မီးလောင်ပေါက်ကွဲတော့မယ့် ရုရှားခရီးသည်တင် လေယာဉ်အတွင်းမှ ထိတ်လန့်စရာ Video နာမည်ကြီးနေ

ယမန်နေ့ မေလ (၅)ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မီးလောင်မှု အကြီးအကျယ်ဖြစ်ခဲ့တဲ့ လေယာဉ်ဟာ Sukhoi Superjet-100 အမျိုးအစား ဖြစ်ပြီး ဒေသစံတော်ချိန် မွန်းလွဲ (၃)နာရီ (၅၀) မိနစ်မှာ လေဆိပ်မှ ထွက်ခွာခဲ့ကာ Murmansk မြို့ကို ဦးတည် ပျံသန်းနေခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ လေယာဉ်အပေါ်မှာ ခရီးသည် (၇၈)ဦး လိုက်ပါလာကာ လေယာဉ်ဟာ မော်စကိုမြို့ရှိ Sheremetyevo လေဆိပ်မှ ထွက်ခွာသွားပြီး မကြာမီမှာပင် ဘေးအန္တရာယ်ကြုံနေကြောင်း အချက်ပေးခဲ့တယ်လို့ Interfax သတင်းက ပြောပါတယ်။

၎င်း ခရီးသည်တင် လေယာဉ်အတွင်း ရုတ်တရက် အင်ဂျင်မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူအများကြောက်လန့်နေခဲ့ကြပါတယ်။ အဆိုပါ မီးလောင်မှုကြောင့်ဘဲ လေယာဉ်မှူးက လေဆိပ်သို့ အရေးပေါ် ဆင်းသက်ရန် ကြိုးစားနေစဉ် လေယာဉ်ဟာ ထိန်းမရဘဲ မီးလောင်ပျက်ကျခဲ့တာပဲ ဖြစ်ပါတယ်။ ၎င်း ရုရှားခရီးသည်တင် လေယာဉ် မီးလောင်ပျက်ကျမှုကြောင့်  ကလေး(၂)ဦး အပါအဝင် ခရီးသည် (၄၁)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အခုလို အသက်ဘေးနဲ့ ကြုံတွေ့နေစဉ် လေယာဉ်အတွင်းမှာ ရိုက်ကူးထားတဲ့ ထိတ်လန့်ခြောက်ခြားစရာ Video File တစ်ခုဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး လူအများ စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။

လေယာဉ်မီးလောင်မှုနဲ့ ပတ်သက်ပြီးတော့လည်း Bulgaria Eurovision သီချင်းဆိုပြိုင်ပွဲဝင်ဟောင်း Kristian Kostov က မျက်မြင်တွေ့ခဲ့ရကြောင်းကို မီဒီယာတွေကို ပြောပြခဲ့ပါတယ်။ ဒီတော့ ပရိသတ်ကြီးအတွက် အောက်မှာ Video လေးတင်ပေးလိုက်ပါတယ်နော်။

">

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။