Single အမျိုးသမီးတွေဟာ တော်လွန်းတာကြောင့် လက်တွဲဖော်မတွေ့နိုင်တာဖြစ်ကြောင်း လေ့လာတွေ့ရှိ

အရမ်းတော်လွန်းတဲ့ မိန်းကလေးတွေဟာ ရည်းစားရဖို့ ခက်ခဲတယ်ဆိုတာ ယုံပါသလား။ အမျိုးသမီးတစ်ယောက် အနေနဲ့ ယောကျာ်းတစ်ယောက်ရှိမှ ပြီးပြည့်စုံနိုင်တာ မဟုတ်ပါဘူး။ အာရှနိုင်ငံတချို့မှာတော့ အသက် ၃၀ ပြည့်လို့မှ အိမ်ထောင်မပြုရသေးတဲ့ အမျိုးသမီးတွေကို အပျိုကြီး၊ အပျိုဟိုင်းကြီးလို့ ခေါ်ဝေါ်ကင်ပွန်းတပ်လေ့ ရှိကြပါတယ်။ ဒါပေမဲ့ လေ့လာတွေ့ရှိချက်တွေအရတော့ တစ်ကိုယ်တည်းဖြစ်နေတဲ့ အမျိုးသမီးတွေဟာ ပိုမို စမတ်ကျပြီး ထက်မြတ်ကြပါသတဲ့။

IQ နဲ့ လက်တွဲဖော်ရှိခြင်းဟာ အပြန်အလှန်ဆက်နွယ်မှုရှိပြီး တစ်ကိုယ်တည်းသမားတွေဟာ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်ဖို့အတွက် အရမ်းကိုတော်လွန်း ထက်လွန်းနေတာကြောင့်လို့ ဆိုပါတယ်။ ရေး တက္ကသိုလ်ဟာ အမျိုးသားနဲ့ အမျိုးသမီးတွေကြားမှာ ပညာရေးမြင့်မားမှုကို အချိုးကို လေ့လာခဲ့ပါတယ်။ အဲဒီမှာ  တွေ့ရှိရတာက ပညာရေးမြင့်မားတဲ့ အမျိုးသမီးအရေအတွက်ဟာ အမျိုးသားတွေထက် ပိုများနေတယ် ဆိုတာ ပါပဲ။

အဲဒါကြောင့် အဲဒီလိုပညာရေးအဆင့်ပိုမြင့်တဲ့ အမျိုးသမီးတွေဟာ သူတို့နဲ့ဉာဏ်ရည်တူတဲ့ အမျိုးသားကို ရှာဖွေဖို့ ပုံမှန်ထက် ပိုခက်ခဲတယ်လို့ ဆိုပါတယ်။ အရမ်းထက်လွန်းတဲ့ အမျိုးသမီးတွေဟာ အရာရာကို တွေးခေါ်စဉ်းစား တတ်ပြီး ချက်ကျလက်ကျ ပြဿနာဖြေရှင်းတတ်သူတွေ ဖြစ်တာကြောင့် မြင်မြင်ချင်း ချစ်မိဖို့ဆိုတာ မဖြစ်နိုင် သလောက်ပါပဲ။

တစ်ကိုယ်တည်းနေလာတဲ့ အမျိုးသမီးတွေဟာ အနှောင်အဖွဲ့ကင်းပြီး လွတ်လပ်မှုကို ပိုနှစ်သက်ကြပါတယ်။ အဲဒီ အပြင် သူတို့ဟာ တစ်ကိုယ်တည်းပျော်အောင်လည်း နေနိုင်ကြပါတယ်။ RS နဲ့ ပတ်သက်လို့ စိတ်ညစ်စရာလည်း မရှိတာကြောင့် တစ်ကိုယ်တည်းအမျိုးသမီးတွေဟာ သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့နဲ့ ဘဝတက်လမ်းအတွက် ပိုပြီး အလေးပေးအာရုံစိုက်နိုင်ပါတယ်။

အဲဒီလိုဘဝတက်လမ်းအတွက် ပိုအလေးပေးမိလေ၊ သူတို့အတွက် ဘဝလက်တွဲဖော်အဖြစ် အမျိုးသားတစ်ယောက်ယောက်ကို မလိုအပ်တော့လေပါပဲ။ အဲဒါကြောင့် တစ်ကိုယ်တည်းနေတဲ့ အမျိုးသမီးအများစုဟာ တော်လွန်းထက်လွန်းတာကြောင့် လက်တွဲဖော်ရှာမတွေ့နိုင်တာဖြစ်ကြောင်း   လေ့လာတွေ့ရှိချက်တွေက ဖော်ပြနေပါတယ်။ အဲဒါကြောင့် တစ်ကိုယ်တည်းဖြစ်နေလို့ အားမငယ်လိုက်ပါနဲ့။ သင်အရမ်းတော်လွန်း ထက်လွန်းတာကြောင့် တစ်ကိုယ်တည်းဖြစ်နေတာပါ။ 

by Cherry Mon

Ref; Good Times 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။