အမြင်ဆန်းစေပြီး တမူထူးခြားတဲ့အသွင်သစ်နဲ့ Pom Pom မိတ်ကပ်

ပွမ်းပွမ်းမိတ်ကပ်


ပွမ်ပွမ် ဟာ အဝတ်အစားတွေမှာရော၊ အိတ်တွေမှာပါ စသဖြင့် တချို့ Fashionတွေအတွက် သုံးလေ့ရှိပါတယ်။
ခုကကျတော့ ဒီချစ်စရာ ရောင်စုံ ဘောလုံးသေးသေးလေးလို့ ခေါ်တဲ့ ပွမ်းပွမ်းလေးတွေကို မိတ်ကပ်အဖြစ်နဲ့မြင်ယောင်ရမှာပါ။ ပွမ်းပွမ်းမိတ်ကပ်လို့ ခေါ်ကြပါတယ်။ 

နိုင်ငံခြားမှာဆိုရင် တချို့ မိတ်ကပ်ပညာရှင်တွေ၊ Beauty Bloggers တွေဆိုရင် ပွမ်းပွမ်းကို မျက်နှာတွေပေါ်မှာ အလှတရားတစ်ခုအနေဖြင့် တန်ဆာဆင်နေကြပါပြီ။
ပွမ်းပွမ်းမိတ်ကပ်ဟာ ချစ်စရာကောင်းတယ်။ ခေတ်ဆန်တယ်။ ပြီးတော့ သင့်ရဲ့ အဝတ်အစားက လှမနေရင်တောင် သင့်ကို ပိုပြီး Sexy, Stunning ဖြစ်စေနိုင်ပါတယ်။
မနှစ်က နိုဝင်ဘာလမှာကတည်းစပြီးတော့ မိတ်ကပ်ပညာရှင်တွေဟာ ပွမ်းပွမ်းကို မျက်နှာ၊ မျက်ခုံးမွှေး၊ မျက်ရစ်၊ နှုတ်ခမ်း၊ စသဖြင့် တခြားနေရာတွေမှာပုံဖော်ပြီး ခေတ်မှီတဲ့ မိတ်ကပ်ဒီဇိုင်းတစ်ခုအနေဖြင့် ဖန်တီးနေကြပါတယ်။
နောက်ပိုင်းတွေလည်း ဒီမြန်မာပြည်မှာ Trend တခုအနေနဲ့ မြင်ရမယ်လို့ ထင်မိပါတယ်။


Pom pom make up
 
မျက်ကွင်းတွေ ညိုနေပါသလား။ ဒီအတွက် စိတ်ညစ်စရာမလိုပဲ ပွမ်းပွမ်း နဲ့ ဖုံးပြီး မိပ်ကပ်ပုံဖော်လိုက်ခြင်းဖြင့် သင့်ရဲ့ တမူထူးဆန်းတဲ့ မျက်နှာသစ်ကို မြင်ရမှာ အသေအချာပါပဲ။

 

သင့်မျက်နှာပေါ်က ဝက်ခြံတွေ၊ အမာရွတ်တွေ၊ အမဲစက်တွေကြောင့် သင့်အလှတရားကို ထိခိုက်ဖို့ စိတ်မပူပါနဲ့။ ပွမ်းပွမ်းဟာ သင့်ကို ပိုမိုဆွဲဆောင်မှုရှိလာအောင်လည်း ကူညီပေးနိုင်ပါတယ်။

 
ပွမ်းပွမ်းနဲ့ Cover လုပ်လိုက်ခြင်းအားဖြင့် 3D ပုံစံမျိုးကိုလည်း အသွင်တစ်မျိုးဖြစ် ဖန်တီးလို့ပါတယ်နော်။

 


Shooting မှာပဲဖြစ်ဖြစ် Show မှာပဲဖြစ်ဖြစ် သူများထက် တမူထူးခြားချင်တယ်ဆိုရင်တော့ ပွမ်းပွမ်းကို သင့်နှုတ်ခမ်းပေါ်မှာ ခြယ်သဖန်တီးလိုက်ခြင်းဖြင့် ပုရိတ်သတ်တွေကို ဆွဲဆောင်လိုက်ပါ။


 
တီထွင်မှုက ရယ်စရာတစ်ခုလို့မြင်ရပေမယ့် အာရုံတွေကို ဖမ်းစားနိုင်စေမယ့် ဖန်တီးမှုတစ်မျိုးဆိုလည်း မမှားပါဘူးနော့်။
 


မျက်ခုံးမွှေးပေါ် ပွမ်းပွမ်းကို တန်ဆာဆင်ထားခြင်းဖြင့် သင့်အလှတရားကို ပေါ်လွင်ထင်ရှားစေတယ်။ အမြင်ဆန်းစေတယ်။

 
သင့်ရဲ့ လက်သည်းပေါ်မှာလည်း လှပပြီး ခေတ််ဆန်တဲ့ ဒီဇိုင်းတစ်မျိုးပါပဲနော်။


ပွမ်းပွမ်း မိတ်ကပ်ဟာဆိုရင် သင့်ကို အနုပညာရဲ့ ခံစားမှုအသွင်သစ်တစ်မျိုးကို ပေးစွမ်းနိုင်ပြီ ခေတ်ဆန်လှတဲ့ ပုံစံတစ်မျိုးကိုတွေ့မြင်ခဲ့ပါပြီ။
တချို့ မိတ်ကပ်ဖန်တီးမှုတွေနဲ့ မတူညီတဲ့ Trends မျိုးကို ဖန်တီးထားတာပါ။ ကဲ့ သင်ရော ဘယ်လိုလဲ …. တခါလောက် စမ်းကြည့်ကြရအောင်…။