နော့စ်ဒဏ္ဍာရီလာ ကမ္ဘာ ( ၉ ) ခုအကြောင်း

ကျွန်တော်တို့ မြန်မာမှာ လူ့ဘုံကနေစပြီး …၊ နတ်ပြည်၊ ငရဲ နဲ့ ပြိတ္တာဘုံတွေအထိ ( ၃၁ ) ဘုံရှိတယ်လို့ အယူရှိတယ် ..။ ပြောရရင်တော့ ကမ္ဘာ ( ၃၁ ) ခုရှိတယ်ပေါ့ ..။ အဲဒီလိုပဲ ဥရောပနိုင်ငံ တွေကနေ မြေထဲပင်လယ်နိုင်ငံတွေအထိ သူတို့အယူအဆ အရ တကယ်ရှိတယ်လို့ လက်ခံယုံကြည်ထားတဲ့ ကမ္ဘာပေါင်း ( ၉ ) ခုရှိတယ် ..။

အဲဒီအယူအဆဟာ နော့( စ် ) လူမျိုးတွေ ( ဂျာမနီ၊ ပိုလန် နဲ့ ချက်ကိုစလိုဗက်ကီးယား နိုင်ငံတစ်ဝိုက်နေထိုင်သွားခဲ့တဲ့ ရှေးဟောင်းမျိုးနွယ်စု ) ရဲ့ အယူအဆတစ်ခုဖြစ်ခဲ့ပြီး အခုအထိဥရောပ နိုင်ငံတော်တော်များများမှာ လက်ခံယုံကြည်ထားတဲ့ ဒဏ္ဍာရီဆန်ဆန် အကြောင်းအရာတစ်ခု လည်း ဖြစ်တယ်။

( ၁ ) Niflheim : The world of fog and mist

နစ်ဖယ်လ်ဟိမ်းမ် …။

နော့စ် ဒဏ္ဍာရီတွေထဲ အမှောင်မိုက်ဆုံး နဲ့ ထာဝရအေးခဲနေတဲ့ ကမ္ဘာတစ်ခုဖြစ်တယ်။ ရေခဲကမ္ဘာရဲ့ အလယ်ဗဟိုချက်မှာတော့ ဆူပွက်ပြီး ပူလောင်နေတဲ့ ရေပူစမ်းတစ်ခုရှိတယ် ..။ အဲဒီရေပူစမ်းကတော့ နစ်ဖယ်လ်ဟိမ်းမ် ကိုစောင့်ကြပ်ရတဲ့ တစ်ခုတည်းသော သက်ရှိသတ္တဝါရဲ့ နားခိုရာဖြစ်ပါတယ် ..။ နစ်ဖယ်လ်ဟိမ်းမ် ရဲ့ အစောင့်အရှောက်ကတော့ Nidhug လို့ခေါ်တဲ့ နဂါးကြီးဖြစ်တယ် ..။ ထက်မြက်ပြီးစူးရှတဲ့ မျက်လုံးတွေ၊ ရေခဲတမျှအေးစက်နေတဲ့ထွက်သက်လေ နဲ့ ရေခဲချွန်တွေဖုံးအုပ်ထားတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး နစ်ဖယ်လ်ဟိမ်း ရဲ့ဘယ်နေရာကိုမဆိုမြင်နိုင်စွမ်းရှိတယ် ..။ မျက်စေ့လည်ပြီး လမ်းမှားလာတဲ့ ဝိဉာဉ်တွေ၊ သက်ရှိတွေမှန်သမျှဟာ Nidhug ရဲ့ အစာဖြစ်တယ် လို့ဆိုတယ် ..။ နော့စ်ကမ္ဘာ ( ၉ ) ခုထဲ အကြမ်းတမ်း ဆုံးနဲ့ အဆိုးဝါးဆုံး ကမ္ဘာတစ်ခုလည်းဖြစ်ပါတယ် ..။

