကိစ္စကြောင့်ရန်ကုန်လာတဲ့သူတွေပါ
အဲ့လိုလုပ်ခံနေရရင်ရှက်ကြကြောက်ကြပါတယ်
ကြောက်ပေမဲ့လုံးဝမရှက်ပါနဲ့ဘေးလူကိုပြောပြပါ

ညီမအခု ညီမရှေ့မှာပထမဆုံးကြုံဖူးတာပါ
ကိုယ်တိုင်ဒေါသထွက်ပြီးထသောင်းကျန်းချင်တာပါ
ဒါပေမဲ့ လူအများပါလို့ လူတိုင်းလဲသူဒီလုပ်လုပ်တာမြင်နေရပါတယ်
ညီမ 199 ကိုဖုန်းဆက်ပြီး ဖြစ်တဲ့ပြသနာ ကားနံပါတ်ကားသွားတဲ့လမ်းကြောင်းအကုန်ပြောလိုက်ပါတယ်
သူတို့ဘက်ကချက်ချင်းသက်ဆိုင်ရာနယ်မြေရဲစခန်းအကြောင်းကြားပြီး ရဲလိုက်ခိုင်းပါတယ်
အခုဒီလူကို လမ်းဝမှတ်တိုင်မှာရဲစောင့်နေပြီးတခါထဲလက်ထိပ်ခတ်ပြီးခေါ်သွားပါတယ်
ကာယကံရှင်တွေရောညီမတို့ကားပေါ်ကအမတွေရောရဲစခန်းထိလိုက်သွားပြီး သူလုပ်နေတဲ့သက်သေတွေပါပြလိုက်ပါတယ်

နယ်ကလာပြီးဘုန်ကြီးကျောင်းမှာနေတယ်ပြောပါတယ် အရက်တွေမူးရူနေတာပါ
သူတို့ကိုမထိဘူး ကားမှားစီးလာတာပြောပါတယ်
အမှုဖွင့်မလားမေးပေမဲ့ ညီမတို့မဖွင့်ခဲ့ပါဘူး
ဒီလိုထပ်မလုပ်နိုင်အောင်တခြားထိရောက်တဲ့အရေးယူမှုတခုပြုလုပ်ဖို့ပဲပြောခဲ့ပါတယ်(အချုပ်၇ရက်ချပေးပါမယ်ကျေနပ်မှုရှိလားမေးပါတယ်ညီမတို့လက်ခံခဲ့ပါတယ်)

လုံးဝမရှက်ပါနဲ့ဘေးလူကိုပြောပါ ဘယ်ဖုန်းဆက်ရမှန်းမသိမဖြစ်ပါနဲ့ 199 ကိုဆက်ပါမရှက်တမ်းပြောပြပေးပါ
နောက်လုံးဝဆင်းမပြေးပါနဲ့ ဆင်းလိုက်လာပြီးလူကိုဒုက္ခပေးနိုင်ပါတယ် အားလုံးပဲဂရုစိုက်ပေးကြပါ
ဘေးကင်းနိုင်ပါစေရှင် "

မိန်းကလေးပဲဖြစ်ဖြစ် ယောကျာ်းလေးပဲဖြစ်ဖြစ် ဒီပို့စ်ကိုရှဲပေးပါ။ ဒီလိုများများရှဲပြီး အဲ့ဒီလိုလူတွေရဲ့မျက်နှာလူပိုသိလာလေလေ သူတို့အတွက် ပတ်ဝန်းကျင်က ပိုပြီး ဘောင်ကျဉ်းသွားလေလေပဲ။

အမျိုးသမီးတိုင်း YBS ပေါ်မှာ ကြုံရတဲ့ ဒုက္ခများမှ ကင်းဝေးကြပါစေဗျာ။
https://www.facebook.com/zinthu.thukhine.7/videos/885151825179798/ ( Video Link )
Gabriel
Photo / video / post credit - Zin Thu Thu Khine
( ဒီပို့စ်အတွက် ညီမလေး ဇင်သူသူခိုင် ကို WE Media မှ Credit ပေးပါသည်။ )

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။