နေခြည်ဦးနဲ့ ကြော်ငြာရိုက်ကွင်းမှာ Ro ရမှာကို  မ Ro ရဘဲ ခွီပဲခွီနေရတယ်ဆိုတဲ့ တိုင်ရွန်

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မော်ဒယ်သရုပ်ဆောင် တိုင်ရွန်ဟာ Fan တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိနေတဲ့ အနုပညာရှင် တစ်ဦးဖြစ်တဲ့အပြင် လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပါတယ်။ ဒါ့အပြင် အမိုက်စား Body ၊ အလန်းစား တက်တူး၊ ချောမောလှပသော ရုပ်ရည်ကိုပါ ပိုင်ဆိုင်ထားတဲ့ တိုင်ရွန်ဟာ  သရုပ်ဆောင်မှုအပိုင်းမှာလည်း အကောင်းဆုံး ကြိုးစားလေ့ရှိတာကြောင့် Fan တွေရဲ့ အားပေးထောက်ခံမှုကို အများဆုံးရရှိနေပါတယ်။ 

တိုင်ရွန်လိုဘဲ အောင်မြင်တဲ့ လမ်းကြောင်းပေါ်မှာ မားမားမတ်မတ်ရပ်တည်နေတဲ့ နေခြည်ဦးကလည်း အနုပညာအလုပ်ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပါတယ်။ နေခြည်ဦးနဲ့ တိုင်ရွန်ဟာ မကြာသေးခင်ကလည်း “ ပုရိသ ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတူ အတွဲညီညီသရုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။  

အခုလည်း တိုင်ရွန်နဲ့ နေခြည်ဦးတို့ သူငယ်ချင်းနှစ်ယောက်ဟာ ကြော်ငြာရိုက်ကူးတစ်ခုမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ရိုက်ကူးနေကြပါတယ်။ ကြော်ငြာထဲမှာက အရမ်းကို Romantic ဆန်တဲ့ အခန်းတွေပါဝင်လို့ သရုပ်ဆောင်ရတာ အခက်အခဲဖြစ်နေတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ အနေရအထိုင်ရခက်နေပုံပါဘဲ။ 

တိုင်ရွန်က သူ့ လူမှုကွန်ယက်ပေါ်မှာ “ Bella cosmetics ကြော်ငြာလေးရိုက်ကူး .. Ro တဲ့ အခန်းတွေရိုက်ရတာ ဒီ Nay Chi Oo မနဲ့ Ro မရ ခွီနေရ ” ဆိုပြီး ရေးသားထားခဲ့ပါတယ်။

အပြင်မှာလည်း အရမ်းခင် သူငယ်ချင်းတွေဖြစ်နေကြတဲ့ တိုင်ရွန်နဲ့ နေခြည်ဦးဟာ ရိုက်ကွင်းပေါ်မှာ Romantic ဆန်ရမယ်ဆိုတော့ ရှက်ပြီး ရယ်နေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း သူတို့ ရှက်ရမ်းရမ်းနေပုံလေးတွေကို အသည်းယားပြီး အချစ်ပိုနေကြပါတယ်။ 

Source; Tyron Bejay FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။