အမျိုးအရင်းကြီးက သစ္စာဖောက်တာခံလိုက်ရတဲ့ Apple

တစ်ခါတစ်လေမှာ အမျိုးအရင်းတွေကပဲသစ္စာဖောက်တတ်တာတဲ့ .. IC Unplugged show မှာ ဦးငဲ ပြောခဲ့တဲ့စကားကိုသတိရမိတယ်။ အခုဒီအဖြစ်လေးကလည်း အမျိုးအရင်းကပဲ သစ္စာဖောက်တာမျိုး .. ဓာတ်သိချင်းကပ်ဖိခံရတာမျိုးဖြစ်နေလို့ပါ။

အမေရိက ဇာတိဖြစ်တဲ့ Apple ကုမ္ပဏီဟာ သူနဲ့ဇာတိမြေချင်းတူတဲ့ Google ရဲ့ ဒဲ့ရှိတ်တာတွေခံနေရပါတယ်။ တိတိကျကျပြောရရင် Google က ထုတ်လိုက်တဲ့ Pixel 3a ဖုန်းထွက်လာအပြီးမှာပေါ့။

ဝါရှင်တန်ဒီစီ မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက Google ဟာ Billboard အကြီးကြီးတစ်ခုထောင်ခဲ့တယ်။ အဲ့ဒီ ဆိုင်းဘုတ်ကြီးမှာ Apple ရဲ့ iPhone X နဲ့ Google ရဲ့ Pixel 3a ဖုန်းတွေကို အပေါ်အောက် ပြထားပြီး iPhone X မှာ တော့ခပ်မည်းမည်းဖြစ်နေတဲ့ background နဲ့ Pixel 3a မှာတော့ ကြည်လင်နေတဲ့ background တို့ကို ပြသထားတာပါ။

ဆိုလိုတာကတော့ Pixel 3a ဖုန်းကင်မရာမှာပါဝင်တဲ့ Google Night Stand feature ရဲ့အစွမ်းကိုထုတ်ဖော်လိုက်တာပါ။ တစ်နည်းအားဖြင့် ပြိုင်ဖက်ရဲ့ အားနည်းချက်ကိုပြပြီး အရှိုက်ကိုထိုးလိုက်တဲ့ပုံစံပေါ့။ နောက်ထပ်ပြောချင်တာကတော့ ဒေါ်လာ ၄၀၀ ပဲတန်ဖိုးရှိတဲ့ Pixel 3a ဟာ ဒေါ်လာ ၁၀၀၀ တန် iPhone X ရဲ့ Low Light Photography ကို နှိမ်လိုက်တဲ့သဘောမှာရှိပါတယ်။ ငါ့ကင်မရာက မင်းကင်မရာထက်ပိုကောင်းတယ်ပေါ့။

တကယ်တမ်းပြောရရင် Pixel 3a ဆိုတာ ဒေါ်လာ ၄၀၀ ပဲတန်ကြေးရှိတဲ့ budget အမျိုးအစားဖုန်းပါ။ iPhone X ထက်ဘယ်အပိုင်းသာလဲမေးရင် ဘယ်အပိုင်းမှသာလွန်တာမတွေ့ရပါဘူး။ ဒါပေမယ့် Pixel 3a ဟာ အရင်ထွက်ခဲ့တဲ့ Pixel 3 စီးရီးစ်ထက် ဈေးသက်သာအောင် processor နဲ့ body ပိုင်းတွေကို quality လျှော့ချခဲ့ပြီး ကင်မရာကိုတော့ advance လုပ်ထားတာဖြစ်တဲ့အတွက် တခြားဘယ်အပိုင်းမှမသာရင်တောင် Camera ပိုင်းက iPhone X ထက်နည်းနည်းလေးသာလွန်သွားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ Pixel 3a က ကင်မရာအားကိုးနဲ့မိုက်ပြီး ပန်းသီးကို ရန်စလိုက်တာပေါ့။

" ဟေ့ကောင် .. မင်းဖုန်းထက်ငါ့ဖုန်းက ပိုမိုက်တယ် "

Gabriel
Source - The Verge

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။