ကိုရီးယားသရုပ်ဆောင် ဟန်ဂျီဆုန်း ကားနှစ်စီးဆင့်တိုက်မှုကြောင့် သေဆုံး

ဟန်ဂျီဆုန်းဟာ ၂၀၁၀ တုန်းက စတင်မိတ်ဆက်ခဲ့တဲ့ B.Dolls ဆိုတဲ့ Kpop Girl Group ရဲ့ အဖွဲ့ဝင်တစ်ယောက်ပါ။ နောက်ပိုင်းမှာတော့ သရုပ်ဆောင်အလုပ်တွေကိုပါ လုပ်ခဲ့ပါတယ်။ SBS Drama တွေ ဖြစ်တဲ့ Second to last love, Happy Sisters နဲ့ One Punch ရုပ်ရှင်ကားမှာ သူမ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

ကားတိုက်မှုကတော့ မေလ ၆ ရက်နေ့မနက်က အင်ချွန်းလေဆိပ်သွားတဲ့လမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ အနီးနားက ဆေးရုံကိုသွားခဲ့ပေမယ့် ဦးခေါင်းမှာ ဒဏ်ရာပြင်းထန်စွာရထားတာကြောင့် လူနာတင်ကားပေါ်မှာတင် သေဆုံးခဲ့ပါတယ်။

ဟန်ဂျီဆုန်းဟာ သူမရဲ့အမျိုးသား အပေါ့အပါးသွားဖို့ သုံးလမ်းသွားလမ်းမကြီးရဲ့ ဒုတိယလမ်းကြောင်းမှာ အချက်ပြမီးဖွင့်ပြီး ကားရပ်ခဲ့ပါတယ်။ တတိယလမ်းကြောင်းမှာလာနေတဲ့ ကားက သူမအမျိုးသား ကားထဲကနေ ရုတ်တရက်ထွက်လာတာတွေ့တော့ အရှိန်ကိုလျှော့လိုက်တာကြောင့် အဲဒီကားနောက်က Taxi ကားက အလယ်လမ်းကြောင်းပြောင်းလိုက်ပါတယ်။ အဲလိုပြောင်းလိုက်တာကြောင့် ကားအပြင်မှာထွက်ရပ်နေတဲ့ ဟန်ဂျီဆိုးကို တိုက်မိခဲ့တာပါ။ သူမ ပထမလမ်းကြောင်းပေါ်လဲကျသွားခဲ့တဲ့ အချိန်မှာ ပထမလမ်းကြောင်းကနေ လာတဲ့ SUV ကားက သူမကို ဒုတိယအကြိမ် တိုက်မိခဲ့ပါတယ်။ 

Image result for han ji seong

SBS News 8 မှာ ရဲတွေကို သူမရဲ့အမျိုးသားဖြေကြားထားတာကတော့ “သူမကို ကားရပ်ခိုင်းပြီး လမ်းဘေးက ပန်းခင်းထဲကို အပေါ့အပါးသွားဖို့အတွက် ကျွန်တော်သွားခဲ့ပါတယ်။ ကျွန်တော်ပြန်ရောက်တော့ ကားတိုက်မှုကဖြစ်ပြီးနေပြီ” လို့ဆိုပါတယ်။ 

ကားထဲက black box ကနေကြည့်တော့လည်း သူမအမျိုးသားဟာ ကားထဲကထွက်ပြီး ပန်းခင်းထဲကို ဝင်သွားတာ တွေ့ရပါတယ်။ “သုံးလမ်းသွားလမ်းမကြီးမှာ လမ်းဘေးကပ်မရပ်ဘဲ ဘာလို့ဒုတိယလမ်းကြောင်းမှာ သူမကားကို ရပ်ခဲ့လဲ၊ ကားထဲကနေ သူမဘာကြောင့်ထွက်လာလဲ ဆိုတာမသိပါဘူး” လို့သူမရဲ့ အမျိုးသားက ပြောကြားခဲ့ပါတယ်။ 

Image result for han ji seong

Taxi သမားနဲ့ SUV ကားသမားကို လည်း ရဲတွေက အခုထိ စုံစမ်းစစ်ဆေးနေဆဲပါပဲ။ သူမ ဘာကြောင့် ကားကို အလယ်လမ်းကြောင်းမှာ ရပ်လိုက်တယ်၊ ကားအပြင်ဘက် ဘာကြောင့်ထွက်လာတယ်ဆိုတာကို သူမရဲ့ကားထဲက Black box ကနေ အဖြေရှာနေကြပါတယ်။ Black Box မှာ အသံဖိုင်မပါတာကြောင့် အမှုရဲ့အသေးစိတ်အချက်အလက်ကို နားလည်ဖို့ခက်ခဲနေကြပါတယ်။

ဒါဟာ လုပ်ကြံမှုတစ်ခုလား၊ သူမရဲ့ပေါ့ဆမှုတစ်ခုလား၊ တကယ်ပဲ မတော်တဆဖြစ်ခဲ့တာလားဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။ ဘာပဲဖြစ်ဖြစ် သေဆုံးသူရဲ့မိသားစုအစား စိတ်မကောင်းဖြစ်မိပါတယ်။

Source; soompi.com

By Paulina