ခံတွင်းအနံ့ကောင်းအောင် ဆောင်ရန်၊ ရှောင်ရန်များ

သွားကြားတွေထဲမှာ အစာညပ်နေတာပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်ဝမ်းတွင်းအပူအောင်းပြီး ပုံမှန်ဝမ်းမသွားဖြစ်တဲ့ အခါတွေမှာ ခံတွင်းနံ့ဆိုးဆိုးတွေ ထွက်တတ်ပါတယ်..။ လူကြားထဲမှာ ယုံကြည်မှုရှိရှိနဲ့ စကားပြောနိုင်ဖို့အတွက် ဒီပြဿနာကို ဘယ်လိုဖြေရှင်းသင့်လဲဆိုတာ ပြောပြပေးပါမယ်…။

(၁) အစာကိုကြေညက်အောင်ဝါးစားခြင်း
ထမင်းကို ဗိုက်အပြည့်စားမိတဲ့အခါ အစာခြေဖို့နှေးသွားတာကြောင့် ခံတွင်းအနံ့ပိုထွက်စေပါတယ်…။ ပြီးတော့ အစာကိုကြေညက်အောင်ဝါးစားခြင်းဖြင့်လည်း ပါးစပ်ထဲမှာ တံတွေးများများဖြစ်ပေါ်လာစေပြီး ခံတွင်းမခြောက်စေဘဲ ခံတွင်းနံ့နံ့ခြင်းကို ကာကွယ်ပေးပါတယ်…။


(၂) တန်ဆေးလွန်ဘေး
အများစုက ခံတွင်းနံ့ထွက်မှာစိုးတဲ့အတွက် ပီကေတွေ၊ သကြားလုံးတွေစားတတ်ကြပါတယ်…။ နည်းနည်းစားမိရင်တော့ ပြဿနာမရှိပေမယ့် တန်ဆေးလွန်ဘေးဆိုသလို သူတို့မှာပါဝင်တဲ့ Sorbitol ဆိုတဲ့ ဓာတ်တစ်မျိုးကြောင့် များများစားမိတဲ့အခါ ဗိုက်အောင့်ခြင်း၊ အစာမကြေခြင်း၊ ဝမ်းပျက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်…။ ဒါကြောင့် အချိုတွေခဏခဏမစားဘဲ အစားစားပြီးတိုင်း ပါးလုပ်ကျင်းခြင်း၊ သွားကြားညက်နေတဲ့အစာတွေကို ကြိုးအသုံးပြု၍ထုတ်ခြင်းတွေ လုပ်ပေးသင့်ပါတယ်…။

(၃)  ရေနွေးကြမ်းသောက်ပေးခြင်း
ခန္ဓာကိုယ်တွင်းအက်စစ်ထွက်ခြင်းလျော့နည်းအောင် အသီးအရွက်၊ ပဲနဲ့ နွားနို့တွေကို များများစားပေးသင့်ပါတယ်…။ နောက်ပြီးတော့ ထမင်းစားပြီး ကော်ဖီတွေ အချိုရည်တွေသောက်တာထက် ရေနွေးကြမ်းသောက်ပေးခြင်းအားဖြင့် ခံတွင်းနံ့ကောင်းမွန်စေမှာပါ…။


(၄) နည်းလမ်းမှန်မှန်နဲ့ ပြောင်စင်အောင်တိုက်သင့်ပါတယ်
သွားကိုမနက်တစ်ကြိမ်၊ ညတစ်ကြိမ်ပုံမှန်တိုက်ပေးရပါမယ်…။ သုံးလတစ်ခါ သွားပွတ်တံလဲပေးသင့်ပြီး နည်းလမ်းမှန်မှန်နဲ့ ပြောင်စင်အောင်တိုက်သင့်ပါတယ်…။ သွားတိုက်တဲ့အခါ လျှာကိုပါတိုက်ပေးရင် အကောင်းဆုံးဖြစ်မှာပါ၊ ဘာကြောင့်လည်းဆိုတော့ အနံ့ထွက်စေတဲ့ ဘက်တီးရီးယားတွေဟာ လျှာပေါ်မှာ ပေါက်ဖွားကြတာဖြစ်ပါတယ်….။

(၅)  ရေတစ်ခွက်အပြည့်ပုံမှန်သောက်ပါ
မနက်အိပ်ယာထထခြင်း ရေတစ်ခွက်အပြည့်ပုံမှန်သောက်ပါ…။ တစ်နေကုန်လည်း ရေကိုများများသောက်ပေးပါ…။ ရေဓာတ်ပြည့်နေခြင်းဖြင့် ခံတွင်းလည်းမခြောက်တော့ပဲ အနံ့ဆိုးမထွက်တော့ပါဘူး…။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။







X