Endgame ရဲ့ Spoil တွေ ပါဝင်နေတဲ့ Spider-Man: Far From Home ရဲ့ Trailer အသစ်ထွက်ရှိ

မေ ၆ ရက်နေ့၊ မနေ့က Spider-Man: Far From Home ရဲ့ Trailer အသစ် ထွက်ရှိခဲ့ပါတယ်။ တရားဝင် အသစ်ထွက်ရှိလာတဲ့ အဲဒီ Trailer အသစ်ရဲ့ အစမှာ Spider-Man မင်းသား Tom Holland ကိုယ်တိုင် သတိပေးထားတဲ့ စကားပါဝင်ပါတယ်။ အဲဒါကတော့ Trailer သစ်မှာ Avengers: Endgame ရဲ့ spoil တွေ ပါဝင်နေတာကြောင့် Endgame မကြည့်ရသေးရင် အခု Trailer ကိုလည်း မကြည့်သေးဖို့ ပြောထားတာပါ။


Endgame ရုံတင်ချိန်ကစလို့ ကြည့်ပြီးတဲ့သူတွေက ပြန် spoil ကြမှာ စိုးတာကြောင့် လူမှုကွန်ယက် စာမျက်နှာတွေထက်မှာ spoil တဲ့ ပို့စ်တွေကို အော်တိုဖယ်ရှားပစ်တာမျိုး ပြုလုပ် ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ Endgame ဒါရိုက်တာတွေ ဖြစ်ကြတဲ့ ရက်ဆိုညီနောင်က မေ ၆ ရက်နေ့ကစလို့ အဲဒီလို Auto Ban တာတွေကို ပြန်ဖြုတ်သွားမှာ ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။


အဲဒါကြောင့်ပဲ ပရိသတ်အတော်များများက Spider-Man: Far From Home ရဲ့ trailer သစ် ထွက်ရှိနိုင်တယ် လို့ ခန့်မှန်းခဲ့ကြပြီး ခန့်မှန်းခဲ့တဲ့အတိုင်းပဲ မေ ၆ ရက်နေ့မှာပဲ အခု Trailer အသစ် ထွက်ရှိလာခဲ့ပါတယ်။ Endgame ဟာ MCU timeline တစ်ခုအတွက် အဆုံးသတ်လို့ ပြောကြပေမဲ့ တကယ်တမ်းတော့ Far From Home ဟာလည်း အဲဒီ timeline နဲ့ ဆက်စပ်နေပါသေးတယ်။ အဲဒါကြောင့် Endgame နဲ့ ပတ်သက်တဲ့ အချက်တွေလည်း ပါဝင်နေပါတယ်။


Far From Home ဇာတ်လမ်းဟာ Spider-Man တဖြစ်လဲ ပီတာပါကာတစ်ယောက် Endgame မှာ ပြန်ပေါ်လာပြီး နောက်ပိုင်းကာလကို ရိုက်ကူးထားတယ်လို့ ယူဆရပါတယ်။ ပီတာဟာ သူငယ်ချင်းတစ်စုနဲ့ ဥရောပကို အလည်အပတ်ခရီးထွက်ခဲ့ပါတယ်။ အဲဒီခရီးမှာ နစ်ဖြူရီ ရောက်ချလာပြီး ပီတာ့အနေနဲ့ လူဆိုးတွေ ကို တိုက်ခိုက်ရာမှာ ပူးပေါင်းပါဝင်ဖို့ လာခေါ်ပါတော့တယ်။ အဲဒီကစလို့ Spider-Man ရဲ့ စွန့်စားခန်းတွေကို တဝကြီးကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။


ဒီဇာတ်လမ်းမှာ ပိုထူးခြားတာက မာဗယ်ရဲ့ comic ဇာတ်ကောင်တစ်ခုဖြစ်တဲ့ Mysterio ခေါ် ကွမ်န်တင်ဘာ့ခ် ပါဝင်လာတာပါပဲ။ Spider-Man နဲ့ Mysterio တို့ဟာ လူဆိုးတွေကို ပူးပေါင်းတိုက်ခိုက်ကြမှာ ဖြစ်ပါတယ်။ Fram From Home ရဲ့ ဒါရိုက်တာဖြစ်သူ ဂျွန်ဝတ်ထ်ရဲ့အဆိုအရ ပြီးခဲ့တဲ့ Spider-Man: Homecoming  တုန်း က တိုနီစတာ့ခ် (Iron Man) ကာရိုက်တာ ပါဝင်ခဲ့ဖူးတာကြောင့် အခု Mysterio ဟာလည်း တိုနီနဲ့တုန်းကလို ဦးလေးတစ်ယောက်အဖြစ် ပါဝင်မယ်ဆိုရင် စိတ်ဝင်စားစရာကောင်းမယ် ထင်တာကြောင့် အခုလို  ထည့်သွင်း ရိုက်ကူးခဲ့တာလို့ ဆိုပါတယ်။


လာမယ့် ဇူလိုင် ၂ ရက်နေ့မှာ ရုံတင်ပြသမယ့် Spider-Man: Far From Home မှာ Spider-Man အဖြစ် spoiler man လေး တွမ်ဟော်လန်ကပဲ သရုပ်ဆောင်ထားပြီး Mysterio အဖြစ် ဟောလိဝုဒ်မင်းသားချော ဂျိတ် ဂျီလင်န်ဟောက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။


by Cherry Mon


Ref; The Hollywood Reporter, Wikipedia

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။