( ၂ ) Muspelheim : The land of fire

မက်စပဲလ်ဟိမ်းမ် ကတော့ အမြဲတမ်း ချော်ရည်တွေ .. ချော်ခဲတွေ .. မီးတောက်မီးလျှံတွေ နဲ့ လောင်ကျွမ်းနေတဲ့ ကမ္ဘာတစ်ခုပါ ..။

အဲဒီကမ္ဘာဟာ  Fire Elemental လို့ခေါ်တဲ့ မီးမိစ္ဆာတွေရဲ့ ကမ္ဘာလည်းဖြစ်တယ် ..။ အဲဒီကမ္ဘာရဲ့ အရှင်သခင်ကတော့ Surtr လို့ခေါ်တဲ့ မီးဘီလူးကြီးဖြစ်ပြီး Surtr ဟာ Asgard ( အထက်ကမ္ဘာ ) ရဲ့ အကြီးမားဆုံးရန်သူလည်းဖြစ်တယ် ..။ Surtr ကိုနောက်တစ်မျိုး အခေါ်ကတော့ Ragnarok ဖြစ်ပြီး သူ့ရဲ့အဓိပ္ပါယ်ကတော့ ကမ္ဘာကြီးကို အဆုံးသတ်မယ့်သူ လို့ဆိုပါတယ် ..။

ပိုပြီး ရှင်းရှင်းလင်းလင်းသိချင်ရင်အွန်လိုင်းဂိမ်း World of Warcraft : Wrath of the Lichking ထဲက Molten Core Dungeon နဲ့ World of Warcraft : Catalysm ဗားရှင်းက Fireland Dungeon တွေဟာ Muspelheim နဲ့ Ragnarok ရဲ့ အကောင်းဆုံး ဥပမာတွေဖြစ်ပါတယ် ..။

( ၃ ) Midgard : Home of the Humans

သူ့ရဲ့ အဓိပ္ပါယ်ကတော့ ကမ္ဘာကြီးတစ်ခုလုံးရဲ့ တတိယအလွှာ၊ လူသားတွေနေတဲ့ ကမ္ဘာတစ်ခုဖြစ်တယ် ..။ အခုကျွန်တော်တို့နေတဲ့ ကမ္ဘာဟာ Midgard ပေါ့ ..။

Midgard ကို သမုဒ္ဒရာ ( ၄ ) ခုနဲ့ ဝန်းရံထားပြီး နတ်ဘုရားတွေကလွဲလို့ တခြားကမ္ဘာက မိစ္ဆာတွေ၊ မကောင်းဆိုးဝါးတွေ ဝင်မရအောင် နဂါးကြီး ( ၄ ) ကောင်က စောင့်ကြပ်တယ် လို့ဆိုပါတယ် ..။ သမုဒ္ဒရာတစ်ခုကို နဂါးတစ်ကောင် နေထိုင်ပြီး ကမ္ဘာမှာ ပြင်ပအန္တရာယ် မကျရောက်သရွေ့ နဂါးကြီးတွေအမြဲတမ်းအိပ်စက်နေလေ့ရှိတယ် ..။ လူသားတွေကိုတော့ နတ်ဘုရား အိုဒင် နဲ့ ညီနောင်တွေက ပြာတွေ၊ ရွှံ့တွေကနေ ဖန်တီးခဲ့တယ် လို့ဆိုပါတယ် ..။

အထက်ကမ္ဘာ နဲ့ လူ့ကမ္ဘာကို ဆက်သွယ်ထားတဲ့ တစ်ခုတည်းသောသက်တံ့ပေါင်းကူးတံတားရှိပြီး အဲဒီသက်တံ့တံတားကိုတော့ အထက်ကမ္ဘာကနေ ဆင့်ခေါ်ခြင်းခံရတဲ့ လူသားတွေသာ တွေ့နိုင်တယ် လို့အဆိုရှိပါတယ် ..။

