မြန်မာ့ အက်ရှင် နှင့် ဆင်ဆာထိခံရတဲ့ သတိ အန္တာရယ်ရှိသည် ရုပ်ရှင်ဇာတ်ကားကြီး

Original Gangster ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နောက်ထပ်တင်ဆက်မူ အသစ်ဖြစ်တဲ့ သတိ အန္တာရယ်ရှိသည် ရုပ်ရှင်ဇာတ်ကားကြီးဟာ 2019 ခုနှစ်မှာ မြန်မာအက်ရှင်ရဲ့ အကောင်းဆူံး ကြိူးစားမူတွေကို ထပ်မံ ဖော်ထုတ်ပြသမယ့် ရုပ်ရှင်ဇာတ်ကားကောင်းလို့ ပရိသတ်တွေ သိကြပါလိမ့်မယ်။

ဒီလို အက်ရှင်ကားကောင်းတွေကို တိုးတက်လာတတဲ့ ခေတ်နဲ့ အမှီ  မြန်မာနိုင်ငံက ကြိုးကြိုးစားစား ရိုက်ကူးထားခဲ့ပေမဲ့လည်း  ဘောင်ကျဉ်းလွန်းတဲ့ မြန်မာရုပ်ရှင် ဆင်ဆာအဖွဲ့ကတော့ သတိ အန္တာရယ်ရှိသည် ရုပ်ရှင်ဇာတ်ကားကို ဆင်ဆာမပေးခဲ့ပါဖူး။ 

ဆင်ဆာဖြတ်ခံရတဲ့ အပိုင်းကို ရုပ်ရှင်ရုံမှာ ပြသခွင့် မရတော့ပေမဲ့ ကိုယ်ပိုင်ပေ့ချ်မှာတော့ ဒီ အက်ရှင် ခန်းလေးကို တင်ထားခဲ့ပါတယ်။

 https://www.facebook.com/2106447992777845/posts/2171717782917532/

ဒီ Original Gangster Crew အဖွဲ့သားတွေဖြစ်ပြီး ပြည်သူ့အချစ်တော် အနုပညာရှင်တွေ ဖြစ်ကြတဲ့ မြင့်မြတ် ၊ အဆိုတော် သရုပ်ဆောင် ယုန်လေး ၊ K ညီ ၊ အောင်လေး ၊ တိုင်ရွန် နဲ့ ခင်ဝင့်ဝါ တို့ရဲ့ ကြိုးစားပုံဖော်မူတွေက ခုလို ဆင်ဆာဖြတ်ခံရတဲ့အပေါ်မှာ ဘယ်လိုမျိူး ရင်ဖွင့်ခဲ့ကြသလဲ..? 

ပရိသတ်တွေကို တဆင့်ဖော်ပြချင်ပါတယ်။ 

Tyron 

ထုံးစံတိုင်း ဆင်ဆာထိပြန်ပီ မော်တော်ပီကယ်ကိုထိုးတဲ့အခန်းပါလို့တဲ့ဗျာ ဘာလို့ထိုးလဲဆိုတဲ့ အကြောင်းရင်းလဲပါနေတာဘဲ ဒါကိုမရဘူးတဲ့ ရဲကိုလုပ်ခွင့်မရှိတာတဲ့ဗျာ

ကျွန်တော်တို့ အားလုံးကြိုးစားထားတာ သဲထဲရေသွန်ဖစ်သွားသလိုဘဲ ရုံတင်ရဖို့ ဝိုင်းဝန်းရံပေးကြပါဦး ......

Action film ပါဆို ရဲနဲ့လူဆိုးfight ရမာဘဲမဟုတ်လား

အက်ရှင်ကားက အသေကြေဖိုက်တဲ့ လူဆိုးတွေပါဆို ရဲလာဖမ်းရင်နည်းနည်းတော့ပြန်ချမှာပေါ့ဗျာ ဒါသဘာဝဘဲလေ 

ဆင်ဆာထုံးစံက အဆုံးမှာ အမြဲ ရဲတွေလာဖမ်းတာထည့်ပေးရတယ် အဖမ်းခံရမှ အဲ့ကားကို ဆင်ဆာပေးတယ် လူဆိုးက ထွက်ပြေးလို့မရဘူး ပတ်စပို့စ် အတု လုပ်တာထည့်လိူ့မရဘူး နိုင်ငံခြားထွက်ပြေးတာလုပ်လို့မရဘူး အဲ့လို အူကြောင်ကြောင် နိုင်တဲ့ အရာတွေအများကြီးပါအက်ရှင်တကားရိုက်ရင်အရမ်းဘောင်ကျဉ်းပါတယ်တောထဲမှာဘဲထိုးလို့ရတယ် တောကားတွေလို

ယုန်လေးကတော့ သူကိုယ်တိုင် ကြိုးစားခဲ့ရတဲ့ ဒီရုပ်ရှင်ကားကြီးမှာ ခုလို ဆင်ဆာထိခံရတဲ့အတွက် ခုလိုရေးသားခဲ့တယ်။

စောက်ကျော  တော်တော်တင်းပါလားကွာ .

ချစ်ဖို့ကောင်းတဲ့  မော်တော်ပီကယ်တွေ အများကြီးပါ .

ဒါက ရုပ်ရှင်ပါ .

Troller တွေကလည်း  တော်တော်တော့ညဏ်ပြေးတယ်နော် haa haa haaa . ဘာပဲပြောပြောသတိအန္တရာယ်ရှိသည်  အဆင်ပြေပြေနဲ့ ရုံပေါ်ကိုရောင်ချင်ပါပြီ . အားလုံး Peace . . .

မင်းသား အောင်လေးဘက်ကတော့ ဒီလိုဆင်ဆာထိမယ်ဆိုတာ သိလိုက်ရတဲ့အချိန် အတော်လေး စိတ်မကောင်းဖြစ်သွားရတဲ့ သူရဲ့ ခံစားချက်တွေကို ပြောပြထားပါတယ်။

 

ထုံးစံတိုင်း ဆင်ဆာထိပြန်ပီ မော်တော်ပီကယ်ကိုထိုးတဲ့အခန်းပါလို့တဲ့ဗျာ ဘာလို့ထိုးလဲဆိုတဲ့ အကြောင်းရင်းလဲပါနေတာဘဲ ဒါကိုမရဘူးတဲ့ ရဲကိုလုပ်ခွင့်မရှိတာတဲ့ဗျာ ကျွန်တော်တို့ အားလုံးကြိုးစားထားတာ သဲထဲရေသွန်ဖစ်သွားသလိုဘဲ ရုံတင်ရဖို့ ဝိုင်းဝန်းရံပေးကြပါဦး ......

 

 ခုလို သူတို့ရဲ့ ရင်ဖွင့်စကားသံတွေမှာ ဖတ်ရှူပေးပြီး နားလည်အားပေးကြတဲ့ ပရိသတ်ရဲ့ အကြံပြူချက်တွေ ဝေဖန်သံတွေကို အမြင်ကျယ်စွာ သိရှိပေးနိုင်ခဲ့ရင် မြန်မာ အက်ရှင်လောကက ခေတ်နဲ့ အမှီ ထိုးဖောက်နိုင်လိမ့်မှာ အသေချာပါဘဲ။ 

 

ဒီဇာတ်ကားရဲ့ ရုံတင်ရက်ကို ပရိသတ်တွေ စောင့်မျှော်ရင်း အားပေးကြဖို့လည်း မမေ့ပါနဲ့ 

 Sourcrs - သတိ အန္တာရယ်ရှိသည်

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။