မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး CGI ပြုလုပ်ချက်တွေနဲ့ မြင်တွေ့ရတော့မယ့် “ အနန္တ ” နမူနာ Video

လူငယ်ဒါရိုက်တာ တစ်ဦးအနေနဲ့ နိုင်ငံတကာကို ထိုးဖောက်နိုင်ဖို့ ကြိုးစားနေတဲ့ ဒါရိုက်တာ ညိုမင်းလွင်ဟာ ဒီတစ်ခေါက်မှာလည်း အံ့သြစရာကောင်းလောက်အောင် တီထွင်ဖန်တီးထားတဲ့ “ အနန္တ ” ဆိုတဲ့ သိပ္ပံရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင်မှာ ပရိသတ်တွေရှေ့ကို ချပြတော့မှာဘဲ ဖြစ်ပါတယ်။

CGI အထူးပြုလုပ်ချက်တွေနဲ့ အမိုက်စားပြုလုပ်ထားတဲ့ “ အနန္တ ” ရုပ်ရှင်ဇာတ်ကားကြီးဟာ တကယ်လို့ ရုံတင်လာခဲ့ရင်လည်း ပရိသတ်အားပေးမှု အများဆုံးရရှိနိုင်ပြီး နောင်ကိုလည်း ဒါရိုက်တာ ညိုမင်းလွင်တစ်ယောက် အခုထက်ပိုကောင်းတဲ့ မြန်မာသိပ္ပံရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးလာနိုင်ပါတယ်။

လတ်တလောမှာတော့ “ အနန္တ ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Theatrical Trailer (2) က ထွက်ရှိလာခဲ့ပြီမို့ ပရိသတ်တွေ ရုံတင်မယ့်နေ့ကို စိတ်ဝင်တစားနဲ့ စောင့်မျှော်နေကြပါတယ်။ နိုင်ငံတကာအဆင့်မှီ CGI အထူးပြုလုပ်ချက်တွေနဲ့ ရိုက်ကူးထားတဲ့ “ အနန္တ ” မြန်မာသိပ္ပံရုပ်ရှင် ဇာတ်ကားကြီးရဲ့ Theatrical Trailer (2) Video လေးကို ပရိသတ်ကြီးအတွက် တင်ပေးလိုက်ပါတယ်နော် ..။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။