( ၄ ) Jotumheim : Home of the Giants

တချို့ကတော့ Jotun လို့ခေါ်ကြတယ် ..။

Jotumheim ဟာ ဘီလူးတွေရဲ့ကမ္ဘာဖြစ်တယ် ..။ အဲဒီဘီလူးတွေကို Ymir လို့ခေါ်ပြီး သူတို့ရဲ့ အရှင်သခင်ကတော့ နတ်ဘုရား အိုဒင် ရဲ့သားတော်တစ်ပါးဖြစ်တဲ့ လိုကီ ဖြစ်တယ် ..။ Jotumheim ကို တောင်တန်းတွေ၊ သစ်တောကြီးတွေ၊ ရေခဲမြစ်တွေ နဲ့ ဝန်းရံထားပြီး Wrym လို့ခေါ်တဲ့ နဂါးတွေက Jotumheim ရဲ့ကောင်းကင်ပေါ်မှာ အမြဲတမ်းပျံသန်းပြီး စောင့်ကြပ်နေပါတယ် ..။

( ၅ ) Vanaheim : Home of the Vanir

Vanaheim ကတော့ Vanir ဆိုတဲ့ နတ်ဘုရားတွေရဲ့ ကမ္ဘာဖြစ်တယ် ..။

Vanir တွေဟာ ဉာဏ်ပညာနဲ့ ပြည့်စုံပြီး မှော်ပညာကို ကျွမ်းကျင်ကြတဲ့ သူတွေဖြစ်တယ် ..။ သူတို့တွေဟာ အနာဂတ်ကို ကြိုတင်ပြီးမှန်းဆနိုင်သလို စစ်ပွဲတွေနဲ့ နယ်မြေလုနေရတာထက်စာရင် ငြိမ်းချမ်းရေးကို ပိုပြီး အလိုရှိတဲ့မျိုးနွယ်တွေဖြစ်တယ် ..။ Vanir ဟာ ကမ္ဘာ ( ၉ ) ခုထဲမှာ အငြိမ်းချမ်းဆုံး၊ အလှပဆုံး ဖြစ်တယ် ..။ အမြဲတမ်းပြာလွင်နေတဲ့ ကောင်းကင်၊ ဖြူလွလွနဲ့ ပန်းနုရောင်တိမ်တိုက်တွေ၊ ရေတံခွန်တွေ၊ မြက်ခင်းစိမ်းတွေ နဲ့ ကျောက်သားဖြူဖြူ ရဲတိုက်တွေရှိတဲ့ Vanir ဟာ တခြားကမ္ဘာတွေ ရဲ့ ရန်ကနေထာဝရအဝေးကွာဆုံးရှိနေတဲ့ နိုင်ငံတော် တစ်ခုဖြစ်တယ် ..။

အကြောင်းကတော့ Vanir တစ်ယောက်ကသာ Vanir ကို မြင်တွေ့နိုင်၊ လာနိုင်စွမ်း ရှိလို့ဖြစ်တယ် ..။ Vanir ရဲ့ အုပ်ချုပ်သူကတော့ Freya ဆိုတဲ့ Highborne Vanir သခင်မ ဖြစ်ပါတယ် ..။

( ၆ ) Alfheim : Home of the Light Elf

Alfheim ဟာ Vanir နဲ့ ဆက်နွယ်မှု ရှိနေတဲ့ ကမ္ဘာဖြစ်တယ် ..။

ဒါပေမယ့် Elf တွေဟာ Vanir ရဲ့ အစောင့်အရှောက် နိုင်ငံတော်တစ်ခုသာဖြစ်ပြီး Vanir ကို ဝင်ထွက်သွားလာခွင့် မရှိပါဘူး ..။ Elf တွေဟာ Vanir တွေလိုပဲ လှပပြီးချောမော တဲ့ မျိုးနွယ်ဝင်တွေဖြစ်ကြတယ် ..။ သူတို့တွေဟာ နတ်မျိုးနွယ်ဝင်တွေဖြစ်ကြပေမယ့် လူသားတွေလိုပဲ မျိုးပွားကြ၊ သေဆုံးကြတယ် လို့ဆိုပါတယ် ..။ Alfheim ရဲ့ အုပ်ချုပ်သူကတော့ Lor’themar ဆိုတဲ့ Highelf ဖြစ်ပြီး Vanir သခင်မ Freya ရဲ့ သစ္စာခံတစ်ဦးလည်းဖြစ်တယ် ..။

