မီးပျက်ပြီး ပူပြင်းတဲ့ညတွေမှာ ကောင်းမွန်စွာအိပ်ပျော်စေရန် လုပ်သင့်သည်များ

မီးမလာတဲ့နေ့တွေကို ဘယ်လိုကျော်ဖြတ်ရမှာပါလဲကွယ်။ မီးမလာလို့ ဖုန်းအားကုန်၊ ထမင်းဟင်းမချက်နိုင်၊ အဝတ်လျှော် မီးပူတိုက်ဖို့မလုပ်နိုင်၊ အလုပ်တွေလည်း ကောင်းကောင်းလုပ်မရ၊ အဆိုးဆုံးက မီးပျက်တော့ ရေပါမလာ။ နောက်တစ်ခုက အခုလိုပူအိုက်တဲ့ နွေညတွေမှာ မီးမလာပဲ အိပ်ရတာ သိပ်တော့မဟန်ဘူးပေါ့နော်။ အထူးသဖြင့် တိုက်ခန်းတွေနဲ့နေတဲ့သူတွေဆို ပိုဆိုးတာပေါ့။ လေဝင်လေထွက်မရှိ၊ သစ်ပင်ကမရှိ၊ ဘေးပတ်ပတ်လည်ကလည်း တိုက်တွေနဲ့ပိတ်။ ဘယ်လိုပဲဖြစ်ဖြစ် မီးပျက်တာက မီးအလုပ်၊ အိပ်ပျော်အောင် အိပ်ရမှာက ကိုယ့်အလုပ်။ ဒီတော့ မီးမရှိလည်းပဲ ဦးတို့အိပ်ပျော်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးမယ်နော်။

ညအိပ်ခါနီး ချွေးထွက်စေတဲ့ လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။ လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေပါတယ်။ လုပ်မယ်ဆိုရင်လည်း အိပ်မယ့်အချိန်နဲ့ ၄နာရီလောက် ခြားပြီးမှ လုပ်ပါ။ 

Image result for night exercise 

ညအိပ်ခါနီး အရက်၊ ကော်ဖီ မသောက်ပါနဲ့။ ရေများများ သောက်ပါ။ အိပ်ရာဘေး ရေဗူးထားအိပ်ပါ။ ရေခဲရေ မသောက်ပါနဲ့။ ခဏတော့ အေးတယ်လို့ထင်ရပေမယ့် ရေခဲရေဟာ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကို ကမောက်ကမဖြစ်စေတာကြောင့် ရေပိုငတ်ပြီး ပူအိုက်လာပါလိမ့်မယ်။ အခန်းအပူချိန်အတိုင်း ရှိနေတဲ့ရေကိုသာ သောက်ပါ။

Image result for don't drink coffee before bed 

ညစာကို ပူတဲ့ စပ်တဲ့ အစားအစာ မစားပါနဲ့။ အများကြီ းမစားပါနဲ့။ ညစာအများကြီးစားတာက ညလယ်ခေါင်မှာ ပြန်ပြီးနိုးလာဖို့ တွန်းအားပေးပါတယ်။ ခန္ဓာကိုယ်က အစာချက်ဖို့အလုပ်လုပ်ရတာကြောင့် ခန္ဓာအပူချိန်တက်လာပါလိမ့်မယ်။ အထူးသဖြင့် ပူအိုက်တဲ့ နွေညတွေမှာပေါ့။

Image result for don't drink coffee before bed 

ညအိပ်ဝတ်စုံဟာ အေးမြပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်ထည်တွေ ဖြစ်ဖို့လိုပါတယ်။ ခန္ဓာကိုယ်မှာ ကြပ်ထုပ်နေစေမယ့် အရာတွေမှန်သမျှ ချွတ်အိပ်ပါ။ အိပ်ရာ၊ စောင်၊ ခေါင်းအုံး တွေဟာလည်း နိုင်လွန်သားတွေ၊ ဂွမ်းသားတွေ မဖြစ်ရပါဘူး။ သင်ဖြူးဖျာခင်း အိပ်ရင်တော့ပိုကောင်းတာပေါ့နော်။ တကယ်လို့ မွေ့ယာနဲ့မှအိပ်တတ်တယ်ဆိုလည်း မွေ့ယာပေါ် ဖျာခင်းအိပ်လို့ရပါတယ်။ တကယ်လို့ ညဖက်ပူလို့လန့်နိုးလာတယ်ဆိုရင် ခေါင်းအုံးကို အေးတဲ့ဘက် လှန်ပြီး ပြောင်းအုံးပါ။ 

Image result for sink foot in water gif 

အိပ်ခါနီး ရေချိုးပါ။ ခန္ဓာကိုယ်ကို အေးမြသွားစေရုံသာမက အကြောအခြင်ပြေပြီး အိပ်ပျော်စေပါတယ်။ ရေမချိုးဘူးဆိုရင်လည်း ခြေထောက်နဲ့ လက်တွေကို ရေထဲစိမ်ထားလိုက်ပါ။ သိသိသာသာ အပူတွေ လျော့ကျသွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ခြေထောက်နဲ့လက်ဟာ ခန္ဓာကိုယ်ရဲ့အပူချိန်ကို အဓိက ပြောင်းလဲစေတဲ့နေရာမို့လို့ပါ။ 

Image result for hair on face in bed 

ဆံပင်ရှည်တယ်ဆိုရင် ဦးခေါင်းထိပ်မှာ စုချည်ထားလိုက်ပါ။ ခေါင်းနာတတ်ရင်တော့ လျော့လျော့လေးပဲ ချည်ပါ။ ဒီလိုစည်းထားခြင်းအားဖြင့် အိပ်ပျော်နေတဲ့အခါ လည်ပင်း၊ ပုခုံးနဲ့မျက်နှာပေါ်မှာ ဆံပင်တွေအုပ်ပြီး ပူနေတာမျိုး မဖြစ်မှာပါ။

Related image 

အရမ်းကို ပူတဲ့ညတွေမှာဆို မအိပ်ခင် သင်ဖြုးဖျာကို ရေဝတ်နဲ့သုတ်ထားပါ။ ရေခြောက်သွားပြီး စိုထိုင်းထိုင်းလေး ဖြစ်နေတဲ့အခါ အိပ်လို့ရပါပြီ။ နောက်တစ်မျိုးက အဝတ်အစိုကို သေချာညှစ်ပြီး ခြေထောက်ပေါ် (သို့) လည်ပင်းအောက် မှာ ထားအိပ်ပါ။ မျက်နှာနဲ့ လည်ပင်းကို spray bottle နဲ့ ရေဖြန်းပေးပါ။ 

Image result for without electricity night 

အခုပြောခဲ့တာကတော့ အရမ်းပူတဲ့နွေညတွေမှာ မီးပျက်လို့ပန်ကာတွေ၊ အဲကွန်းတွေမရှိပဲ အိပ်ရတဲ့အခါ ကောင်းမွန်စွာ အိပ်ပျော်စေဖို့ အကြံပြုပေးထားတာပါ။ အရမ်းပူတဲ့ဒေသတွေကို ခရီးထွက်တဲ့အခါလည်း အသုံးဝင်ပါတယ်။ 

Ref; wikihow.com

Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။