အသက် (၄၉)နှစ်ပြည့် မွေးနေ့မှာ မိသားစုနဲ့ ရွှေတိဂုံဘုရားသွားဖူးပြီး ကုသိုလ်ပြုခဲ့တဲ့ လူမင်း

နိုင်ငံကျော် သရုပ်ဆောင် အကယ်ဒမီ လူမင်းဟာ ဆယ်စုနှစ်ကြာအောင် အောင်မြင်မှုတွေ၊ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ အခိုင်အမာနဲ့ ရပ်တည်လာခဲ့တဲ့ ဝါရင့်ရုပ်ရှင် သရုပ်ဆောင်တစ်ဦးပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း ဒါရိုက်တာအဖြစ်ရော၊ သရုပ်ဆောင်အဖြစ်ပါ ဇာတ်ကားတွေ ရိုက်ကူးအောင်မြင်ခဲ့တဲ့ လူမင်းဟာ သာယာအေးချမ်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပြီး ချစ်လို့မဝတဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်လည်းရှိပါသေးတယ်။  

ဟိုးအရင်ချိန်တည်းက တည်ကြည်ခန့်ညားပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်လက်ဖြစ်သလို အခုအရွယ်မှာလည်း နုငယ်ပျိုနေသေးပြီး လူငယ်တွေအတိုင်း သွက်လက်ဖျက်လက်ကာ တည်ကြည်ခန့်ညားနေဆဲပါနော်။

ဒါ့အပြင် လူမင်းဟာ မိသားစုအတွက်လည်း အချိန်ပေးဂရုစိုက်ပြီး အားရင်အားသလို ခရီးတွေထွက်ကာ ပျော်ပျော်ရွှင်ရွှင်နဲ့ အချိန်တွေကုန်ဆုံးတတ်ပါတယ်။ 

ပရိသတ်အချစ်တော် လူမင်းဟာ ယနေ့မှာတော့  မိသားစုလေးနဲ့အတူ သူ့ရဲ့ (၄၉)နှစ်ပြည့်မွေးနေ့လေးမှာ ရွှေတိဂုံဘုရားပေါ်တက်ပြီး ကုသိုလ်တွေ ယူခဲ့ပါတယ်။ အသက်အရွယ် (၄၉)နှစ်လို့တောင် မထင်မှတ်ရဘဲ ခန့်ညားနုပျိုခြင်းတွေကို ပိုင်ဆိုင်ထားတဲ့ လူမင်းဟာ လူငယ်တွေ လိုက်မမှီနိုင်လောက်အောင် အမြဲတမ်း စတိုင်ကျကျ စမတ်ကျကျ နေတတ်သူပါ။

ဒီတော့ ယနေ့မှာကျရောက်တဲ့ မွေးနေ့ရှင် လူမင်းနဲ့ ဇနီးသည်ဖြစ်သူ ခင်စံပယ်ဦးတို့ သားအမိတွေကလည်း အိမ်ထောင်ဦးစီးရဲ့ မွေးနေ့လေးကို ပျော်ရွှင်စွာပါရမီဖြည့်ပေးရင်း မိသားစု (၄)ယောက်ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။ 

Source; Ayarwady Lu Min

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။