သူတို့တွေဟာ Vanir နဲ့ Nifelheim ကလွဲလို့ ကျန်တဲ့ ကမ္ဘာမှန်သမျှကို လှည့်လည်သွားလာပြီး အဲဒီကမ္ဘာတွေရဲ့ အဖြစ်အပျက်တွေ၊ လှုပ်ရှားမှုတွေမှန်သမျှကို စူးစမ်းနေတဲ့ မျိုးနွယ်ဝင်တွေလည်း ဖြစ်ပါတယ် ..။

( ၇ ) Svartalfheim : Home of the Dwarves

စဗားလ်တပ်ဖ်ဟိမ်းမ် ကတော့ လူပုမျိုးနွယ်ဝင်တွေရဲ့ နေထိုင်ရာကမ္ဘာဖြစ်ပါတယ် ..။

နော့စ်တွေရဲ့ အယူအဆအရ နတ်မျိုးနွယ်တွေ၊ လူသားတွေနဲ့ လူပုတွေရဲ့ ကြားထဲက စစ်ပွဲကြီး နှစ်ခုအပြီးမှာ မျိုးနွယ်စုသုံးစုဟာ မဟာမိတ်တွေအနေနဲ့ ပေါင်းစည်းသွားတယ် လို့ဆိုတယ် ..။ ဒွာ့ဖ် တွေဟာ ဘာသာစကားမျိုးစုံကိုတတ်ကျွမ်းပြီး စက်မှုလက်မှုအတတ်တွေ မှာ အရမ်းကျွမ်းကျင်သူတွေဖြစ်ကြတယ် ..။ စဗားလ်တပ်ဖ် မှာ အကြွယ်ဝဆုံးကတော့ ရွှေ နဲ့ သတ္တုမျိုးစုံဖြစ်ပြီး အဲဒီသတ္တုမျိုးစုံကို အသုံးပြုလို့ ထူးခြားပြီး အင်အားကြီးတဲ့ လက်နက်မျိုးစုံကို သွန်းလုပ်ကြတယ် ..။ နတ်ဘုရားအိုဒင်ရဲ့ လှံတံ၊ အိုဒင်ရဲ့ သားတော် Thor ကိုင်စွဲထားတဲ့ Mjollnir တူကြီးတွေဟာ ဒွာ့ဖ်တွေရဲ့ အကောင်းဆုံးသွန်းလုပ်မှုတွေထဲက အရာတွေဖြစ်ပါတယ်။

စဗားလ်တပ်ဖ် ရဲ့ အရှင်သခင်ကတော့ Hreidmar ဖြစ်ပြီး အလွန်ရဲရင့်တဲ့ ဒွာ့ဖ်စစ်သည်တွေကို အုပ်ချုပ်တဲ့ စစ်သေနာပတိ တစ်ဦးလည်းဖြစ်ပါတယ် ..။

( ၈ ) Helheim : Home of the Dishonorable Dead

ဟဲလ်ဟိမ်းမ် ကတော့ စစ်ပွဲထဲမှာ သူရဲဘောကြောင်ပြီးသေဆုံးသွားတဲ့စစ်သားတွေ၊ သူခိုးဓားပြတွေ၊ သူပုန်တွေ နဲ့ မကောင်းမှုပြုလုပ်တဲ့ သူတွေနောက်ဆုံးသေလွန်ပြီးချိန်မှာ ရောက်ရှိတဲ့နေရာဖြစ်တယ် ..။

