ဈေးကြီးပေးပြီး ဝယ်သောက်နေကြတဲ့ ငှက်သိုက်အများစုဟာ ဆေးကုလားမတွေပါ

ဆေးကုလားမကို ငှက်သိုက်အားဆေးဆိုပြီး ထိုင်းတွေက ဗမာကို ဂျင်းထည့်ထားတာပါ။

လျှော်ဖြူ ( ခ) ဆေးကုလားမ ( Botanical name = Sterculia versicolor wall) အပင်က ထွက်တဲ့ အစေးကို အရည်အသွေးအလိုက် Grade လေးမျိုး ခွဲထားပါတယ်။ ကြာဇံ ၊ ရေခဲ ၊ ဝါဂွမ်း နဲ့ ဂျွန် လို့ ခေါ်ကြတယ်။ အဲဒီ အထဲက ကြာဇံ အမျှင်ကို ထိုင်းက Traditional Medicine ထုတ်တဲ့ ကုမ္ပဏီတွေက ဗမာပြည် အလယ်ပိုင်းအထိ အသည်းအသန် လိုက်ဝယ်တယ်။ ငှက်သိုက် အားဆေးထဲ မှာ ထည့်ဖို့ ဝယ်တာဖြစ်တယ်။ တစ်ပိသာကို နယ်စပ်ဈေး ကိုးသောင်းလောက် အထိ ပေးဝယ်တယ်။ ငှက်သိုက် ကုန်ကြမ်းက အဲဒီထက် အဆ သုံးဆယ်လောက် ဈေးပိုကြီးပါတယ်။

နောက်ထပ်ဖြစ်ရပ်တစ်ခုအနေနဲ့ 

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် အာရှလမ်းမပေါ်မှာ တပ်ပြည်နယ်ကိုသွားနေတဲ့ ဗင်ကားတစီးပေါ်မှာ ငှက်သိုက် အတုလုပ်တဲ့ ကုန်ကြမ်း ကီလို ၅၀ တင်ဆောင်သယ်ယူလာတာကို အကောက်အခွန်နဲ့ ရဲ စစ်ဆေးရေးဂိတ် အာဏာပိုင်တွေက ရှာဖွေဖမ်းဆီးလိုက်မိပါသေးတယ်။

ကာလတန်ဖိုး ထိုင်းဘတ်ငွေ ၅၀၀၀၀၀ ငါးသိန်းတန်ဖိုးရှိတဲ့ ငှက်သိုက်အတု ကုန်ကြမ်းတွေကို 

ရာဘာနဲ့ သစ်ဆေးတစ်မျိုးကနေ သန့်စင်ထုတ်ပြီး တရုတ်လုပ်ငန်းရှင်တွေကို ရောင်းနေကြတာဖြစ်ပါတယ်။

ပြောချင်တာက ဆေးကုလားမ နဲ့ သန့်စင်ထားတဲ့ ရာဘာစေးတွေကို ငှက်သိုက်ဆိုပြီး ဂျင်းထည့်နေတာ။ ပိုက်ဆံပေါတဲ့သူတွေ အတွက် ပြသနာမရှိပေမယ့် ငှက်သိုက်အားဆေးကို ကောင်းလှပါချည်ရဲ့ ဆိုတဲ့ ကြော်ငြာတွေကိုယုံပြီး ရှိစုမဲ့စု ပိုက်ဆံလေးနဲ့ သက်ကြီးရွယ်အို တွေ လူမမာတွေကို ဝယ်တိုက်နေရတဲ့ အဖြစ်တွေကို ကိုယ့်ပတ်ဝန်းကျင်မှာ မကြာခဏ တွေ့နေရလို့ We Media ရဲ့ ပရိတ်သတ်တွေအတွက် စေတနာရှေ့ထားပြီး ရေးသားဖော်ပြလိုက်ရပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။