ဟဲလ်ဟိမ်းမ် ဟာ အေးစက်ပြီး အမြဲတမ်းမြူတွေဆိုင်းနေတဲ့ ကမ္ဘာတစ်ခုလည်းဖြစ်တယ် ..။ အဲဒီကိုရောက်သွားသူတွေဟာ ပျော်ရွှင်မှု၊ ချစ်ခြင်းမေတ္တာ နဲ့ စိတ်နှလုံးနူးညံ့မှုတွေကို ဘယ်တော့မှ မရတော့ဘူးလို့ဆိုပါတယ် ..။ ဟဲလ်ဟိမ်းမ် ကို မိစ္ဆာသခင်မ Hel က အုပ်ချုပ်ပြီး Muspelheim သခင် Ragnarok အတွက် တစ္ဆေစစ်သည်တွေ၊ မရဏသူရဲကောင်း ( Death Knight ) နဲ့ ငရဲမိစ္ဆာတွေကို ပံ့ပိုးပေးနေတာလည်းဖြစ်တယ် ..။

ဟဲလ်ဟိမ်းမ် ကိုတော့ Valhala နဲ့ Folkvagnr လို့ခေါ်တဲ့ မိစ္ဆာကြီးနှစ်ယောက်ကစောင့်ကြပ်ထားတာဖြစ်ပြီး အထက်ကမ္ဘာ ( Asgard ) ရဲ့ ဒုတိယ ရန်သူတော်နိုင်ငံ လည်းဖြစ်ပါတယ် ..။ 

( ၉ ) Asgard : Home of the Gods

ကမ္ဘာ့အလယ်ဗဟို တည့်တည့် ကောင်းကင် ရဲ့ အမြင့်ဆုံးနေရာမှာ အက်စ်ဂါ့ဒ် နိုင်ငံတော်တည်ရှိတယ် ..။

နတ်ဘုရားတွေ နဲ့ နတ်ဘုရားမတွေ နေထိုင်ရာ ကမ္ဘာလည်းဖြစ်တယ် ..။ ကမ္ဘာ ( ၉ ) ခုထဲမှာ စွမ်းအားအကြီးဆုံး၊ အရဲရင့်ဆုံး နတ်စစ်သည်တွေ နဲ့ နတ်ဘုရားသူရဲကောင်းတွေ ရဲ့တိုင်းပြည်လည်းဖြစ်ပါတယ် ..။ နတ်ဘုရားတွေကိုတော့ အက်စ်ဂါ့ဒ် လို့ခေါ်ပြီး နတ်ဘုရားမတွေကိုတော့ အက်စီးနီးယန်း တွေလို့ခေါ်ပါတယ် ..။ အဲဒီနတ်မျိုးနွယ်တွေအကုန်လုံးကိုပေါင်းပြီး အက်စီရာ လို့ခေါ်တယ် ..။

နတ်ဘုရား အိုဒင် နဲ့ နတ်ဘုရားမ ဖရစ်ဂ် တို့က အက်စ်ဂါ့ဒ် ကိုအုပ်ချုပ်ပြီး စစ်သေနာပတိကတော့ အိုဒင်ရဲ့သားတော် Thor ဖြစ်တယ် ..။ အက်စီရာ တွေရဲ့ ရန်သူတော်နိုင်ငံတွေက Muspelheim နဲ့ Helheim ဖြစ်ပြီး မဟာမိတ်နိုင်ငံတွေကတော့ Midgard, Svartalfheim နဲ့ Alfheim တို့ဖြစ်တယ် လို့ဆိုပါတယ် ..။

အက်စ်ဂါ့ဒ် နိုင်ငံတော်ရဲ့ သက်တံ့တံတိုင်း ကိုစောင့်ရှောက်ရသူကတော့ ဟိမ်းမ်ဒဲလ် ဖြစ်ပြီး နတ်စစ်သည်ပေါင်း တစ်သိန်းနဲ့ ညီမျှတဲ့ ခွန်အားနဲ့ စွမ်းအင်တွေကို ပိုင်ဆိုင်ထားတဲ့ သူလည်းဖြစ်ပါတယ် ..။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။